Thursday, September 11, 2008

သို့  … သူငယ်ချင်း ( ၃ )

ဟေ့ … သူငယ်ချင်း …


ငါ့ စာမျက်နှာမှာ


နင့်အပြုံးတွေ စွန်းထင်းလို့ 


နင့် စာမျက်နှာမှာ


ငါ့ရယ်သံတွေ ပွစာကျဲခဲ့ဖူးတာ


မှတ်မိနေသေးလား … ။


ငါဆွဲမယ့် စုတ်ချက်အတွက်


ဆေးစပ်မှားခဲ့တယ်


နင်သိလား … ။


ကားတစ်ချပ် ရေးလက်စ


ဆေးစက်မချဘဲ


အရုပ်ထင်ချင်နေတယ်


နင်သိလား … ။


နင်သိလား


နင်ယုံမလား


ငါလေ


ငါ


စုတ်တံမသုံးဘဲ


ထားခဲ့ချင်တယ်


Masterpiece



တစ်ချပ်လောက်ပါ … ။ ။

12 comments:

Anonymous said...

ဆေးစက်ကျရာ အရုပ်ထင်ပြီး(တကယ်က ဆေးစက်မကျဘဲကို အရုပ်ထင်ချင်နေတာတဲ့ )
:)
ဘ၀မှာရော၊ လုပ်ငန်းခွင်နယ်ပယ်မှာရော Masterpiece လက်ရာကို ပိုင်ဆိုင်နိုင်ပါစေ.. :)
အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲဆုံတွေ့နိုင်ကြပါစေ..။

Anonymous said...

ငါ့ စာမျက်နှာမှာ
နင့်အပြုံးတွေ စွန်းထင်းလို့ 
နင့် စာမျက်နှာမှာ
ငါ့ရယ်သံတွေ ပွစာကျဲခဲ့ဖူးတာ


အဲ့ဒါလေးမိုက်တယ် ချစ်မရေ
နှစ်ယောက်စလုံးအတွက် ပျော်ရွှင်မှုတွေပဲကျန်နေတယ်ဆိုတာကို ပုံဖော်ထားပုံလေးကြိုက်တယ်။

Anonymous said...

Masterpiece ဆိုတာ Drawing လို T နဲ့ ဆွဲရတာလားး သူငယ်ချင်း ကဗျာတွေတော့ဖတ်နေကျ ဒါပေမယ့် ဘယ်သူဆိုတာ မသိ ခုထိ :P

Anonymous said...

သူငယ်ချင်းကဗျာတွေ ကောင်းတယ် အစ်မ၊ အစ်မလိုတော့ ကွန်မန့် မပေးတတ်ဘူးဗျ :)

Anonymous said...

မလေးမ..
စုတ်တံ မသုံးထားတဲ့ masterpiece
မြင်ယောင်ကြည့်ချင်တယ်။
လှမှာပါ။

Anonymous said...

Masterpiece ဆိုတာဘာလဲတော့သိဘူး..
ကဗျာလေးတော့ကြိုက်တယ် ချစ်မ :D :P

Anonymous said...

စုတ်တံမသုံးပဲ လက်ချောင်းလေးတွေနဲ့ ဆွဲလို့ရမယ်လေ ပိုပြီး အမှတ်တရဖြစ်မှာပါ

သူငယ်ချင်းက ဘယ်မှာလဲ

Anonymous said...

တစ်ဘ၀စာ ဆွဲရင်တော့ သေချာပေါက် မာစတာပိစ် တစ်ချပ် ချန်ရစ်နိုင်ခဲ့မှာပါဗျာ :)

Anonymous said...

ဟေ့. သူငယ်ချင်း
ငါ့ဘလော့ဂ်မှာ နင်ဝင်ဖွပြီး
နင့်ဘလော့ဂ်မှာ ငါဝင်စတော့
နင်လည်းပြုံးပြုံး
ငါလည်းပြုံးပြုံးနဲ့
တုံးလုံးလှဲလျက်
အူတက်အောင်တောင်ရယ်ခဲ့ကြသေးတယ်
နင်သိလား...

ဟေ့ သူငယ်ချင်း
မင်းဘယ်သူဘယ်ဝါ
ငါသေချာမမြင်ဖူးပေမယ့်
ငါဘယ်လိုဘယ်ပုံ နေတယ်
မင်းသေချာမသိပေမယ့်
ထူးခြားစွာပဲ ငါမင်းကိုခင်တယ်.
ရင်ထဲကသံယောဇဉ်တွေတင်းသော်လည်း
မင်းဘလော့ဂ်ကို နေ့တိုင်း ငါမလာဖြစ်သလို
ငါ့ဘလော့ဂ်ကို နင်ဝင်ဖို့ ကြာနေတတ်တာလည်း ငါသိတယ်.
ဒါပေမယ့်ဟာ
တစ်ခါဆို ဆိုသလောက်
ငါရေးတဲ့ကော်မန့်တွေက ပြောင်မြောက်နေမယ်ဆိုရင်
ငါနင့်ကို ဘယ်လောက်ခင်တယ်ဆိုတာ နင်သိမှာပါ
သိမှာပါ သူငယ်ချင်းရာ...

ဟေ့ သူငယ်ချင်း
မာစတာပိစ်ဆိုတာ
ဘယ်နေရာမဆို ရှိနေနိုင်ပါတယ်.
မြင်နိုင်တတ်တဲ့ စက္ခု
နုရွစွာခံစားတတ်တဲ့ နှလုံးသားတစ်စုံကိုသာ
မင်းခုံမင်စွာ သိမ်းဆည်းထားတတ်မယ်ဆိုရင်ပေါ့.
ဒီကော်မန့်ကို လက်ချောင်းတွေနဲ့ မရိုက်ဘဲ
နှလုံးသားနဲ့ စွဲခိုက်အောင် ငါရေးသွားခဲ့တယ်
ဒါဟာ နင့်အတွက် ငါရေးချယ်တဲ့ မာစတာပိစ်ကော်မန့်ဆိုတာ
နင်သိလား...
(မသိလည်းနေကွာ... ဒါပဲ.)

:)

(ဈာန်ဝင်သွားလို့ စုတ်တံတစ်ချောင်း လွတ်ကျသွားခဲ့တယ်. လေးမရေ... ဟတ်ဟတ်ဟတ်)

Anonymous said...

ဘလော့ဆိုတာနဲ့ အင်တာနက်ကို အဆက်ပြတ်သွားတာ တော်တော်လေးကြာသွားတယ်.. မရောက်ဖြစ်ခဲ့ဘူး... သူငယ်ချင်း ဆိုတာလေးကို ရောက်ဖြစ်တခိုက် ခံစားသွားတယ်မလေးမရေ....

Anonymous said...

မမ..ရဲ့ သူငယ်ချင်းကဗျာလေးခံစားသွားတယ်..။

Anonymous said...

ကိုရန်အောင် ရေးသွားတဲ့ comment ကလည်း ရေလည်လန်းတယ် =)