Monday, October 27, 2008

တွေ့ ဆုံ အကြွေးပေးခန်း

အိမ်ရှေ့မှာ Notice စာရောက်နေတယ်…။ တက်စ်ထားတယ် လမကုန်ခင်ရေးပေးပါ နော့် :P …. တဲ့ …။ ပြောင်ပြသွားလိုက်သေး… မခန့်တာပြောပါတယ်…။ ဘာအကြောင်းရေးရမှာလဲ… သွားကြည့်တော့ နောက်တီးနောက်တောက်နဲ ဘာ Tag လည်းတော့ မသိပါ .... တဲ့ …။ လူကြီးကို နောက်ပြန်ပြီ …။ သူရေးထားတာ ဖတ်ကြည့်တော့ ကြယ်ပွင့်များနှင့်တွေ့ ဆုံခြင်းလိုလို ဆိုပါလား…။ အဟိ… ဂလို ဆိုတော့လည်း ရေးရပေမပေါ့ ….။ အောက်ဆုံးမှာတော့ “ အပျင်းထူနေတဲ့ အစ်မလေးမ ဆိုပါလား……။ ဘယ်လိုလုပ်သိသွားပါလိမ့်နော် …။ လမကုန်ခင် မြန်မြန် ရေးပေးမှ ဖြစ်မယ်…။ တော်ကြာ နာမ၀ိသေသန ဆိုးဆိုးတွေ အတပ်ခံနေရဦးမယ်…။



ငွေကြယ်ပွင့် လေးမ နှင့် ဂျာနယ်အလစ်သမား မောင်မျိုး တွေ့ ဆုံ အကြွေးပေးခန်း


(၁)
မေး ..........လေးမ (တဂ်ခံရတဲ့သူ ) နဲ့ မောင်မျိုး (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်
ဖြေ...........
အင်တာနက် ရင်ပြင်ပေါ်မှာ ပြေးပြေးလွှားလွှား သွားသွားလာလာလုပ်ရင်း ခင်မင်ခဲ့တဲ့ မိတ်ဆွေတွေပါ ။

(၂)
မေး..........သူ့အပေါ် လေးမရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
ဖြေ.........

1 ရုပ်ရည်ကတော့…… ခပ်ပိန်ပိန် … ကောင်လေးတစ်ယောက်ပါ… နှုတ်ခမ်းမွှေးပါပါတယ်… မယုံရင် သူ့ ဘလော့ဂ်မှာ ကြည့်ပါ… ဓါတ်ပုံတင်ထားပါတယ် …။

2 ရေးတဲ့စာက …… အေးကြည်မ ဆိုတဲ့ ကောင်မလေးကို ဘလော့ဂ်မှာ ဖန်တီးပြီး အင်မတန် အနိုင်ယူတတ်ပါတယ် …။ သူ့ အကြောင်း ကို ရိုးသား ပွင့်လင်းစွာ ရေးပြတတ်ပါတယ်…။
3 ရယ်စရာကောင်းတဲ့ အချက်က …... သူ့ ရဲ့ အလွဲတွေ ဖြစ်ပါတယ်….။
4 မကောင်းတဲ့ အချက်ကတော့ တခါတရံ ဘလော့ဂ်ဂါ မိတ်ဆွေ တချို့ နဲ့  စိတ်ကောက်တတ်ပါတယ်….။
5 နောက်ဆုံးထင်မြင်ချက်ကတော့ …. လူချစ်လူခင် အရမ်းများတဲ့ ဘလော့ဂ်ဂါ ဖြစ်ပါတယ်…။

(၃)
မေး....အမှတ်တရ အဖြစ်ဆုံး လေးမ အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?
ဖြေ.....
မနှစ်က ဇန်န၀ါရီလမှာ မေးလ်နဲ့  လက်ဆောင် ပို့ လိုက်တာပါ…။


(၄)
မေး……အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?
ဖြေ….
တီကြွက်ရေ့ …. ….

(၅)
မေး………သူသာ ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?
ဖြေ….
ဒီမေးခွန်း … ဆင်ဆာဖြတ်ပါတယ်…။ ဘလော့စပေါ့ ဘန်းခံရတာကိုသာ ကျော်ဝင်လို့ ရမယ်…။ ဒီမေးခွန်းကြောင့် ကောင်းကင်ကြီး လေးမကို အင်တာနက် သုံးခွင့်ဘန်းလိုက်ရင် ကျော်ဝင်လည်းမရတော့ပါ…။

(၆)
မေး..... ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ဖြေ....-



(၇)
မေး.........သူက လေးမ ရန်သူဖြစ်နေမယ်ဆိုရင်ရော ?
ဖြေ.........
သူ့ ဘလော့ဂ် မလည်ဘူးပေါ့…။( ဘလော့ဂ် မလည်တိုင်းတော့ ရန်သူ မဟုတ်ဘူးနော်. အတွေး မမှားနဲ့  နော်)

(၈)

မေး....ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?
ဖြေ....
ရန်စလာရင် ရန်သူဖြစ်သွားမယ် …။

(၉)
မေး.... သူ့အတွက် လေးမ ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?
ဖြေ....
လောလောဆယ် သူရေးခိုင်းတာ ရေးပေးတယ်…။


(၁၀)
မေး….. သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?
ဖြေ….
လူရိုးလေးပါ… ။ ဟီး…( ထင်ရတာပဲ.. သမင်သားမစားဘူးလို့ …. ပြောတာပဲ) ။ ညီမလေးတွေ စိတ်ကူးမလွဲကြနဲ့  နော်….။

(၁၁)
မေး..... ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) လေးမအပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?
ဖြေ....
အကောင်းပြောရင် ကျေနပ်စရာလို့  မြင်ပြီး … မကောင်းပြောရင် ရယ်စရာလို့  မြင်ပါတယ်…။


(၁၂)
မေး… ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ လေးမ ရဲ့ characteristic လေးပြောပြပါလား ?
ဖြေ…
လွတ်လွတ်လပ်လပ်တွေး တဲ့ အကျင့် …။

(၁၃)
မေး.... ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?
ဖြေ.....
လွတ်လွတ်လပ်လပ် မရေးရဲတဲ့ အကျင့် ….။

(၁၄)
မေး....ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
ဖြေ....
စိတ်ရော လူရော ပေါ့ပေါ့ပါးပါး ရှိတဲ့ လူစားမျိုး ။

(၁၅)
မေးးး ... ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?
ဖြေ...
နှလုံးသားအာဟာရ ဒါနပြုကြတာ ကျေးဇူးတင်ပါတယ်…။ ကျန်းမာရေးဂရုစိုက်ပါ...။

မောင်မျိုးရေ… သတိတရ ရေးခိုင်းတာလေးကို ကျေးဇူးတင်စွာ ရေးပြီးပြီမို့  ဆက်ပျင်း.. ဆက်ပျောက် … လိုက်ဦးမယ်နော်…။



P.S. နောက်.. ဂျောက်ချရမယ့်သူ စဉ်းစားဆဲ…နော်…. အာရုံရရင် ဂျောက်ချမယ်…။ ဟော စဉ်းစားမိပါပြီ.. မီ... ပါ.. ရွှန်းမီ... ပါ... စုံစီနဖာ စာမျက်နှာက ရွှန်းမီ ကို ဂျောက်ချပါတယ်...။





11 comments:

Anonymous said...

ဂျာနယ်အလစ်မသုတ်ပါဘူး ရွှေပြည်ကြီးက ဂျာနယ်တွေ ဘယ်မှာပဲ အသုံးဝင်တယ်ဆိုတာ သိတယ်ဟုတ် :P ဘလော့ဂ်ဂါ မိတ်ဆွေ တချို့ နဲ့  စိတ်ကောက်တတ်တယ်ဆိုတာက ဟိုဦးကြွက်ကြီးက တစ်ခါခါ အနိုင်ကျင့်တာကိုးဗျ ထင်မြင်ချက် ၅ ချက် အတွက် ကျေးဇူးပါ ကိုယ့်ကိုယ်ကို အခုမှ သေချာ သိသွားသလိုမို့  ဆင်ဆာဖြတ်တယ်တဲ့ အော်...ငါ့နှယ်ဆိုးလိုက်တဲ့ ကြမ္မာ ဥပမာ အနေနဲ့ တောင်မရေးနိုင်ဘူးပေါ့လေး ဟုတ်သား ကောင်ကင်ကြီးက ဦးတွတ်ပီလို သူ့  မယ်မျှင်ကို ထိလို့ ဆိုပြီး ၆ လုံးပြူးနဲ့ လိုက်မှ ဟုတ်ပေ့ ဖြစ်နေအုံးမယ် ပြေးပြီးးး တီကြွက်ရေ့

ရေးပေးတာ ခပ်ပွန်းခပ် :D

Anonymous said...

သာမန်ဆိုရင်တော့ ကျနော်လည်း ဘန်းကျော်နည်း ပြောပြပေးမလို့ ခုတော့ ပြောပါဘူး နော့လေ။ :P ပြောစရာလား။
ညီကြွက်ကို ကောင်မလေးတွေ စိတ်ကူးမလွဲဖို့ ကြေညာပေးထားတယ်ပေါ့လေ။
ဟေ့ကောင် ညီကြွက် ! ကျေးဇူးတင်စကား မပြောသေးဘူးလား။ အမြန်ပြောလိုက်လေ...။
(တရုတ်ကားထဲမှ လေသံနှင့် ပြောသွားသည်) :D

Anonymous said...

အယ်..
စောစောက ကော်မန့်တင်တာ မပေါ်ပါလား.. အယ်ရာ တက်နေတယ်ထင်တယ်။
ဆက်မပျောက်ပါနဲ့ဦး မလေးမရယ်..
မေးထားတာတွေ ဖြေပါ့မယ် =)

Anonymous said...

အယ်..
စောစောက ကော်မန့်တင်တာ မပေါ်ပါလား.. အယ်ရာ တက်နေတယ်ထင်တယ်။
ဆက်မပျောက်ပါနဲ့ဦး မလေးမရယ်..
မေးထားတာတွေ ဖြေပါ့မယ် =)

(ခုတော့လည်း ပေါ်တာ မမြန်လိုက်တာ.. နာမည်တောင် မရေးလိုက်ရသေးဘူး..)

Anonymous said...

နားနားနေနေပဲ ရေးကြတာပေါ့အစ်မရယ်နော် ...

Anonymous said...

ကြာကြာမှ တစ်ခါရေးလဲ ဖတ်ရတာ မိုက်နေတယ် ချစ်မရေ။
ဆက်ပျောက်နေဦးမှာပေါ့။
နောက်ထပ်ပို့စ်ကို ထိုင်မျှော်နေမယ်လေနော်။

Anonymous said...

ငွေကြယ်ပွင့်များကို အားကျသဗျို့ :) :)
တိန်!!! အမယ် ဂျာနယ်လစ်ဆရာလေးက နာ့ကိုပါ ခပ်သွားပါရောလား ဟဟ :D
ကိုကောင်းကင်ကြီး ဘန်းကျော်နည်းက အာဘွားအခါ၁၀၀ တဲ့ :P
JK နော်အစ်မကြီး စိတ်မဆိုးနဲ့ :)

Anonymous said...

သူသည် အမြဲလိုပျောက်နေပြီး တက်ဂ်ခံရမှသာ ပြန်ပေါ်လာလေ့ရှိသည်။
ထို့ကြောင့် သူ့အား များများတက်ဂ်ကြပါကုန်.....
(ဟိ....အချွန်နဲ့ မ သွားခြင်း)

Anonymous said...

မမလေးမနဲ့ မောင်မျိုးတွေ့ဆုံခန်းဆိုရင်တော့ လုံးဝလူစည်ပြီ celebrity တွေချည့်ပဲကိုး ဒါပေမယ့် သူနဲ့သာဆိုတဲ့ မေးခွန်းကြီးကတော့ အတော်ကြောင်တယ်နော်မမ ဘယ်သူစပြီးတီထွင်လိုက်လဲမသိဘူး မီလဲ မမလေးမနဲ့သာချစ်သူဖြစ်ခဲ့ရင် မေးခွန်းကို ဘယ်လိုဖြေမလဲ တွေးတွေးပြီး ရယ်လိုက်ရတာ လွတ်လွတ်လပ်လပ်တွေးတတ်တာတော့ ရိပ်မိပါရဲ့ လွတ်လွတ်လပ်လပ်မရေးရဲသေးဘူးလား ဒါမလွတ်မလပ်ရေးတာလား မွန်တော့ ထင်ပါဘူးနော်

Anonymous said...

ဟားဟား အစ်ကိုတော်ကို ဂျာနယ်အလစ်သမားတဲ့.. ဟိဟိ
မမလေးမရဲ့ လွပ်လွပ်လပ်လပ်တွေးတတ်တာကိုတော့သိပြီးသားပါ.... လွပ်လွပ်လပ်လပ်မရေးရဲဘူးလား.....

Anonymous said...

http://4friends2flip.blogspot.com/2008/11/interview-tag.html
မေးတာတွေ ဖြေပြီးပါပြီ ရှင့် =)