Sunday, June 22, 2008

Blog ရပ်ဝန်းမှ အလွဲလေးများ ( ၂ )

မျက်စိဖွင့်၍ နုတ်ဆက်ပါ


ဒီတစ်ခါ တစ်ကယ် ဆရာ မလုပ်ဘူး …။ သူငယ်ချင်းတွေ ပျော်ပါစေ ပြုံးပါစေတော့ဆိုတဲ့ စေတနာနဲ့  ဘလော့ဂ်ရပ်ဝန်းက  အလွဲလေးတစ်ခု အကြောင်း ပြောပြမယ်..။


ဘလော့ဂ်တော်တော်များများမှာ ... သိကြတဲ့ အတိုင်း ဆီပုံးလို့  ခေါ်ကြတဲ့ cbox လေးတွေ ထားတတ်ကြတယ် …။ အဲဒီမှာ ပို့စ်နဲ့  မဆိုင်တဲ့ အကြောင်းရေးချင်ရင် … မာကြောင်း သာကြောင်း … ဘာကြောင်း ညာကြောင်း လေး ရေးချင်ရင် … လည်သွားတယ်ဆိုတာ သိစေချင်ရင် … ဘလော့ဂ်လင့်ခ်လေး ပေးချင်ရင် … နုတ်ဆက်ချင်ရင် … အဲလို… ရေးချင်တာလေးတွေ .. ရေးဖို့  ထားထားကြတယ်…။ လာလည်တဲ့ သူတွေကလည်း ရေးချင်စိတ်ရှိတာလေးတွေ ရေးရေးသွားကြတယ်…။ အဲတော့ တိုတိုပြောရရင် ရေးသွားကြသည်ပေါ့ …။


အဲဒီမှာ မျက်စိဖွင့်ပြီး ရေးသွားတဲ့သူရှိသလို … မျက်စိမှိတ်ပြီး ရေးသွားတဲ့ သူတွေလည်း တွေ့ ရတယ်…။ ဘယ်လိုလုပ် မျက်စိမှိတ်မှာလဲ … အိပ်ငိုက်နေလို့  လား… ဘာတွေ ညာတွေ အတွေးခေါင်မနေနဲ့ နော် ..။ လေးမ ဆိုလိုချင်တာက ဘာအကြောင်းတွေ ရေးထား … တင်ထားတဲ့ ဘလော့ဂ်လဲ … ဘာစာတွေ ရေးထားသလဲဆိုတာ မကြည့်ဘဲ … ကိုယ်လာသွားတယ်ဆိုတာ သိရင်ပြီးရော … သဘောနဲ့  မျက်စိမှိတ်ပြီး နုတ်ဆက်သွားတဲ့ အခါ ရယ်စရာ.. ပြုံးစရာလေးတွေ ဖြစ်တတ်ပါတယ် လို့  ပြောချင်တာပါ …။


ဟိုးတလောတုန်းက ညစ်ညမ်းဗီဒီယို ဖိုင်တွေ ..ပုံတွေ တင်ထားတဲ့ ဘလော့ဂ် တစ်ခုဟာ ဘလော့တော်တော်များများရဲ့ ဆီပုံးတွေ မှာ " လာလည်ပါတယ်ခင်ည " ဆိုပြီး လိုက်နုတ်ဆက်ပါတယ် …။ လေးမ ဆီပုံးမှာလည်း လာနုတ်ဆက်ပါတယ် …။ လေးမလည်း ကိုယ့်ဆီ လာလည်တဲ့ သူဆီ ပြန်သွားလည်ဦးမယ် ဆိုပြီး ပေးထားတဲ့ လင့် အတိုင်း ချီတက်သွားပါတယ် …။ ရောက်လည်းရောက်ရော ညစ်ညမ်း ဘလော့မှန်း သိတာနဲ့  လှည့်ပြန်မယ်လုပ်ရင်း စပ်စုတတ်တဲ့ မျက်စိက ဆီပုံးကို ရောက်သွားပါတယ်…။ အဲဒီမှာ လေးမ မျက်လုံးပြူးသွားပါတယ် …။ ဆီပုံးမှာ လေးမ နဲ့  သိတဲ့ ညီမလေး တစ်ယောက်က နာမည်နဲ့ တကွ " လာလည်သွားပါတယ်ရှင် " လို့  …လင့်ခ်လေးနဲ့ တကွ … နုတ်ဆက်ထားတာတွေ့ ရပါတယ် ။ အဲဒီ ညီမလေး လုပ်ကြံခံရတာလား … မျက်စိမှိတ်ပြီး နုတ်ဆက်မိတာလား …လို့  ဇဝေဇ၀ါ ဖြစ်ရပါတယ် ရှင် … ။ ဖြစ်နိုင်ချေကတော့ ဖိုင်ဆိုဒ်တွေ လေးပြီး loading နေတဲ့ အချိန်ကို မစောင့်ဘဲ မျက်စိမှိတ်ပြီး နုတ်ဆက်မိသွားတယ် လို့  ထင်ပါတယ်ရှင် …။


နောက်တနေရာမှတော့ မျက်စိမှိတ်ပြီး ချီးကျူးမိသူလေးကိုတွေ့ လိုက်ရပါတယ် …။ ကောင်မလေးတစ်ယောက်က ဘလော့ဂ်ဂါကောင်လေးတစ်ယောက်  တင်ထားတဲ့ ပို့ စ်လေး နဲ့ ပတ်သက်ပြီး ကောင်လေး သိပ်တော်တာပဲ လို့  ရေးသွားတာပါ …။ မနေနိုင်တဲ့ စာဖတ်သူတစ်ဦးက "ခေါင်းစဉ်ပဲဖတ်သလား … ကောင်လေးရေးတာမှ မဟုတ်ဘဲ " လို့  ၀င်ပြောသွားပါတယ် …။       အဲဒီပို့စ်လေးကို ကောင်လေးက ရေးသူနာမည်နဲ့ တကွ တင်ပေးထားတာပါ …။ လေးမကတော့ အဲဒီ အချိန်မှာ ဖြစ်သွားမယ့် ကောင်လေးရဲ့ မျက်နှာကို မြင်ယောင်ကြည့်နေမိပါတယ်…( ငို၍ ရယ် ၍  မရသောမျက်နှာ ဆိုတာ ဒါမျိုးလားလို့ ..) ။ ကောင်မလေး မျက်စိမှိတ်ပြီး နုတ်ဆက်မိလေသလား …။


လေးမ ဒီပို့စ်လေးကိုရေးတာ လှောင်တာလည်း မဟုတ်ဘူး … ပြောင်တာလည်းမဟုတ်ဘူး … ပုဂ္ဂိုလ်ရေးလည်း မပါပါဘူး … ( ရေးထားပြီး တင်သင့် မတင်သင့် တော်တော်စဉ်းစားနေမိလို့  ကြာနေတာပါ ) ။ ဘလော့ဂ် ရပ်ဝန်းမှာ ဒီလိုလေးလည်း လွဲတတ်တယ် … ငါမလွဲအောင်လုပ်မှဘဲ ဆိုတဲ့ အသိလေးတစ်ခုပေးချင်လို့ ပါ …။ အထူးသဖြင့် ကိုယ့်ကိုယ်ကို သတိပေးတာပါ ..


လေးမ ခဏခဏ လွဲတတ်ပါတယ် …။ တနေ့ကပဲ  မင်းကျန်စစ်ကို "ကျန်စစ်ရေ … အသက်ရှိသေးလား " လို့  ဆီပုံးမှာ သွားအော်ပါတယ် …။ နောက်မှ ဆီပုံးက စာတွေ သေချာလိုက်ဖတ်ကြည့်တော့ ကျန်စစ်က လေးမ မရေးခင် ၁ ရက်လောက်ကပဲ ဆီပုံးရှေ့     ငုတ်တုတ်ကြီး ထိုင်ပြီး စာမေးပွဲ ဖြေနေတဲ့ အကြောင်း သူ့ ဘော်ဒါတွေကို အသိပေးထားတဲ့ စာတွေ့ ရပါတယ် … ။ အရှက်ပြေ " ခိုးမချနဲ့ နော် " လို့  နောက်တစ်ကြောင်း ထပ်ရေးခဲ့ပါတယ် …။


အဲတော့ သူငယ်ချင်းတို့လည်း လေးမလို … ဟို မမ/ညီမလေးတွေလို မျက်စိမှိတ်ပြီး နုတ်မဆက်မိအောင်  ဆင်ခြင်နိုင်ကြပါစေ …လို့  ဆန္ဒ ပြုပါတယ် …။ ။


မှတ်ချက် ။ ။ ကာယကံရှင် မမ/ ညီမလေးတွေ စိတ်မဆိုးနဲ့ နော် ...။

22 comments:

Anonymous said...

အဲလိုအလွဲမျိုးတွေအကြောင်းကတော့ အစ်မရာယ် ရေးရမှာပေါ့ ၊ ဒီထက်ဆိုးတဲ့ အလွဲတွေလဲ Cbox ထဲမှာ လာလာလွဲနေကြတာပဲ :D
THS

Anonymous said...

တော်သေးတာပေါ့ ငုတ်တုတ်ကြီးထိုင်နေတာ မြင်သွားပေလို့ပေါ့ ဟင်းဟင်း မဟုတ်ရင်တော့ ဒေါက် ဒေါက် ဒေါက် သိတယ်နော်။ ခုတော့ ကျွတ်ပီ (စာမေးပွဲက) လွတ်ပီ (ထောင်က မဟုတ်) နွေကျောင်းပိတ်ရက် အရသာကို ကောင်းကောင်း ခံစားတော့မှာဗျ။ ဟိုကောင်မလေး အဖြစ်ကိုတော့ ရယ်ချင်သား ဟိဟိ သူတကယ် ကောင်းတယ် ထင်လို့လား မသိ ဟိဟိ။ နောက်ဆို သတိထားဖို့တော့ သိသွားရတယ် အမရေ။

Anonymous said...

ဆင်ခြင်စရာ အမှားလေး တစ်ခုပဲ အမရေ။ ခုတော့ ညီတော် ကျန်စစ်နဲ့ မဆင်မခြင် သောက်နေတယ်။ မလေးမ လိပ်စာတောင် မနည်းမှန်အောင် ရိုက်ဝင်လာရတာ။ ဟတ်ဟတ်

Anonymous said...

Blog ရပ်ဝန်းမှ အလွဲလေးများကို ဖတ်သွားပါတယ်။ မျက်စိဖွင့်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ တခါတလေ မျက်စိမှိတ်ပြီး နှုတ်ဆက်ခဲ့သည်များ ရှိသော်... ငါ့ရည်စားက သူ့ရည်စား ဖြစ်နေတယ်လို့ပဲ.. သဘောထားကြီးပေး ကြပါခင်ဗျာ။

Anonymous said...

blog ရပ်ဝန်းကအလွဲလေးတွေကမှတ်သားစရာတွေပါမမရေ..စိုးမိုးလည်း
ခဏခဏတွေ့ ပါတယ်..ပိုစ့်တွေကိုမဖတ်ဘဲအော်ချင်တာအော်သွားကျတာ
တွေကို..ရီတောင်ရီရတယ်..ဘာဘဲပြောပြောဘလော့လောကလေးကချစ်
စရာကောင်းပါတယ်..အားလုံးပျော်ရွှင်အဆင်ပြေပါစေ...။ :) :)

Anonymous said...

လွဲတာကတော့ ပြောမနေနဲ့ တော့ တစ်ခါခါ “ကဗျာလေးလာဖတ်သွားပါတယ်” ဆိုရင် ဒွတ်ခ ငါလည်း ကဗျာမတင်ရပါဘူးဆိုပြီး ကိုယ့်ပါသာကြောင်တောင်တောင်ဖြစ်သွားတယ် ။ဒီလိုပါပဲ ဖြစ်တက်တဲ့ သဘော လူ့ မနော ဆိုတာ လက်ကိုင်ထားပေါ့ တူမကြီးရယ် :) ရှေ့ လျှောင်အဆင်ပြေပါစေ အပေါ်က ကောင်မလေးပြောသလိုပဲ ဘလော့လောက က ချစ်စရာ ကောင်းပါတယ် နောက်တော့ နောက်တော့ ...... ချစ်စရာကောင်းပါတယ်လို့  :P

Anonymous said...

အင်းနောက်ဆိုဆင်ခြင်မှ..မျက်စိဖွင့်ပြီး...အော်ရမယ်...
ကျေးဇူးမမရေ...ကျေးဇူး...

Anonymous said...

ဘလော့ဂ် 10 ခုလောက် တစ်ခါတည်းဖွင့်ထား နာမည်မှားနှုတ်ဆက် ဖြစ်ဖူးပါတယ်။ ဒါကြောင့် အခု တစ်ခုခြင်းပဲ ဖွင့်တော့တယ် :)

Anonymous said...

အဟုတ်ပဲဗျ.. ကျွန်တော်တော့ ပုံမှန်သွား ဖြစ် လာဖြစ် တဲ့ ဘလော့ဂ်က သိပ်မရှိလို့ အဲလိုတော့ မမှားဖူး သေးဘူး။ ဒါပေမယ့် ဆင်ခြင်သင့်စရာပါပဲဗျာ.:)

Anonymous said...

အမရေ ဒါလေးလဲ ဆင်ခြင်စရာပါပဲ။ ကြုံနေတွေ့နေတာကတော့ ခဏခဏပဲဗျ။ အမလိုလဲ ရယ်ရွန်းဖတ်ရွန်းသဘောမျိုးလေး မရေးတတ်တော့ ရေးလိုက်မှ တမျိုးဖြစ်သွားမှာစိုးလို့ :)
ရှေ့မှာ ရေးထားတာတွေလဲ ရှိသားနဲ့ ကိုနေဘုန်းလတ်စီပုံးမှာတောင် ပြန်လာလည်ဖို့ အတင်းခေါ်နေတာ တွေ့ရရဲ့ဗျာ အဲလိုလွဲသွားတာမျိုးကျ ဘယ်ကောင်းမလဲဗျာ။ အားလုံးအဆင်ပြေပါစေ အမရေ။ ပျော်ရွှင်ချမ်းမြေ့ပါစေ :) ကိုကျန်ရစ်ကြီးလို မလွတ်မကျွတ်သေးတော့ ခွပ်လိုက်ဦးမယ် အမကြီးရေ :D

Anonymous said...

:)

Anonymous said...

အိပ်ချင်မူးတူးနဲ့ ညီမလေး၂ယောက်ကို မှားနှုတ်ဆက်ဖူးတယ်.. ဖြစ်ချင်တော့ နာမည်ချင်း ဆင်နေတော့ နောက်တစ်ယောက်ပါ နာမည်သိသွားရော .. :D ဟီး ..
အစ်ကိုကြီးတွေ မှားချင်ယောင်ဆောင်ပြီး နာမည်တွေ လိုက်မခေါ်နဲ့နော် .. ;-P

Anonymous said...

ဟုတ်တယ်ဗျ မလေးမ ပြောတာမှန်တယ် ဘာပဲဖြစ်ဖြစ်လေ လွဲလွဲလေး တွေက တစ်ချိန်မှာ ရယ်စရာ အဖြစ် ခံစားလို့ ရတာပေါ့..။

Anonymous said...

လေးမရေးတာကောင်းတယ်ဗျာ...နာသာခံခက်လဲမဖြစ်ဘူးပေါ့

Anonymous said...

ကျုပ်ကတော့ အမြဲတမ်း မျက်မှန်ကြီးနဲ့ ပြူးအောင် ကြည့်ပြီးမှ ကော်မန့်ပွတ်တတ်တယ်ဗျို့။ မှားတဲ့အခါလည်း မှားပေမပေါ့ဆိုတာကို ကြောက်လွန်းလို့။

စကားမစပ် တစ်ခုပြောမယ်ဗျို့...။ ကျုပ်တို့ ဆိုက်ဒ်မှာ ကော်မန့် လာပွတ်သွားတဲ့ `ကော်ဖီ´ ဆိုတာကလည်း မလေးမ နာမည်ကြီးနဲ့ဗျ...။ ဘာတွေလည်း သိတော့ဘူး။ ကျုပ်လည်း လည်ထွက်သွားတယ်။

http://layma.blogspot.com/

နာမည်တူ လူမရှားလား၊ နာမည်မတူ လူရှားလား။ တားလည်းတိတော့ဝူး။ ကြောက်လာပြီဗျို့။

ခင်မင်လျက်
ဟန်သစ်ငြိမ်

Anonymous said...

အင်း..နောက်ကို ဆင်ခြင်ရမယ်.. မျက်စိဖွင့်ပြီး နှုတ်ဆက်မယ်နော်.. အဲဒါကြောင့် အမက များသောအားဖြင့် comment ပဲရေးတာများတယ်။ အချိန်ပေးပြီး သေချာဖတ်ပြီးတော့မှပဲ comment ရေးရတာ အဆင်ပြေတယ်မဟုတ်လား.. သတိပေးထားတာတွေအတွက် ကျေးဇူး.. :)

Anonymous said...

ိ အဲ ဒါတွေတင်ဘယ်ကမလဲ စာကြောင်း တစ်ကြောင်းထဲကို copy လုပ်ပြီး cbox တွေမှာ paste လိုက်လုပ်တဲ့ cbox spam တွေလည်း ရှိသေးတယ်။ ကျွန်တော်တော့ သိပ်မမှားဖူးဘူး ဘာလို့လည်းဆိုတော့ reader ကပဲဖတ်ဖြစ်ပြီး ပို့စ်ကို ကွန်မန့်လုပ်ချင်မှ ရောက်ဖြစ်တာ။ တချို့ဘလောခ့်တွေဆို နေ့တိုင်းသာဖတ်တာ သူတို့ ဒီဇိုင်းတွေ ပြောင်းမှန်းတောင် မသိဘူး။ =)

Anonymous said...

>THS ...အစ်မရယ် ရေးရမှာပေါ့တဲ့ ... ရပြီ .. ထောက်ခံမဲ ၁ မဲ ..။ :)
>ကျန်စစ် ... ဒေါက် ပါနဲ့ အေ.. နောက်ဆို မြင်အောင်ကြည့်ပါ့မယ်...။
>အညာသား.. ဟုတ်လား... မူးရင် မလည်နဲ့ ... ဘလော့.။
>ကိုဂျူလိုင် ... သဘောထားကြီးပါ့မယ်ရှင် ...။
>စိုးမိုး ... ဟုတ်ပ ချစ်စရာလေး.. ရယ်လည်း ရယ်ရသေး..။
>မောင်မျိုး ... ဟား..ဟား.. မောင်မျိုး အဖြစ်က ပို ရယ်ရတယ်... ကဗျာ၁ ပုဒ်လောက် အမြန် ကောက်တင်လိုက်ပေါ့ ...။
>စာကလေး ... မငိုက်နဲ့  နော် ..။
>ကိုအတာ ... လေးမ တော့ ၂ ခုတော့ ဖွင့်မိတုန်းပဲ ... ဘယ်တော့ မှားမလဲ မသိ...။
>မှော်ဆရာ ... အမှားကင်း ဘလော့ဂ်ဂါပေါ့ ...။ အမှားချောင်းနေမှာနော်...။
>ညိမ်းညို .. ဟုတ်တယ်... အဲဒီဟာကြီးက အရုပ်ဆိုးလွန်းတယ်...။
>ကိုစိုးထက် ... :)
>ရွှန်းမီ .. အစ်ကိုကြီးတွေကို ရှေ့က လမ်းကြောင်းပေးတာတော့ မဟုတ်ပါဘူးနော်...။
>ကိုလင်းထက် ... မှတ်မှတ်သားသားလေးလည်း ဖြစ်သွားတာပေါ့ ...။
>nhn ... ဟုတ်... လေးမ လည်း ဘာမှ မဖြစ်စေချင်လို့ ...။

>ကိုဟန်သစ် .. မျက်မှန်ကြီးနဲ့  ဆိုတာ ယုံပါတယ်..။
ဒါနဲ့  စကားမစပ် ... စပ်အောင်လုပ်ပြောဦးမယ်... ကိုဟန်သစ်မေးတဲ့ဟာ .. ပြန်ဖြေမယ်နော်..။
လေးမ နဲ့  ကော်ဖီ .. ဘာမှ .. မဆိုင်ပါဘူး...။ ဘယ်လောက်မဆိုင်လဲ ဆိုတော့ လေးမ ကော်ဖီသောက်ရင် ခဏခဏ toilet ပြေးရလွန်းလို့  ကော်ဖီ မသောက်တာ ကြာလှပေါ့...။ မကြောက်ပါနဲ့  တားရယ် ..။ အွန်လိုင်းပေါ်မှာ ဆိုတာ ဂလိုပါပဲ ...။

>မနုစံ .. လေးမ လည်း ကွန်မန့်  ပဲ ချန်တာများတယ်... တူတူပဲ ...။
>တေဇာ .. cbox spam ဆိုတဲ့ အသုံးလေး သဘောကျတယ်...။

Anonymous said...

လေးမရေ...
ဟုတ်တယ်.. သက်ဝေလဲ အလွဲတွေ မဖြစ်အောင် အတတ်နိုင်ဆုံး သတိထားတယ်။
မနုစံပြောသလိုဘဲ... အချိန်ရရင် ရသလောက် စာကို သေချာဖတ်.. ပြီးရင် Comment ရေးခဲ့.. အဲဒါ အကောင်းဆုံးဘဲ..။
တခါတခါတော့လဲ C Box မှာရေးရတာ ပေါ့ပေါ့ပါးပါး ရှိတာကြောင့် Just say Hello... လုပ်မိတဲ့အခါတွေလဲ ရှိပါတယ်.. ဘာဘဲဖြစ်ဖြစ် လေးမ ရေးထာတာကို အပြည့်အ၀ ထောက်ခံပါတယ်..
ရေးသင့်တဲ့ အကြောင်းအရာတွေပါ...။

Anonymous said...

ဟိ....အဲဒီလိုလုပ်မလားစဉ်းစားနေတာ။ဘလော့တွေများတော့ဘယ်ဘလော့ကိုသွားရမှန်း
မသိ။အကုန်လဲလိုက်လည်ချင်။အင်း.......မမပြောမှဆင်ခြင်ရမယ်။အဲဒီလိုအလွဲတွေတောင်
ဖြစ်သွားပြီးပြီလားမသိ.......ဟီး ဟီး

Anonymous said...

>မသက်ဝေ.. ဟီး.. အပြည့်အ၀ ထောက်ခံတယ်တဲ့.. လေးမ တော့ မဲပုံးထောင်လို့ ရပြီ..။ ကျေးဇူးပါ မသက်..။
>ဝေလေး.. ညီမလေးရေ.. မမဆီ အရောက်မြန်လို့ပေါ့.. ဟား..ဟား... တစ်နေ့ တစ်ဘလော့ .. ဘလော့ ဘယ်ရွေ့ မလဲ..။ဖြည်း၂ပေါ့..။

Anonymous said...

The journey of desert was
so rough that the stream
was lost.
And I had a rest
in this shelter and
enjoyed a sweet
glass of water.
.......
:)
you know what... ( it's not mine..)