Wednesday, June 25, 2008

မိုးစက် ရှိုက်သံ ...


အရောင်တွေ ပျယ်နေပြီလား


ငါ ချစ်တဲ့ ကောင်းကင်ကြီး …


မျက်ရည်တွေကြားက မြင်လိုက်တယ် …


နိုးတ၀က် အိပ်မက်ထဲမှာလေ …


ငါဟာ တိမ်လေးအဖြစ်နဲ့ ပေါ့


ခဏ နေတော့ ငွေ့ ရည်ဖွဲ့ သွားတယ် …


ရွာချလိုက်တော့ မိုးစက်တွေ အဖြစ်နဲ့  …


မိုးစက်တွေက တိတ်တဆိတ်


ညည်းရှာတယ်…


အချစ်တွေ ဂူသွင်းခံရတယ် … တဲ့…။


ဝန်ခံချက် ။ ။ ဒီမှာ ကိုရန်အောင် ရေးပေးသွားတဲ့ မှတ်ချက်လေးက စာသားတွေကို ယူသုံးပါသည် ...။

16 comments:

Anonymous said...

ကောင်ကင်ကြီးက အချစ်လှောင်အိမ်ထဲက ငှက်ကလေးလို ခံစားရလို့  နေမယ် :P အိပ်မက်ထဲမှာ ဆိုတော့ “နိုးပလောဗလမ်” ပေါ့ အီးဇီး ဂိုးဝီးလိုက် ဟားဟား တကယ်ခံစားနေရရင် စိတ်ညစ်သွားမှာဆိုးလို့  မစတော့ပါဘူး အဆင်ပြေပါစေ ဂိုဏ်းချုပ်ရေ့ ။

Anonymous said...

အဟမ်း... အရောင်က ဒီအရောင်ပဲ။ သံယောဇဉ်ဘက်က ပိုအားကောင်းလာတာ လေးမရဲ့ :)

Anonymous said...

ခံစားသွား .... အခြေအနေမဲ့လျှက်ရှိ

Anonymous said...

NICE..Really nice..really really nice...chit fri...lov it...I wanna still beside u..the time u feel depress....whatever chit fri...dont give up...cheer up nor...write more n more....(excuse my English)....mi..
PS...just 4 a joke,..
Husband asks, Do you know the meaning of WIFE.
It means...Without Information Fighting Every time!
WIFE says No,
It means ...With Idiot For Ever.

Anonymous said...

မမ..မိုးစက်ရှိုက်သံလေး..ကြားလိုက်ရတယ်..

Anonymous said...

မိုးထဲလေထဲမှာပဲ ကဗျာအရေးကောင်းတဲ့အမကြီးထံမှ နည်းယူသွားပါကြောင်း၊အကြွားထုတ်ထားသော အရင်ဆောင်းပါးကိုလည်း ၂ ကြိမ်မြောက် ဖတ်သွားပါကြောင်း ၊
အခြေအနေ ဆြာမျှားတို့နှင့် ထပ်တူဖြစ်လျက်ရှိ၊ သို့သော် လကုန်ရက်နီးပြီဖြစ်သောကြောင့်
သောကကင်းဝေးလျက်ရှိ :P
ps-ချာမေးပွဲလေး မြန်မြန်ပီးရင်တော့ သိပ်ကောင်းမှာပဲဗျာ :D

Anonymous said...

တခါတလေတော့လည်း အချစ်တွေ ဂူသွင်းခံရတယ်......
အဲစကားလေး မှန်တယ် နော်...ချစ်မ.....

Anonymous said...

အိပ်မက် ပဲဖြစ်မှာပါဗျာ။ ဟုတ်တယ်ဟုတ်လား အစ်မ။ :)

Anonymous said...

ရေဆုံးမြေဆုံးကို ပြန်ရှာဖတ်သွားတယ်။ ဟာဟ ဘာရမလဲ။
ချစ်တဲ့ ကောင်းကင်ကြီးက အရောင်တွေ အမြဲလွင်နေပါစေ အမရေ။
ဒါနဲ့ ရတနာအမွှာလေးတွေ စုမိပါစေလို့ ဆုတောင်းသွားတယ် :P

Anonymous said...

ဂူသွင်းခံရတဲ့ ငါ့အချစ်တွေကို
မင်း...
ထားရစ်တတ်ခဲ့မှတော့ လာမနှိုးနဲ့တော့နော်
ငိုနေတဲ့ မိုးစက်တွေ မရှိုက်မိစေဖို့
ဒီကောင်းကင်ကြီးရဲ့ ရင်ခွင်ထဲမှာ
မျက်လုံးလေးမှိတ်ပြီး ရင်ခုန်လှိုက်မောနေပါရစေ...
ဒါဟာ အိပ်မက်တစ်ခုလေလား...
မမှားတဲ့ သစ္စာတရားက ငါ့ရင်ခုန်သံတွေကို
မှတ်ကျောက်တင်ပါလိမ့်မယ်.
တိတ်တော့နော် မိုးစက်လေးရေ...

(ကျွန်တော်လည်း ဈာန်ဝင်သွားတယ်ဗျာ. ဟတ်ဟတ်..)

ဂွတ်တယ် လေးမရေ.... အားပေးနေတယ်ဗျာ. လေးမကိုရော. လေးမရဲ့ အနှိုင်းမဲ့ ကောင်းကင်ကြီးကိုရောပေါ့...

ခင်မင်လေးစားလျက်

ရန်အောင်

Anonymous said...

အချစ်တွေ ဂူသွင်းခံရတယ်
အချစ်တွေ ဂူသွင်းခံရတယ်
အချစ်တွေ ဂူသွင်းခံရတယ်
မျက်ရည်တွေ ကြားထဲက မြင်လိုက်ရလို့
ကောင်းကင်ကြီး အရောင်ပျယ်နေပြီလို့ ထင်ရတာပါ
အားလုံးအဆင်ပြေပါစေ အစ်မရေ .. ကဗျာတွေလဲ ထပ်ရေးပါဦးဗျို့

Anonymous said...

ကဗျာလေးက ကောင်းတယ်.. စာသားလေးတွေက လှတယ်... :)

ကောင်းကင်ကြီးကအရောင်တွေ မပျယ်ပါဘူး လေးမရယ်တဲ့.. (ဟုတ်တယ် မဟုတ်လား ကောင်းကင်ကြီး.. :D)

Anonymous said...

မလေးမ ရေ . .
အဆင်ပြေရဲ့ လား. .
မီကဗျာ လာဖတ်သွားတယ် နော်..
ကောင်းကင်ကြီးလည်း ကြည်လင်လာဦးမှာပါ.. ။

Anonymous said...

Chit fri...dont show ur kaungkin nor...ahe...he will kill me...ahe....
A man is the head of the family and the wife is the neck.The neck turns the head exactly the way it wants. ............mi..*_^

Anonymous said...

>သားကြွက် ... အမယ် .. ဘာလို့ သူက အချစ်လှောင်အိမ်ထဲက ငှက်ကလေးလို ခံစားရမှာလဲ ..။ တောအုပ်ထဲက ကျား ဆို ဟုတ်တုတ်တုတ် ..။
>ကိုအတာ ... အင်း.. ကိုအတာ ပြောတာလည်း ဟုတ်သား...။
>မျှားပြာ .. လမ်းဘေး ရောက်နေပြီလား..။
>မိ ... I laugh with ur meanings of WIFE . Fri, I love ur words that a man is head & wife is neck . But, think with care , the neck has no intention to change the direction as it has no brain . The brain who live in head ordered the neck to turn the way . If so , who is the most powerful item ? Ha .. ha I don't want to against with u , just thinking as usual. Whatever may be , thz for ur comment .

>စိုးမိုးလေး.. ဟင့်...ဟင့်..။
>ညိမ်းညို .. ဘာနည်းတွေယူသွားတာတုန်း.. မှားမယ်နော် ...။
>မိုးချစ်သူ ... ဆုမွန်လေးရေ ... မမ ထပ်ဖြည့်မယ်နော် ... ဂူသွင်းခံရတဲ့ အချစ်တွေက သံယောဇဉ် အဖြစ် ပြန်ဝင်စားတယ် လို့ ။
>မှော်ဆရာ ... ဟုတ်ပါတယ် .. အိပ်မက်ပါပဲ .. သေချာပါတယ်..။
>ကျန်စစ် ... ပေးတဲ့ဆုတွေ ပြည့်ပါစေကွယ်..။
>ကိုရန်အောင် .. မိုးစက်က တိတ်တော့ နော်...ဆိုကာမှ ပိုငိုချင်သွားပြီတဲ့ ...။
>တင့်ထူး ... ဘိုတင့် ပြောတာလဲ ဟုတ်သား... အမြင်တွေ ၀ါးသွားတာဖြစ်မယ်..။
>မနုစံ ... ဟုတ်တယ်တဲ့ ... ဟုတ်တယ်တဲ့ တော့ ... ဟုတ်တယ်တဲ့ ..မရေ..။
>ရွှန်းမီ .. မီရေ.. အဆင်ပြေပါတယ် မီရေ ... ကောင်းကင်ကြီးလည်း မိုးသားကင်းပါတယ်..။

Anonymous said...

hey chit fri...i can catch up ur feeling on the head and neck..correct..totally correct...fri...i agree with u...and i can also feel ur feeling.....mi