Monday, June 16, 2008
Blog ရပ်ဝန်းမှ အလွဲလေးများ ( ၁ )
 ….ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ် ….
( သီချင်းစာသားလေးပါ … ဘယ်သူဆိုသလဲ …မသိဘူး…FM  မှာ နားထောင်လိုက်ရတာ…။ သဘောကျလို့  ပြန်သုံးလိုက်တာ …။)
ဘလော့ဂ်လောက မူပိုင်ခွင့်နဲ့  ပတ်သက်လို့  နည်းနည်း ချရာလုပ်ချင်တယ်…။
ဘလော့ဂ်တွေ မှာ အကြောင်းအရာ အမျိုးမျိုးကို အခြေခံပြီး စာတွေရေးကြတယ်… ကဗျာတွေ ရေးကြတယ် … မူရင်းတွေရှိတယ် … ကော်ပီတွေ ရှိတယ်…။ မူရင်းကတော့ ရှင်းတယ်…။
ကော်ပီမှာ … ဒီလို အမျိုးအစားတွေ တွေ့ ရပါတယ် …။
၁။ ပြည်သူသိ နာမည်ကျော်စာရေးဆရာ … ကဗျာဆရာ များ၏ စာကို ဝေမျှခြင်း … ( အပင်ပန်းခံပြီး စေတနာနဲ့  မျှဝေ ပေးတာ တော်တော် ချီးကျူး ကျေးဇူးတင်မိတယ် )
၂။ သူငယ်ချင်း … မိတ်ဆွေ များ၏ ကဗျာ …စာကို မျှဝေ အသိပေးခြင်း … ( အဲလိုလူတွေက ဒီကဗျာလေး ကူးသွားမယ်နော်လို့ ခွင့်တောင်းတတ်သလို … ဘယ်သူ့ ဆီက ကြိုက်လွန်းလို့  ကူးလာပါတယ် … လို့  ဖော်ပြထားလေ့ရှိပါတယ်…)
၃။ ရေးသူ အမည်မပါဘဲ ( သို့  ) မသေချာဘဲ ကူးယူဖော်ပြခြင်း …
ပြသနာက နံပါတ် ( ၃ ) မှာ …ရှိနေပါတယ်…။ဖြစ်နိုင်ခြေ ၂ မျိုးရှိတယ် …။ ပထမတစ်မျိုးက တစ်ချို့  လူတွေက ငယ်ကတည်းက နှစ်သက်တဲ့ ကဗျာလေးတွေ့ ရင် ကူးထားတတ်တယ်… ကဗျာဆရာနာမည် ပါချင်မှပါမယ်…။ တစ်ချို့ က မိတ်ဆွေတွေက မေးလ်နဲ့ ပို့     ပေးတာ လည်းရှိချင်ရှိမယ်…။  ဒုတိယ တစ်မျိုးကတော့ သူများရေးတာကို ကိုယ်ရေးသလို လို လုပ်ပြီး တင်တာပဲ … အဲဒီ တစ်ခု နားကိုမလည်နိုင်ဘူး… ဘာအတွက်လဲ ??? …။
 ၃ အတွက် ဖြေရှင်းနည်း…
သင်ဘယ်လို ဖြေရှင်းမလဲ ??? …
လွယ်လွယ်လေးပါ …
"ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ်  " လို့ သာ ဘလော့ဂ်မှာ တင်လိုက်ပါ …။
မြန်မာတွေ မရိုင်းပါဘူး … ။ တောင်းပန်လိုက်ပါ …။ လူသိရှင်ကြား ဘလော့ဂ်မှာ တောင်းပန်လိုက်ပါ … ( မေးလ်ပို့ ပြီး ကြိတ်ရှင်းတာထက် ပိုရိုးသားတယ် လို့  လေးမ ထင်ပါတယ် .. ) ။ လေးလေးစားစား နာမည်နဲ့  တကွပြန်တင်ပေးလိုက်ပါ …။ ဒီလို စနစ်တကျသာ တောင်းပန်ခဲ့ရင် ပြသနာရဲ့ ပွဲကြည့် ပရိသတ်အားလုံးက သင့်ဘက်မှာ ရှိနေကြမှာပါ …။
 ပိုင်ရှင်တွေဘက်က ဖြစ်သင့်တဲ့ အခြေအနေ
ဒေါသ ရှေ့ မထားပါနဲ့ …။ အနုပညာဆိုတာ ရင်ဘတ်ကြီးနဲ့  ဖန်ဆင်းထားရတာ ဆိုတာ နားလည်ပါတယ်…။ အနုပညာ သမားတစ်ယောက်ရဲ့ မာန … ကဗျာ ဆရာ တစ်ယောက်ရဲ့ သစ္စာကိုလည်း သဘောပေါက်ပါတယ် …။ ဒါပေမယ့် လက်တုံ့ ပြန်တာ မမြန်ပါနဲ့  …။ တစ်ဖက်လူရဲ့ ဘလော့ဂ်မှာ ယဉ်ကျေးစွာ အသိပေးပါ …။ ဖြေရှင်းချက်ကို စောင့်ပါ …။ ဖြေရှင်းခွင့်ပေးလိုက်ပါ …။ ကျေအေးပါ … ။
 ဖြေရှင်းပြီးသွားတဲ့ ဘလော့ဂ်တွေ
ဘလော့ဂ် တကာ မလည်နိုင်လို့  သိပ်တော့ များများစားစား မသိပါဘူး…။
သတိထားမိလိုက်တာကတော့ moenyo.blogspot.com  မှာ တင်ခဲ့တဲ့ ခေလွန်း (ညီညီ သံလွင်) ရဲ့ကဗျာ  နဲ့  nyeinnyo.blogspot.com ရဲ့ ပိုင်ရှင် ကိုညိမ်းညို ရဲ့ ဆန္ဒသက်သက်ကဗျာကို ကိုလင်းဦး ( စိတ်ပညာ ) မှာ တင်တဲ့ ကိစ္စတွေ … ဖြေရှင်းခဲ့ပုံတွေ … တွေ့ ဖူးပါတယ်…။ သိက္ခာ ရှိတဲ့ ဘလော့ဂ်ဂါတွေ ဖြစ်တဲ့ အတွက် ပြေပြေလည်လည်ပဲ ကျေလည်သွားခဲ့ကြပါတယ် …။
 ဘလော့ဂ်မှာ ကိုယ်တိုင်ရေးဖို့ အချိန်ကလည်းမရ … ဘလော့ဂ်လေး ပုံမှန် လည်ပတ်နေစေချင်တဲ့ စိတ်လေးရှိလို့  စာလေးတစ်ပုဒ်… ကဗျာလေးတစ်ဆုပ်လောက် ကောက်တင်ခဲ့မိမယ်ဆိုရင်  ပိုင်ရှင် နာမည် မသိရင် မသိဘူး… လို့  ရိုးရိုးသားသား ဖော်ပြပါ …။ သိတဲ့သူ    ၀င်ပြောသွားပါလိမ့်မယ်…။ မတော်တဆ ပိုင်ရှင် ပေါ်လာခဲ့ရင်လည်း ပြန် ဖြေရှင်းပေးလိုက်ပါ …။ လွယ်ပါတယ်…။
 ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ်
လို့…. နော်……။
 မှတ်ချက် ။ ။ ဒီပို့စ်ကို ကိုညိမ်းညို ကဗျာ ကိစ္စ ကတည်းက ရေးဖို့ ရည်ရွယ်ထားတာ… ရာသီစာတွေ ရောင်းနေရတာနဲ့ … အဲ…ဟုတ်ပေါင်  seasonal post တွေ ရေးနေတာ နဲ့  ခုမှ ရေးဖြစ်ပါတယ်…။ ရေးမိတော့လည်း အချိန်ကောင်းပဲ … ဘလော့ဂ်ရပ်ဝန်းမှာ  ပွက်ပွက်ညံနေတဲ့ ကိစ္စ တစ်ခုနဲ့  လာတိုက် နေပြန်တယ်…။ ရှင်းအောင်ပြောထားမယ်နော် ..။ ဒီပို့စ်က အဲဒီကိစ္စကို  ဦးတည်တာမဟုတ်ဘူး…..။ အဲဒီကိစ္စကြီးကိုလည်း လုံးဝ… လုံးဝ … လုံးဝ ၀င်ရောက်စွက်ဖက်  လို စိတ် မရှိဘူး …။ ဘလော့ဂ်လောကမှာ ဖြစ်တတ်တဲ့ အလွဲလေးတွေကို တင်ပြရုံသက်သက်ပဲ …။
ဝန်ခံချက် ။ ။ “ အလွဲ” ဟူသော အသုံးကို မောင်မျိုး ( ရင်တွင်းဖြစ် ) ထံမှ ကူးယူပါသည် …။
28 comments:
Anonymous said...
အဒေါ်ကြီင်္းကတော့နော် ပြောနေရဲ့သားနဲ့  လုပ်ချလိုက်ပြန်ပြှီးး ဟားဟား သားကြွက်တို့ ကတော့ ဂလိုမျိုးပြစ်ချက်တွေကင်းတယ် အဲ့လိုမျိုးလုပ်မိရင်လည်း ကိုယ့်ကိုယ်ကို နေလို့ တက်မှမဟုတ်ဘူး ငယ်ငယ်တုန်းက သူများကစားစရာ ခိုးမိတဲ့ ခလေးလိုဖြစ်မိနေမယ်ထင်တယ် ။ ရှင်းထားတာတွေ ကောင်းပါတယ် ဖြစ်သင့်တယ်လို့ လည်းခံစားမိတယ် ။ စာရေးဆရာကြီးတွေ ကဗျာဆရာကြီးတွေရဲ့ စာကို ဖော်ပြမိရင်တော့ သွားရောက် ခွင့်တောင်းဖို့ ဆိုတာက ဖြစ်မှမဖြစ်နိုင်တာပဲ ဘလော့ဂါ အချင်းချင်းဆိုရင်တော့ ခွင့်တောင်းသင့်တယ် ဂိုဏ်ချုပ်ရေ့ Cheer ;;;; :P
P>S= မောင်မျိုး(ရေတွင်းနစ်) ဆီက ယူသုံးလျှင် အလကားမရပါ လာထား ၅ ကျပ် ပိုက်ချံစုနေတယ် မိန်းမတောင်းမလို့  ဟီးးဟီးးး :)
Anonymous said...
သိပ်ကောင်းတဲ့ တင်ပြချက်ဗျာ.. အခုတင်ပြတဲ့ပိုစ်လေးဟာ. တကယ်တော့ စာရေးသူတွေအားလုံးကို တန်ဖိုးရှိစေချင်တဲ့အတွေး.. စာရေးသူဟာလည်း အခု မလေးမပြောသလိုပဲ လိုက်နာသင့်တယ်.. ဒါမှသာ မိမိရဲ့ကလောင်သွေး ဘယ်အဆင့်ရောက်လဲဆိုတာ သိနိုင်မှာကပေါ့.. ဒီလိုတင်ပြချက်လေးဟာ အင်မတန်မှ လိုက်နာဖွယ်ရာကောင်းပါတယ်.. လေးစားပါတယ် မလေးမ. အနုပညာဆိုတာကို တန်ဖိုးရှိစေချင်တဲ့ အသိစိတ်တစ်ခုနဲ့ ဘယ်သူ့ကိုမှ အားမနာပဲ.. ပြောချင်တဲ့စကားကို မှန်ကန်စွာ သုံးသပ်ပြနိုင်တာ... ဘလော့ညီအကို မောင်နှမများအတွက် မှတ်သားစရာနဲ့.. အသေချာကို အလေးနက်ထားစရာပါ.. မိမိရေးတဲ့ပိုစ်တစ်ပုဒ်မဟုတ်ပဲနဲ့ ကိုယ့်ဘလော့မှာတင်ပြိး မသိတဲ့သူပြောသွားတဲ့စကားအပေါ်မှာ ပီတိဖြစ်တာထက်.. မိမိရဲ့ကိုယ်ပိုင်ပိုစ်ကို ညံ့တယ်လို့ပြောခံရတာ တန်ဖိုးရှိမယ်လို့ယူဆမိပါကြောင်း ပြောကြားပါရစေဗျား.. ပြောလဲပြီးပါပြီ..
Anonymous said...
စတိဖ်ဂျော့က ပြောဖူးတယ် လူတော်တွေကမှီငြမ်းတယ်။ ပိုတော်တဲ့လူတွေက ပေါ်တင်ခိုးချတယ် တဲ့ဗျ။
:P
Anonymous said...
ဟုတ်တယ် ညီမရေ ... အဲ ဒီ ပြဿနာကတော့ ...
ဟဲ ဟဲ ... :)
Anonymous said...
သိပ်ကောင်းတဲ့ ပို့စ်လေးပဲ မလေးမ. ကျွန်တော် ဘလော့ဂါနီတိ အကြောင်းရေးတဲ့ အခါ ဒါလေးကို ထည့်ညွှန်းမယ်.
ခင်မင်လေးစားလျက်
ရန်အောင်
Anonymous said...
လေးမ…
လေးမ ရေးထားတာလေး သိပ်ကောင်းပါတယ်…
မလေး
Anonymous said...
လေးမရေ...
လာလည်ဖတ်ရှုသွားပါတယ်။
ရေးသင့်ရေးထိုက်တဲ့ အကြောင်းအရာလေးပါ။
စေတနာကို လေးစားပါတယ်...
Anonymous said...
မှန်လိုက်လေ ချစ်မရယ်
အနုပညာသမားဆိုတာလဲခက်သား
ကိုယ့်ရင်ဘတ်ထဲက ထွက်လာတဲ့ ကဗျာပဲဖြစ်ဖြစ် စာလေးပဲဖြစ်ဖြစ် တန်ဖိုးထားတတ်ကြတယ်
ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်အမျိုးမျိုးပေါ် အခြေခံပီး ကိုယ်ရေးလိုက်တဲ့ ကဗျာတစ်ပုဒ် စာတစ်ပိုဒ်မှာ
ကိုယ့်ရဲ့ အရိပ်အယောင်တွေအများကြီးပါနေတတ်တာပဲလေ။ အဲ့လိုလှလှပပလို့ ကိုယ့်ဟာကိုယ်တင်စားမိတဲ့ စာတွေဖြစ်လာဖို့ ပေးဆပ်ရတာတွေလဲ ရှိမှာပဲ။ ကိုယ့်ရည်းစားက သူ့ရည်းစားဖြစ်နေတဲ့ကိစ္စမျိုးမှာ ပညာသားပါပါ ဒေါသထိန်းဖို့ဆိုတာလဲ လိုအပ်ပေမယ့် တကယ်တမ်း ရင်ဆိုင်လာရတဲ့ အချိန်မှာ လုပ်နိုင်ပါ့မလားလို့ တွေးရင်း တွေးရင်း တွေးရင်း........ကြိုးစားရဦးမယ် ချစ်မရေ ပြည့်ဝတဲ့လူတစ်ယောက်ဖြစ်ဖို့.....................
Anonymous said...
ဒါလေးတွေဟာ ဘယ်နေရာမှာရေးရေး စာရေးတဲ့လူတယောက်အဖို့ အခြေခံစောင့်ရမယ့် စည်းလေးတွေပါ။ ပြောပြမှ သိရကြတော့မယ်ဆိုရင်တော့လည်း..။
Anonymous said...
ဘလော့ခ်လောကမှာ အဲဒီပြသနာတွေက ရှေ့လျှောက်လည်း ရှိနေဦးမှာပဲ။ လေးမပြောသလို သိက္ခာရှိရှိဖြေရှင်းသင့်ပါတယ်။ တကယ်တမ်း နှစ်ဦးနှစ်ဖက် တောင်းပန်တဲ့သူက တောင်းပန်လိုက်လို့ ကျေအေးလိုက်ရင်လည်း ပြသနာအားလုံးပြီးသွားမှာပဲ။ ဒါမှလည်း အားလုံး စိတ်ရှင်းရှင်းနေလို့ရတာပေါ့။
Anonymous said...
ကောင်းတယ်ဗျ။ လိုက်နာသင့်တဲ့ အချက်တွေပဲ...။ ပြောမသွားရင်တောင်နေပါ အောက်မှာ ဘယ်သူရေးထားတာပါ ဆိုတာလောက်နဲ့တင် လုံလောက်ပါတယ်။ :)
Anonymous said...
သိပ်လိုအပ်တဲ့ အချက်တွေပေါ့ဗျာ။ မှတ်မှတ်သားသား ဖြစ်သွားအောင် Delicious မှာ သိမ်းထားလိုက်ပြီ။
မျှဝေပေးတဲ့ မလေးမ ကို ကျေးဇူးပါ။ :)
Anonymous said...
အရာရာကို အသင့်အတင့်နှလုံးသွင်းတတ်တဲ့ အမကြီးရေ ၊ပြေလည်ရာပြေလည်ကြောင်း နည်းလမ်းကောင်းလေးတွေချည်းပါပဲ ကျေးဇူးတင်ပါတယ်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ
:) :) :)
Anonymous said...
လက်ဖက်ခြောက် နည်းနည်းလောက် :P
Anonymous said...
ညီမရေ ...
ကိုစတန်လေဆီ မှာ ကျွန်တော့် အကြောင်း ပေါက်ကရ ရေးသွားတဲ့ လူက လင့်ခ် ကို ဒီလင့်ခ် ချန်သွားတယ် ... ကိစ္စ မရှိပါဘူး ကျွန်တော် က သိပြီး သား တစ်ခြားလူတွေ အထင် မှားကြ မှာ စိုးလို့ လာပြောပြတာ ...
အဆင်ပြေပါစေ ဗျို့ ... ကျွန်တော် နားနေတယ် ... တာ့ တာ ..
Anonymous said...
ဆောရီး
http://layma.blogspot.com/
ဗျ ...
Anonymous said...
မှန်ပါ့ မှန်ပါ့။ အစ်မရဲ့စေတနာကို လေးစားမိပါ၏။
Anonymous said...
ဟုတ်မမရေ..အဲဒီလိုအလွဲလေးတွေက...ငါ့ ရည်းစားက..သူ့ ရည်းစားဖြစ်နေတယ်..
မမ..ကဘာရေးရေးကောင်းတယ်နော်,... :P
Anonymous said...
=) . . . totally agree with u, sis!
Anonymous said...
>သားကြွက် .. မိန်းမ ယူဖို့  ပိုက်ဆံ စုနေတာ ဘယ်လောက်ရပြီလဲ ...။
>foolbag ... ဘယ်သူ့ကိုမှ အားမနာပဲ.. ပြောချင်တဲ့စကားကို မှန်ကန်စွာ သုံးသပ်ပြနိုင်တာ ...လို့  ရေးသွားတာ လေးမရဲ့ စိတ်ကို ဖတ်သွားသလိုပါပဲ ...။ မှန်တာကို ၀န်ခံရရင် ဒီပို့ စ်ကို မရဲတရဲနဲ့  တင်လိုက်တာပါ .. ။ မှန်တိုင်းလဲ မကောင်းဘူးဆိုကြသကိုး...။
>ကိုသင်္ကြန် .. ကို အတာကြီးက ဘယ်လို လူလဲ ... လူတော်ကြီးလို့  ထင်တယ်..။
>ကိုစိုးထက် ... ဟုတ်တယ် ... ကိုစိုးထက်ရေ ... အဲဒါကတော့ ... အဲဒီလို ... အဲဒါကြောင့် ...။ လေးမ ကို အထင်လွဲကြမှာကို ပူပန် စိုးရိမ် စိတ်နဲ့  လာသတိပေးတာ ကျေးဇူး အများကြီး တင်ပါတယ်ရှင် ..။ ရေးသူ လေးမ ဟုတ်မဟုတ်တော့ လေးမ ရှင်းစရာ မလို ဘူးထင်ပါတယ် ...။ လေးမ ဘော်ဒါတွေထဲ မှာ မူလတန်းကလေး မပါဘူးလို့ ဘဲ ယူဆပါတယ်...။
>ကိုရန်အောင် ... အသိအမှတ်ပြုတာ ကျေးဇူးတင်ပါတယ်...။
>မလေး ... အရှည်ကြီး ရေးထားတာဆို ... လေးမ တွေ့ တာတော့ ဒီ တစ်ခုတည်း...။
>မသက်ဝေ ... ကွန် မန့် ရေးဖို့  ခက်တဲ့ လေးမ ဘလော့ဂ်မှာ ရအောင်ရေးပေးသွားတဲ့ မမသက်ရဲ့ စေတနာကို လေးမ ... လေးစား ကျေးဇူးတင်လျက် ...။
>chaos ... ဒီလိုပါပဲ ညီမလေးရယ် ... ပြည့်ဝဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ ...။ ဒါပေမယ့် အချိန်နဲ့  အမျှ ရင့်ကျက်လာပါလိမ့်မယ်...။
>မပန် ... ပြောပြမှ သိရကြတော့မယ် လို့ တော့လည်း မဟုတ်ကြပါဘူး ...။
>မနုစံ ...ဟုတ်တယ် ... မရယ် ..။ စိတ်ရှင်းရင် နေလို့  အကောင်းဆုံးပဲ ...။
>အိပ်မက်နက် ... အနက်ကြီး ... ရဲ့ ကွန် မန့် အတွက် ကျေးဇူးတင်ပါတယ် ..။
>မှော်ဆရာ ... သိမ်းသွားတဲ့ အတွက် ကျေးဇူးပါ ...။ ရေးရတာ အားရှိသွားပြီ ..။
>ညိမ်းညို ... ၄ ခုတောင်တွေ့ တယ်... ပုံစံ အမျိုးမျိုးနဲ့  ရယ်ပြနေတာ ပဲ ကွာလို့  တစ်ခုပဲ တင်လိုက်တယ်နော်..။
>မျှားပြာ .. အတွေးတွေ ဆူပွက်သွားပုံရတယ်...။
>အညာသား ... ထောက်ခံမဲ ပေးတာ ကျေးဇူးပါ အညာသား..။
>စိုးမိုးလေး ... ညီမလေး နော် ... မမကို မမြှောက်နဲ့ ... မမ ခေါင်းဆောင့် သွားပြီ ..။
>ရွှန်းမီ ... သဘောတူရင် လက်ခုပ်တီးပါ ...။
Anonymous said...
ခုမှစတဲ့ဝေလေးဘလော့လေးအတွက်မှတ်သားစရာပါပဲ။ကျေးဇူးဗျ..........သိလားမမလေးမ
Anonymous said...
ဝေလေး... ညီမရေ.. ဒီအလွဲလေးတွေ မှတ်သွားသလား.. ကျေးဇူးညီမရေ..။
Anonymous said...
Who else thinks that Russia bears walking the streets, and the vodka flows like water?
And anyone can know that in this country the most beautiful girls?
Anonymous said...
Hi there, I hackneyed up your blog via Google while searching intended for the benefit of earliest shelved for a marrow bout and your pass on looks straight up captivating on me
Anonymous said...
Hi there, I begin your blog via Google while searching in retribution for senior prod appropriate to the factually that a callousness engage in mel‚e and your direct looks very exciting for me
Anonymous said...
Hi there, I bring about your blog via Google while searching intended for gold medal grant-in-aid for a generosity bout and your register looks plumb interesting for me
Anonymous said...
Hi there, I found your blog via Google while searching doomed for the benefit of basic prod representing a callousness fit and your transmit looks sinker captivating for me
Anonymous said...
Hi there, I set up your blog via Google while searching for earliest prod due to the event that a marrow condemn and your mail looks straight up stirring in return me