Wednesday, April 30, 2008

ကြာပြီ

အသည်းအသန်
အလုအယက်
တိုးဝှေ့  ခုန်တက်နေတဲ့
နာနာကျင်ကျင် ညည်းသံတွေ
ဝမ်းနည်းပက်လက်ရှိုက်သံတွေ
စေ့ထားတဲ့ တံခါးနှစ်ချပ်
နှတ်ခမ်းနှစ်ရွက်က
ပွင့်ထွက်မသွားခင်
အချိန်မှီကလေး
မျိုမျိုချခဲ့ရတာ
ကြာ…လှ…ပေါ့ … ။ ။

11 comments:

Anonymous said...

အချိန်မှီကလေး မျိုချရတာ
အချိန်လွန်မှ ငိုရတာ
အချိန်တန်တော့လည်း ...........
အဲ့ဒီအချိန်တန်ဖို့လည်း
ကြာ...လှ...ပေါ့...

Anonymous said...

မျိုးချသင့်တာလား မမျိုချသင့်တာလားတော့ မသိ
မျိုချရတာ များလွန်းလို့  လည်ချောင်းထဲမှာ နင့်နေတယ် ။
အရိုးကလည်းပါသေး နော့် :P
တံခါးနှစ်ချပ်
နှတ်ခမ်းနှစ်ရွက်ကို သွားမဖွင့်လိုက်နဲ့ နော် စားသတိ သွားသတိ အခန့် မသင့်ရင် ခလုတ်တိုက်တက်တယ်တဲ့ဗျ ။

Anonymous said...

လေးမရေ.. ကဗျာလေးလာဖတ်သွားတယ်။ စိတ်ညစ်နေလား??? အားလုံး အဆင်ပြေပါစေညီမလေးရေ.. :)

Anonymous said...

မျိုချလိုက်ပြန်ပြီလား အစ်မ ၊ စကားလုံးဆိုးဆိုးတွေ မပြောပဲ မျိုချလိုက်ရုံနဲ့ ဘယ်သူမှ အစာအိမ်ကို ထိခိုက်မှာ မဟုတ်ပါဘူးတဲ့ ကျွန်တော်ပြောတာမဟုတ် ၊ စာအုပ်ထဲမှာ ဖတ်ဖူးတာ ၊ အဆင်ပြေပါစေ အစ်မ။

Anonymous said...

အမလေးမရေ ရေးသမျှကဗျာတွေက ရိုးရိုးရှင်းရှင်းလေးနဲ့ စွဲမက်စရာလေးတွေချည်းပဲ။ အတုယူသွားပါတယ်။ ဘိုတင့်ကြီးရေးခဲ့တာကိုလဲ သဘောကျမိပါရဲ့။ စကားလုံးဆိုးဆိုးတွေ မပြောပဲ မျိုချလိုက်ရုံနဲ့ ဘယ်သူမှ အစာအိမ်ကို ထိခိုက်မှာ မဟုတ်ပါဘူးတဲ့ ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)

Anonymous said...

မမ..ဒီတစ်ခါမျိုမချဘဲပြောကြည့်လိုက်ပါလား..စိတ်ထဲပေါ့ပါးသွားတာပေါ့...
:) :P

Anonymous said...

ကြာတတ်တာတွေမကြာရစေဖို့ ...ကြာတွေလှုပြီးဆုတွေတောင်းရမလားမသိပါဘူးလေးမရေ...

Anonymous said...

comment ဖတ်လည်းမြိုချတာ
တခုပဲနားလည်တယ်....အဟီးးး...
နင်ဘာတွေရင်ခံနေတာတုန်းဟ....မြိုမချနဲ့....
ဗိုက်ထဲမှာရှုပ်နေအုန်းမယ်...ထွေးထုတ်လိုက်...
မိ

Anonymous said...

အစ်မရေ..
ဖတ်ပြီး မီလဲ တော်တော်နင်နေတာကို သတိထားမိတယ်.. (ရင်ပြည့်ပြီး မူးလိုက်တာ)
ကိုယ့်ဘာသာကိုယ် မေ့ပစ်ခိုင်းခဲ့တာ ကြာပြီ

Anonymous said...

ကြာ…လှ…ပေါ့ …

Anonymous said...

အမလေးမ ကြာပီလားဗျ ..... ဒါဆိုခုကော ခြေနေက ကေပီလားဗျ...းP