Thursday, May 01, 2008

ဘလော့ဂ် ရပ်ဝန်းမှာ တစ်နှစ်တာ …





Blogspot …. wordpress … iblogger … ဘယ်ရွာကိုပဲပြောင်းပြောင်း ဘယ်အိမ်မှာပဲနေနေ … လေးမ အတွက်တော့ ဘလော့ဂ်ရပ်ဝန်း မှာ ထင်ရာစိုင်းနေခဲ့တာ တစ်နှစ်ကြီးများတောင် ပြည့်သွားပြီ..။

၂၀၀ရ မေလကုန်ခါနီးက စခဲ့တာဆိုတော့ ၂၀၀၈ မေလကုန်ခါနီးဆိုရင် တစ်နှစ်ပေါ့ …။

ဒါပေမယ့် မေလဆန်းမှာပဲ အမှတ်တရပိုစ့်လေးတင်လိုက်ပါတယ်…။

ဘာလို့လဲဆိုတော့ သိတော်မူကြတဲ့အတိုင်း ဒီက connection က အစိုးမရဘူးလေ..။ မေလရောက်ပြီဆိုတော့ ( မိုးတွေကရွာ .. မုန်တိုင်းကရှိ…အဲ…အဲဒါ..ကို ဆိုလိုတာပါ…) connection က ပြုတ်ချင်ပြုတ်မှာ … ရေအောက်က cable ကြိုးတွေက ပျက်ချင်ပျက်မှာ … server က ဒေါင်းချင်ဒေါင်းမှာလေ…။

လေးမက တစ်နှစ်ပြည့် အမှတ်တရအနေနဲ့  သူငယ်ချင်းတွေရဲ့ ကွန့် မန့် လေးတွေကို ( အားလုံးပေါင်း ၉၃ - ၅) slide show လေး လုပ်ထားတာဆိုတော့ မတင်ရရင် ကလိ… ကလိ နဲ့ တော်တော် အခဲမကျေ ဖြစ်မိမှာ …။

အဲလို ကိုယ့်စိတ်ကိုယ် အတွင်းကျကျသိလို့ လကုန်ထိမစောင့်တော့ဘူး… ။ မေဒေး နေ့ မှာပဲ Happy Bitrhday လုပ်လိုက်တယ်…။

Happy Birthday , one-year old my Virtual World !!!

P.s. မုန့်ကျွေးရန် ပက်ကျံ မရှိပါ..။

ဝန်ခံချက် ။ ။ မလေး(မအိမ့်ချမ်းမြေ့ ) ဘလော့ဂ်မှာ comment တွေကို slide show လေးလုပ်ထားတာကြည့်ပြီး အရမ်းသဘောကျလို့ မလုပ်တတ်လုပ်တတ်နဲ့ အတုခိုးပါသည်..။

24 comments:

Anonymous said...

တစ်နှစ်ပြည့်ပြီပဲ ကြိုးစားပေါ့ ခလေးမ ရယ် ဘကြီးတို့ ရွာက နည်းနည်းတော့ ကြမ်းတယ်လေ :P။
တစ်နှစ်ပြည့်မှသည် နောက်ထပ် နှစ်ပေါင်းများစွာ ပျော်ရျွင်စွာနဲ့  ဆက်လက်ဘလော့နိုင်ပါစေဗျာ ဂိုဏ်ချုပ်ရှိရင် ရေးရတာပျော်တယ် အမြဲ အားပေးစကားပြောတာတွေ အတွက်လည်း ကျေးဇူးအထူးပါဗျာ။
Happy Birthday Virtual World မှ ဒေါ်လယ်ကွင်းး ( Queen) ။
P>S=မေလမှာလာမယ့် ဦးမုန်တိုင်းကို ဒေါ်စိုင်ကလုန်း ကနိုင်တယ်တဲ့ဗျ ဆောင်ထားပါလားး :)

Anonymous said...

Happy Birthday , one year Virtual World !!!!
နောက် လပေါင်း ၊ နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ပါစေ ခင်ဗျာ ။

Anonymous said...

Blogspot အစ၊ Wordpress အလယ်၊ iblogger အဆုံး ဘလော့ခ် အဆက်ဆက် အောင်မြင်ကျော်ကြားလာတဲ့ “Layma's Virtual World"ပေါ့နော်... :D တနှစ်ပြည့်သွားပြီဆိုတော့ ၂ နှစ်သားဖြစ်မယ့်ဘလော့ခ်လေးအတွက် အားယူရင်း ပို့စ်ကောင်းလေးတွေ ဆက်လက်ရေးသားနိုင်ပါစေ....

**ပက်ကျံမရှိပေမယ့် ပိုက်ဆံတော့ ရှိတယ်ဟုတ်.. အမတို့ကို မုန့်ကျွေးလိုက်ပါလေးမရယ်.. ကုသိုလ်ရပါတယ်.. နော်.. :D

Anonymous said...

Happy Birthday ပါ.. မလေးမ ရဲ့  ဘလော့လေး ရေ..
အမြဲတမ်း လာအားပေးနေတာ ကျေးဇူးပါ..
အစ်မဆီ စာလာဖတ်ရင် တစ်ခုခုတော့ တွေးစရာ ရတယ်.. လာလည်ရတာပျော်တယ်..
အဆင်ပြေပြေ ဆက်ရေးနိုင်ပါစေ နော်..

Anonymous said...

အမလေးမရေ အမရဲ့ ဘလော့တစ်နှစ်ပြည့်မွေးနေ့အတွက် ဂုဏ်ယူပါတယ်ဗျာ :) တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ပါစေ :) :) ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

Anonymous said...

အစ်မ ဘလော့ဂ်ရဲ့ ပို့စ်အသစ်တွေကို စောင့်စောင့်ဖတ်ရင်း၊ အိမ်ပြောင်းတဲ့နောက် တကောက်ကောက်လိုက်ရင်း တစ်နှစ်ကုန်သွားတာ မြန်လိုက်တာနော်။ အမြဲတမ်း ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂ်နိုင်ပါစေ။ Happy Birthday Layma's Virtual World!!

Anonymous said...

ဟယ်...တနှစ်တောင်ရှိပြီလား...wow..နင်တော်တော်ရေးနိုင်ပါလား...တယ်ရင်းရေ...ပျော်ရွှင်စွာနဲ့...ဆက်ပြီးတော့အသစ်အသစ်တွေဆက်ရေးအုန်း...ဒီ Blodg ကိုတော့ဖျက်ရဘူးနော်....မိ..

Anonymous said...

ံhApPy AnNiVeRsArY ပါ `မ လေး မ´ ရေ။ ခင်ဗျားနာမည် `မလေးမ´ ကိုနောက်ကဖတ်လည်း ဒီအတိုင်းပဲနော်။

သက်တော်ရာကျော်ရှညညညညညညညည်.... ပါစေ။

Anonymous said...

ပက်ကျံရှိဘူးလား ဟတ်ဟတ် ပြည့်သွားပီ မျက်စိရှေ့မှာတင်နော် :P
နောင်လည်း လှလှပပလေးတွေရေးနိုင်ပါစေဗျာ ..။

Anonymous said...

HAPPY BIRTHDAY..LAYMA'S VIRTUAL WORLD*******
မမရဲ့ ဘလော့လေးထဲကတင်သမျှပို့ စ်တွေကိုစောင့်ဖတ်ရင်းနဲ့ အားပေးနေမယ်နော်...ဆက်လက်၍ဘလော့နိုင်ပါစေ..
:) :) :)

Anonymous said...

အမရေ...ခုလိုအမှတ်တရလေးလုပ်ထားတာအရမ်းဝမ်းသာပါတယ်ဗျာ...
အမရဲ့အမှတ်တရလေးတွေထဲမှာ စာကလေးလဲပါတယ်ဆိုတော့ပိုလို့တောင်ဝမ်းသာပါတယ်ဗျာ...
တစ်နှစ်ပြည့်မှသည်...နောင်နှစ်ပေါင်းများစွာ...ပိုစ့်ကောင်းလေးများစွာရေးနိုင်ပါစေဗျာ...

Anonymous said...

ပြုတ်ပီးရင် ဒီပွဲအတွက် ဝက်သားဒုတ်ထိုးလုပ်ကြွေးမယ်။ တစ်နှစ်ပြည့်အမှတ်တရအတွက်။ ဟုတ်ပီလား တီလေး..။ :P

Anonymous said...

အော်... တနှစ်တောင်ပြည့်ပြီလား။
တနှစ်သားမှသည် နောင်နှစ်ပေါင်းများစွာထိ
ရေးနိုင်ပါစေ။

Anonymous said...

တစ်နှစ်မှ .. နှစ်ပေါင်းများစွာ အဒွန့်ရှည်ပါစေ လေးမရေ..
စလိုက်ဒ်ရှိုးလေးလဲ ကောင်းတယ်.. စုံတယ်.. မလေးတော့ လုပ်ရင်းတစ်ဝက်နဲ့ရပ်နေတော့ လေးမလောက် မစုံး)

ချစ်တဲ့ မလေး

Anonymous said...

နင်ကြိုက်လိမ့်မယ်...အဟီး...ကိုကောင်းကင်ကိုယ်စားနော်...

Anonymous said...

်အစ်မရေ အစ်မ တက်ဂ် ထားတာ မရေး ဖြစ်သေးလို့ မျက်နှာပူတာနဲ့ လာလာပြီး တိတ်တိတ်လေး ပြန်ပြန်သွားနေတာ။ အခုတော့ မွေးနေ့ဆိုတော့ ၀င်ဆုတောင်းပေးသွားပါတယ်။ အစ်မရဲ့ သစ်ပင် ဒီထက်ပိုပြီး အကိုင်းအခက်တွေ ဝေဆာနိုင်ပါစေ။ (ဒါမှ ဇီးကွက်လည်း နေ့ခင်းဖတ်ဆို လာလာနားလို့ ရမှာ :P)

Anonymous said...

ဂုဏ်ယူပါတယ်အမလေးမ...:)
တစ်နှစ်ပြည့်မှသည် ဘလော့လေး ဆက်လက်ဝေဆာနိုင်ပါစေရှင်...၊

Anonymous said...

တနှစ်သား ဘလော့သစ်ပင်လေး နှစ်အဆက်ဆက် ဆက်လက် ရှင်သန် စိမ်းလန်းဝေဆာ ပါစေ.. အင်ကြာပျက်ကြီးလဲ အမြန်ဆုံး ပြန်ကောင်းပါစေ… မလေးမရေ

Anonymous said...

ဒီဘလော့သစ်ပင်လေး ဘယ်ဥတု ဘယ်ရာသီ ဘယ်မုန်တိုင်း ဘယ်လေပြင်း တိုက်တိုက် မပြိုမလဲ ထာဝရ တည်နေနိုင်ပါစေလို့ ဆုတောင်းလိုက်တယ် အမလေးမရေ။ တစ်နှစ်လုံးလုံး အစကို မမှီလိုက်ပေမယ့် သုံးပုံနှစ်ပုံလောက်တော့ ကျွမ်းဝင်ခဲ့ပါတယ်။ အရေးအသား ဆန်းသစ်တဲ့ မလေးမ ၊ ပျော်တတ်တဲ့ မလေးမ ၊ ခင်မင်ခဲ့ကတည်းက အားကျခဲ့တယ်။ ဖတ်ရင်း အားတက်ခဲ့တယ်။ အကိုင်းအခက်စုံတဲ့ ဒီဘလော့သစ်ပင်လေး နောင်နှစ်ပေါင်းများစွာ ဝေဆာလှပနေပါစေဗျာ...

Anonymous said...

အိုကေရဲ့လား
သတိရလို့ စိတ်ပူတာနဲ့ လာကြည့်တယ်

ကျုပ်လည်း ရန်ကုန်ရောက်လာမယ်ဗျ

သင်ကာ

Anonymous said...

ညီမလေး လေးမရေ...
နောက်ကျ ဆုတောင်းအတွက် ဆောရီးပါနော်...
တနှစ်ပြည့် မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပျော်ရွှင်စွာ ဘလော့ဂ်နိုင်ပါစေ လို့ 
ဆုတောင်းပေးပါတယ်နော်...

Anonymous said...

မလေးမရေ ဟက်ပီဘက်ဒေးနော်
ဘလော့တောင် တစ်နှစ်ပြည့်သွားပြီပေါ့နော်
မလေးမ ကွန်မန့်တွေကို ဖတ်ရင်း သဘောကျခဲ့တာ
ဘလော့လေးတွေလိုက်လည်ရင်း
မလေးမဘလော့လေးကိုလည်း အမြဲအားပေးနေမိတယ်
အစဉ်အမြဲအားပေးနေမယ်
ဒီထက်အများကြီး စာတွေရေးနိုင်ပါစေ

Anonymous said...

မရောက်တာတောင်ကြာပြီ အစ်မဘလော့လည်း တစ်နှစ်တောင်ပြည့်သွားပါလား။ နောက် ဒီထက်ပိုပြီး စာကောင်းပေကောင်းတွေဆက်လက်ရေးနိုင်ပါစေ အစ်မရေ။ ဘလော့လောကမှာပျော်ရွှင်နိုင်ပါစေနော်။ :)

Anonymous said...

နေရာထက် စိတ်က အဓိက ကျလို့ မမလေးရဲ့ ဖြူစင်မှုတွေကို အချိန်မရွေး နေရာမရွေး ကြိုဆိုနေလျက်ပါ။

အေးချမ်းသူ