Monday, April 28, 2008

ငါနှင့် အဆင်မပြေသော…

နေလည်းမသာ


မိုးလည်းမရွာ


ငါ့မှာ ထီးလည်းမပါ …


မိုးသည်းသည်း


နေကျဲကျဲ


ထီးအိုလေးနဲ့ တစ်ယောက်ထဲ …


ဥတုရာသီ


အပြစ်မမည်


(ငါနှင့်) လိုက်လျောညီထွေရှိပါသည် …




ဖောက်ပြန်သည်က

လူ့ မနော


သူတို့ လိမ်ညာပြော …။ ။

8 comments:

Anonymous said...

ဖြစ်တတ်ပါတယ်လေ ....
အချိန်တန်တောကလည်း အဆင်ပြေသွားပါလိမ့်မယ် ....

Anonymous said...

အမကြီးရေ ကဗျာအရေးကျဲသလောက် ရေးရင်လဲ ပုံစံဆန်းဆန်းနဲ့ တွေးစရာလေးတွေပါတယ် ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။ အိမ်လေးထဲကိုလဲ ရှောရှောရှူရှူ ၀င်လို့ထွက်လို့ရပါစေ :P တော်သေးတာပေါ့ တို့အမကြီးက ဘလော့စပေါ့နိုင်ငံသားလဲ ခံယူထားလို့ :D

Anonymous said...

ဖောက်ပြန်သည်ကလူမနော..အရမ်းမှန်တာဘဲမမရေ...ကဗျာအရေးကောင်းတဲ့မမကိုအားကျတယ်
:) :)

Anonymous said...

ဖောက်ပြန်သည်က
လူ့မနော
သူတို့ လိမ်ညာပြော

ပြောတဲ့ လူတွေ
အို မသေ
“...” တိုက်လို့ ဂန့်ပါစေ ...

:D :D
ဟီး ဟီး မိုက်တယ်မို့လား ။

Anonymous said...

လေးမကဗျာတွေကတော့ တကယ်ကောင်းတယ်.. :)

Anonymous said...

သားကြွက်လည်း အဆင်မပြေဘူး ငါးရိုးဆူးနေတယ် :P

Anonymous said...

အဆင်ပြေပါစေ

Anonymous said...

အမလေးမနဲ့အဆင်ပြေမှုတွေ
ရောက်ရှိလာပါစေရှင်...း)