Wednesday, April 23, 2008

ဟောတော့..

ဟော… ဟော…ဟောတော့…


ပို့စ်လည်းမတက်ပါလား …



*******************************************************


မင်္ဂလာပါ


နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုနိုင်ကြပါစေရှင်…



လာလည်တဲ့သူအားလုံးကို ရေခဲရေနဲ့ပက်တယ်...အိုးမဲသုတ်တယ်.. ဒါပဲ…


ခင်မင်စွာဖြင့်


လေးမ


********************************************************


လေးမ အင်တာနက်နဲ့ ခဏဝေးမှာမို့  ၁၂ ရက်နေ့မှာ အဲဒီလိုလေး အော်တို တက်လာအောင် စီမံခဲ့ပေမယ့် လေးမ တို့များ သူများကို ရေပက်ဖို့ ကံမပါလိုက်ပုံများကတော့ ကမ္ဘာအတုမှာတောင် ရေပက်ခွင့် မရရှာပါဘူး…။


တွေးတစိမ့်စိမ့်နဲ့ ပီတိဖြစ်နေရာက ဒီကနေ့ အင်တာနက်ရှေ့ကိုအရောက် ဒေါက်ဆို ဘလော့ဂ်ကို ၀င် … ဘယ်သူတွေ အိုးမည်းထိသွားသလဲလို့ ပြုံးစိစိနဲ့ကြည့် … ရေစိုပြီး အိုးမဲထိသွားသူက လေးမ ပါ…။ ပို့စ်က မတက်တော့ ဘယ်သူ့ ကိုမှ ရေမလောင်းလိုက်ရတော့ဘူးပေါ့နော်…။ ဒါပေမယ့် ရေလာလောင်းသွားတဲ့ သူငယ်ချင်းတွေ ကို တွေ့ ရတော့ ပျော်မိတယ်…။ မုန့်လုံးရေပေါ် လာမကျွေးတာတော့ စိတ်ဆိုးတယ်ဗျို…။


လေးမပျောက်လို့ စိတ်ပူပေးကြတဲ့ သူငယ်ချင်းတွေ …


နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းပေးတဲ့ သူငယ်ချင်းတွေ … ( ဆုမွန်တောင်းချင်တဲ့ သူတွေ..။ ဟိ..ဟိ..ဆိုင်သူတွေ မလုံမလဲ ဖြစ်စေသတည်း)


ရေလောင်း … အိုးမဲသုတ် … မီးသတ်ပိုက်နဲ့ပက် … မုန့်စားဖို့ခေါ်တဲ့ သူငယ်ချင်းတွေ…


အားလုံး..အားလုံး… ဘာဆုလိုချင်သလဲပြော … ပြောတဲ့ဆု … ပြည့်စေသတည်း…။ ။


3 comments:

Anonymous said...

လိုချင်တဲ့ ဆုကတော့ ကြွက်မလေးတစ်ယောက်လိုချင်ပါတယ်ခင်ဗျာ :P
အော်....အင်တာနက်ကြီင်္းကလည်း သင်္ကြန်တွင်းတောင် တက်မရဘူးကို သကြားမင်းမှ အားမနာ ဟိုအဖိုးကြီးလို တုံချိ တုံချိနဲ့ ပေါ့ ဟားဟား အင်္ဂလန်ကို လေယဉ်ပျံမစီးပဲ သွားနေသလား မှတ်ရတယ် ။
ဒါပဲ ...........ဂိုဏ်သားတွေကို အကြောင်းမကြားပဲ စိတ်ပူအောင်လုပ်တဲ့ အတွက် ပို့ စ်များများ တင်ပါရန် အမိန့် ချပါတယ် ........။

ပုံ /
ကြောင်အိမ်အာဏာဖြင့်
ဗိုလ်ကြွက်မူးကြီး :)

Anonymous said...

ဟီး ဟီး... :P
မလုံမလဲနဲ့ရယ်သွားပါတယ် :D

Anonymous said...

အပေါ်ကလိုပဲ ..။