Saturday, April 26, 2008

ပျံသန်းသွားသော …

သူငယ်ချင်းရေ …


နင်ဟာ ပျံသန်းသွားတဲ့ငှက်


ငါက သိုက်မြုံကို မခွာရက်တဲ့ငှက်


နင်ဟာ အတောင်ပါတဲ့ငှက်


ငါက အတောင်ကျိုးတဲ့ငှက်


ငါတို့တွေ သဘာဝမတူကြပေမယ့်…


အချစ်ဆုံးတွေ ဖြစ်ခဲ့ဖူးတယ်…။


မိ … ရွှေမိ … မိစုတ် … ဘဲပေါက်မ …


နင်… အသက် တစ်နှစ်ကြီးသွားပြီ… ၀မ်းသာလိုက်တာ … ဟ..ဟာ…ဟား…


အရင်လို ဆံပင်နီနီလေးဆိုးပြီး နားကွင်းတစ်ဖက်ထဲတပ်ထားတဲ့ ( ဂျစ်ပစီစတိုင်လ် လို့ ငါက ခေါ်တဲ့ ) ချာတိတ်မလေးမဟုတ်တော့ဘူး…။


First year တုန်းက ငါ့အ၀တ်သေတ္တာကို ဆွဲဖွ … ငါ့ရဲ့ အသစ်စက်စက် မြန်မာချည်ထည်လုံချည်လေးတွေကိုကိုင်ကြည့်ပြီး … “ နင်က အရမ်းမြန်မာဆန်တာပဲနော် ” လို့ တအံ့တသြပြောခဲ့တဲ့ ဂျင်းဘောင်းဘီနဲ့ မိ …။


( တကယ်တော့ တက္ကသိုလ်ကျောင်းသူဖြစ်ပြီဆိုပြီး အမေက ထည့်ပေးလိုက်တာ ..ဟ.. )


ကြည့်မရတဲ့ကောင်လေးကို ဆိုင်ကယ်နဲ့ ပွတ်ဆွဲတတ်တဲ့ မိ …။


( မိစုတ် … နင့် ကြောင့် ငါ .. ကျောင်းတုန်းက ရည်းစားမရတာ… ဟွန်း )


သနပ်ခါး ဘဲကြားလိမ်းလို့ စီနီယာမမတွေက သရဲ လို့ခေါ်တဲ့ မိ …။


“ နင်.. ယောက်ျားယူသွားလို့ .. ငါရည်းစားရသွားတာ..” လို့ ဆင်ခြေပေးတဲ့..မိ..။


(… နင့်ဟာနင် ရည်းစားထားတာ ငါ့ကို တရားခံရှာစရာလား… )


“ နင်ရေးတဲ့စာတွေ..ငါနားမလည်ဘူး… ကွန်မန့်တွေ ဖတ်လိုက်မှ နားလည်တယ်လို့..” သြဘာပေးတဲ့…မိ…။


( … ကြားရတာ အားရစရာ .. တေချင်တယ်..)



မိ..မိ..မိ…ရွှေမိ…ပျံသွားပြီ … ဟိုးအဝေးကို… ဆယ်ကျော်သက်က မက်ခဲ့ဖူးတဲ့ အိပ်မက်တွေဆီကို … အတောင်တွေဆန့်ပြီး… ပျံသန်းသွားလိုက်တာ… ငါနဲ့အဝေးကြီးမှာ….။


မှန်တာကို ၀န်ခံရရင် ဆိုင်သူတွေ ကိုယ်စီနဲ့ … ဘ၀တစ်ခုစီနဲ့မို့ … ဟိုးတုန်းကလို … ကျောင်းပိတ်ရက်ခွဲကြရတုန်းကလိုတော့ သိပ်မလွမ်းတော့ဘူး … မိ ရယ်…။


ဒါပေမယ့် .. သတိရနေပါတယ်.. မိရယ် …။


Happy Birthday


… တော်ရာမှာ ပျော်ပါစေ မိ…။ ။

3 comments:

Anonymous said...

Anonymous said...

အထက်ပါ စာအရဆိုရင်တော့ ......ဒေါ်ရွှေမိက အတောင်တကားကားနဲ့ ပျံသွားလေရဲ့ ဘယ်ဝယ်ဘယ်ဆီ ။ အန်တီလေးတော့ လွမ်းနေသည် ။
မိ အကြောင်း ရှေးဟောင်းနှောင်းဖြစ် နဲ့ မွေးနေ့ဆုတောင်း ...... ကောင်း၏ ။
ဘယ်နေရာ ဘယ်အရပ်မှာပဲဖြစ်ဖြစ် ဒေါ်ရွှေမိတစ်ယောက် တော်ရာမှာ ပျော်ပါစေကြောင်း ဟောဒီက ပျော်ရာမှာ လျှော်လေတဲ့ ငတိကလည်း ဆုတောင်းပါ၏ ။
Happy Birthday !!!

အန်တီရေးကယဲ အတောင်ကျိုးနေတာ ဟုတ်ပါဖူး ။
ရွေ့ပြီးပျံသန်းမှ ခရီးရောက်တာ မဟုတ် ။ ရပ်ပြီး ပျံသန်းတတ်ရင်လည်း မိုင်ပေါင်းများစွာ >>>>>>>>>>>>>>>>>>>>>>>>>>>>
ပျံသန်းရာ လမ်းတစ်လျှောက်မှာ
လေညှင်းသာလို့
နေခြည်နွေး
မနက်ခင်းလေးလည်း မွှေးပါစေဗျာ ။

တူမောင် ဂျယ်ရီ
April 24, 2008 8:18 PM
*************************
nu-san said...

ဟင့်... လေးမရေ.. ဟိုဘက်ပြေးလိုက်.. ဒီဘက်ပြေးလိုက်.. အဟဲ.. RAP သီချင်းဆိုနေတာ ဟုတ်ဘူးဟ... ဟိုဘက်မှာ ရေးထားတာ ဒီဘက်မှာဆိုလို့ လိုက်လာတာ... ဟူး.. ပြေးလိုက်လွှားလိုက်ရတာ မောသွားပြီ ။ ဘယ်ပျောက်ပြီး ဘာတွေ လုပ်နေလဲဆိုတာလေး ပြောပါဦး.. :D

လေးမရဲ့ သူငယ်ချင်းမွေးနေ့နဲ့တိုးနေပါလား.. မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးတယ်နော်..
April 24, 2008 8:20 PM
**********************
ညိမ်းညို said...

အမလေးမရေ ဒီဘက်အိမ်ကိုလိုက်လာပါတယ်။ နေမကောင်းဘူးထင်လို့။
အိမ်က၀င်မရလို့ကိုးး ဖြစ်ရလေအမကြီးရယ် တော်သေးတာပေါ့ အိမ်၂လုံးပိုင်ထားလို့ :P သူငယ်ချင်းသံယောဇဉ်ဖွဲ့တွေကို တွေ့ရရင် သိပ်ကြည်နူးတာပဲ ။ ဂိုဏ်းချုပ်ကြီးရေ အစစအရာရာအဆင်ပြေပါစေဗျာ။ ဟိုဘက်အိမ်မှာလည်း အ၀င်အထွက်လွယ်ကူပါစေ
April 24, 2008 10:04 PM
***********************
MgThaJan said...

အသစ်တွေ ဘယ်လိုပြောင်းပြောင်း အဟောင်းကိုတော့ တလည်လည်ပါကွယ် ( အိမ်.. အိမ်.. )
April 25, 2008 2:07 PM
***********************
thet said...

လာဖတ်သွားပြီ...ကြိုက်ပ..တယ်ရင်းကတော့
heart ထိတယ်ကွာ..တော်ပ...ငါတယ်ရင်းလို့ပြောရဘူး...ဒီတခါစာအရင်ဖတ်ပြီးမှ..comment ဖတ်တာနော်...တော်ရာမှာတော့မပျော်နိုင်သေးပါ..
.ပျော်နိုင်ရင်...ပြောလိုက်မယ်...
တောင်ကြီးတတောင်ကျန်သေးတယ်..
လမ်းတ၀က်ရောက်နေပြီ...တယ်ရင်းရေ...
စာတွေပဲများများရေး..
ကိုကောင်းကင်ကြီးကိုလည်း
ခဏခဏစိတ်ကောက်...
ပြီးရင်ငါကိုမကြာမကြာသတိရပေး...
တယ်ရင်းမိ
April 25, 2008 2:17 PM

Anonymous said...

Happy Birthday တီကြွက်သယ်ရင်း တီမိ...
မွေးနေ့ မှသည် ကျန်မာရွှင်လန်းပါစေဗျာ...။

လွတ်လပ်နေတာပဲ မွေးနေ့ ပို့ စ်လေးက သူငယ်ချင်းကိုတောင် သတိရသွားပြီးးးးးးးး။

Anonymous said...

မွေးနေ့ဆုတောင်းကလည်း ငယ်ကျိုးငယ်နာတွေ ဖော်ပီး တောင်းနေပါလား တီလေးရ ။း)