Sunday, March 23, 2008

ဆန္ဒ

စိန်ရောင် မြရောင်တွေအောက်မှာ


လမ်းမပျောက်ချင်ဘူး…


ကြယ်ရောင် လရောင်တွေ အောက်မှာ


လမ်းလျှောက်ချင်တယ်..။




ရောင်စုံညတွေအောက်မှာ

ဟန်ဆောင်အလှတွေနဲ့ အာရုံမနောက်ချင်ဘူး…


အရောင်တုမပါတဲ့ အမှောင်ထုကမ္ဘာမှာပဲ …


အမြင်ရှင်းရှင်းနဲ့နေချင်တယ်…။




ကျောချင်းကပ် မတ်တပ်ရပ်ရင်း

စက္ကန့်တွေနောက်


တကောက်ကောက်ပြေးလိုက်မယ့်အစား


ပခုံးပေါ်ပါးအပ် … ရောက်တဲ့နေရာမှာရပ်


စက္ကန့်တွေကို တန့်ထားလိုက်ရရင်ကောင်းမယ်… ။ ။

19 comments:

Anonymous said...

ဆန္ဒ ကဗျာလေးကိုအရမ်းကြိုက်တယ်

Anonymous said...

ဟန်ဆောင်မှုတွေများတဲ့ ပေတရာကာလမ်းထက်မှာ လမ်းမလျှောက်ချင်ဘူး ဆူးခင်းတဲ့လမ်းဖြစ်ပါစေ မှန်ကန်တဲ့မေတ္တာစစ်တွေ ရှိတဲ့နေရာ ကိုလမ်းလျှောက်ချင်တယ်။

အာရုံနောက်စရာ ရောင်စုံညတွေမှာ အမြင်ရှင်းဖို့ အတွက် မေတ္တာာမီးအိမ်လေးကိုအဖော်ပြုမယ်.။

ပခုံးပေါ်ပါးအပ် ရောက်တဲ့အရပ်မှာ နာရိပျက်တစ်လုံးကို လည်ပင်းမှာဆွဲးပြီး ငြိမ်ချမ်းမှုကို ရှာမယ်။

အဟမ်းး ဘာရယ် ညာရယ်တော့ဟုတ်ဘူး လူရှိန်မလားလို့ ပွားကြည့်တာ။ :P
ပျော်ရွှင်ပါစေ ဒေါ်ကြွက်ကြီးရေ့

Anonymous said...

ကဗျာအရေးကျဲတယ်။ရေးရင်လည်း သိပ်ကောင်းတာပဲ။
ဆန္ဒနဲ့ဘ၀၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ သဟဇာတကျကျ
ပြည့်ဝလှပနေပါစေဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေအမရေ :)

Anonymous said...

i like that poem. u r great!
keep on sis!

Anonymous said...

လလဲမသာ ကြယ်လဲမလင်းရင် ခလုပ်တိုက်မယ် သတိ..
အမှောင်ထုထဲမှာပါ ဆိုမှ ဘာမြင်ရပါတော့မလဲကွယ်..
ကားလမ်းမအလယ်ကြီးမှာတော့ ကျောချင်းကပ် မရပ်လိုက်ပါနဲ့ ဟွန်းတီးလို့လဲ မရဘူး အန္တရယ် အန္တရယ်..

ဟီးး.. စိတ်ဆိုးနဲ့နော် လေးမ :P

Anonymous said...

တယ်ဟုတ် ပါလား။ ကောင်းတယ်။

Anonymous said...

တစ်ပုဒ်လုံးတော့ ကြိုက်တယ်
ပခုံးပေါ် ပါးအပ်တဲ့ အချိန် အကြာကြီးပေါ့နော် :D
ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝပါစေ အမလေးမ

Anonymous said...

မမရဲ့ ဆန္ဒတွေပြည့်ဝပြီပျော်ရွှင်ပါစေ..မမက..ကဗျာရေးလဲကောင်းတာဘဲ.. :)

Anonymous said...

ပခုံးပေါ်ပါးအပ်တဲ့ အချိန် မီးပြတ်သွားရင်လေ...ချစ်မကြီး....ခွိခွိခွိ..............
ချစ်မ ဆန္ဒတွေတ၀ကြီး ပြည့်ပါစေနော်။ ပြည့်တွားရင် မုန့်လိုက်ကျွေးနော်...ဟီး :P
I love this poem so so so much Dear sis!!!

Anonymous said...

လေးမရေ.. ကဗျာလေးက ရိုးရှင်းတယ်နော်။ ကောင်းတယ် တစ်ပုဒ်ဆို ဆိုသလောက်.... :)

Anonymous said...

ကဗျာထဲ ပေါက်ကွဲနေပါလား .. ခံစားရတယ် ..

Anonymous said...

ပခုံးပေါ်ပါးအပ် … ရောက်တဲ့နေရာမှာရပ်
စက္ကန့်တွေကို တန့် ထားလိုက်ရရင်ကောင်းမယ်… တဲ့လား...။။
အရမ်းကောင်းပြီး အဓိပ္ပါယ်တွေ အများကြီး ရှိတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါ။

Anonymous said...

ကျောခင်းကပ် မတ်တပ်ရပ် ဖင်ချင်းပေါက် ဟိဟိ။ စက္ကန့်တွေ ရပ်ထားချင်တာများ ဓါတ်ခဲဖြုတ်ထားလိုက်ပီးရောကို တုံးလိုက်တဲ့ ငါ့အမရယ် :D ။
နောက်ကို ဝေးဝေးလံလံ မစဉ်းစားအောင်လို့ ဒေါက် ဒေါက် ဒေါက် :P

Anonymous said...

ဆန္ဒတဲ့ အမှန်လှတယ်ဗျာ။

Anonymous said...

လေးမ…….
အရမ်းကောင်းတယ်
တစ်ခါတစ်ခါ.. လူတွေဟာ ဟန်ဆောင်ရင်းနဲ့..
တစ်ကယ်ထင်သွားတတ်ကြသေးတယ်နော်..

မလေး

Anonymous said...

အမလေးမရေ...
အိမ်လေးလဲ စိန်ရောင် မြရောင်တွေအောက်မှာ
လမ်းမပျောက်ချင်ဘူး…
ကြယ်ရောင် လရောင်တွေ အောက်မှာ
လမ်းလျှောက်ချင်တယ်လေ...။
ဆန္ဒပေါ့နော်...း)

Anonymous said...

" စိန်ရောင် မြရောင်တွေအောက်မှာ
လမ်းမပျောက်ချင်ဘူး…
ကြယ်ရောင် လရောင်တွေ အောက်မှာ
လမ်းလျှောက်ချင်တယ်.."
အရမ်းကြိုက်တယ် ကဗျာလေးကို

စစ်မှန်တဲ့ ချစ်ခြင်းတွေကို
ဘယ်အရာနဲ့မှ နှိုင်းယှဉ်ခံရပြီး
လမ်းမပျောက်ချင်ဘူး
ချစ်ခြင်း မေတ္တာ တွေနဲ့
ချယ်မှုန်းပြီး
ကြယ်ရောင် လရောင်တွေ အောက်မှာ
ဆူးခင်းလမ်း ဖြစ်နေပါစေ
ရဲဝင့်စွာ ခွန်အားတွေနဲ့
လက်ချင်းယှက်လို့
ဘ၀တစ်သက်လုံး
လျှောက်လှမ်းချင်တယ်
သူများလို ကောင်းမွန်စွာ ကဗျာကို
မဖွဲ့နွဲ့တတ်တဲ့
နွေရဲ့ ဆန္ဒပါ

Anonymous said...

မမ လေး...

ဆန္ဒကို မထောက်ခံခိင်းဘဲ မဲပေးလိုက်တယ်။ ဘွာတေးဘွာတေး

Anonymous said...

မမ လေး...

ဆန္ဒကို မထောက်ခံခိုင်းဘဲ မဲပေးလိုက်တယ်။ ဘွာတေးဘွာတေး၊ တကယ်အရမ်းကောင်းတယ်။ မမလေး အရင်က ကဗျာသိပ်မရေးဘူးနော်။ စာတွေရေးတာများတယ်။ ခုတော့ အရမ်းကောင်းတဲ့ကဗျာလေးတွေ ရေးလာပြီ။ ဆန္ဒကို မထောက်ခံခိင်းဘဲ မဲပေးလိုက်တယ်။ ဘွာတေးဘွာတေး