Friday, March 21, 2008

သင်္ကြန်အကြို … ကာတွန်း









* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)

ဘိလပ်က သယ်ရင်းတို့ရေ… နှစ်သစ်ကူးတဲ့ အတာတန်ခူးမှာ ခွင့်ရလို့ပြန်လာကြရင်ဖြင့် ကိုနက်ချိပ်လို စတိုင်လ်မထွားကြနဲ့နော်…။ ဟီး..ဟီး…စတာပါ…..။ လေးမ ဘော်ဒါတွေထဲမှာ ကိုနက်ချိပ်တွေ မရှိပါဘူး…။


တကယ်တော့…. တလောက နာမည်ကြီး ဘလော့ဂ်တစ်ခုမှာ မြန်မာဆိုတာ … ဘယ်လို..ဘယ်ညာ…ဘာဖြစ်တယ်ဆိုတာကို …မြန်မာတစ်ယောက်က ကဗျာရေးထားတာ ဖတ်ရကတည်းက ရီချင်လို့ ဒီကာတွန်းလေး တင်ပေးချင်နေတာ…။ scan လုပ်ရမှာ ပျင်းနေတာရယ်… သင်္ကြန်နဲ့ ဝေးသေးတာရယ်ကြောင့် မတင်သေးတာ…။ ခုတော့ ဒီကာတွန်းလေး နဲ့ သင်္ကြန်ကို ကြိုဆိုရင်း ကိုယ့်အမျိုးကို … ကိုယ့်လူမျိုးကို … ကိုယ်ကိုယ်တိုင်က အထင်သေးရှုံ့ ချခြင်းတွေ လျော့နည်းပါစေလို့ ရိုးသားစွာ ဆုတောင်းလိုက်ပါတယ်…။ ။

7 comments:

Anonymous said...

တဂျန်ကျတော့မယ်ကွ... ကိုလတ်ကြီးလဲ တာဝန်အရ :D

Anonymous said...

သားကြွက်ကတော့ ကြွက်ဖြူလေးဟုတ်ဘူး ကြွက်ပိန်လေး ဟားဟား။ အော် သင်္ကြန်တွင်း ကိုယ့်ကိုရေပက်ခံချင်လို့ တစ်မြို့လုံးအနှံလည်တာတောင် ရေတစ်စက်မစင်ဘူးး။။။ ဘူ ကပြောလို့ လဲ ရှုံချတယ်လို့  :P မြင့်သမှ မြင့်မြင့်မြင့်မြင့်လို့ တောင်မည်နေတယ် ဟီးးးးးးးးးးးးးးးးးး

Anonymous said...

ဟား..ဟား.. ကာတွန်းကလည်း ကောင်းတယ်.. လေးမ မှတ်ချက်ကလည်း ကောင်းတယ်။ စိတ်ချပါ လေးမရေ.. မြန်မာဟာ ဘယ်မှာပဲနေနေ မြန်မာပါပဲ။ ဒါက ဘယ်တော့မှ ပြောင်းလဲလို့ရမှာ မဟုတ်ပါဘူး။ အဲ.. citizen ပြောင်းလိုက်ရင်တော့လည်း မပြောတတ်ဘူးလေနော်.. အဟီး.. :P

လေးမရေးပြတော့ ပိုပြီးထိထိမိမိရှိတယ်။ ဒါလေးတွေကြောင့် ခိုက်နေတာ... :)

Anonymous said...

ကာတွန်းကလက်ရာမြောက်တယ်
အမလေးမ လဲ လက်ရာမြောက်တယ်
အရေးအသားပြောပါတယ်
ပျော်ရွှင်ပါစေ အမလေးမ :)

Anonymous said...

သင်္ကြန်ကိုလွမ်းပါတယ်ဆို..မှကာတွန်းလေးကကောင်းတယ်နော်...ပျော်ရွှင်ပါစေမမရေ... :)

Anonymous said...

လေးမရေ...
ကာတွန်းလေးက မိုက်မှမိုက်...
ရှင်ဘဲ ရှာရှာဖွေဖွေ တွေ့ တတ်တယ်။

Anonymous said...

တားတား လာရေပက်ရင်လည်း စိတ်အချိုးရဘူးနော်..