Sunday, March 16, 2008

ဇွတ် ... ပြုတ်

ကြက်စွပ်ပြုတ် အဆင်သင့်မဖြစ်သေးလို့ စွပ်ပြုတ်ပူဆာနေတဲ့သူတွေအတွက် ဇွတ်ပြုတ်ပေးလိုက်ပါတယ်…။


ချိန်းဆိုချက်


တစ်ခါတုန်းက Baghdad မြို့မှာ ချမ်းသာကြွယ်ဝ..၊ ပညာအမြော်အမြင်ကြီးမားပြီး…၊ ကြင်နာတတ်တဲ့ နာမည်ကြီး သူဌေးကြီးတစ်ယောက်ရှိတယ်…။ တစ်မနက်မှာ သူဌေးက အလုပ်သမား Abdul ကို ဈေးထဲကို သစ်သီးဝယ်ဖို့ လွှတ်လိုက်တယ်…။ Abdul က ဈေးထဲမှာ လျှောက်သွားနေတုန်း သူ့နောက်မှာ တစ်ယောက်ယောက်ရောက်နေသလို ခံစားရပြီး ကျောထဲက စိမ့်လာတယ်…။ လှည့်ကြည့်လိုက်တဲ့အခါ မျက်လုံးနှစ်လုံးက လွဲပြီး ဘာမှ မမြင်ရအောင် အနက်ရောင် ၀တ်စုံဝတ်ထားတဲ့ အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရတယ်..။ အဲဒီလူက သူ့ကို စိုက်ကြည့်နေတဲ့အတွက် Abdul ဟာ ကြောက်ဒူးတုန်လာတယ်..။


“ ခင်ဗျား ဘယ်သူ လဲ… ဘာလိုချင်လို့လဲ..”… Abdul က တုန်လှုပ်စွာမေးလိုက်တယ်…။


“ ငါ…က…. သေမင်း…” အနက်ရောင်ဝတ်စုံနဲ့လူက အေးစက်စက် ပြောပြီး လှည့်ထွက်သွားတယ်…။


Abdul ဟာ သစ်သီးခြင်းကို လွှတ်ချပြီး သူဌေးအိမ်ကို မနားတမ်းပြေးသွားတယ်…။ သူဌေးအခန်းထဲကို တဟုန်ထိုးပြေးသွားပြီး…


“ သခင်… ကျွန်တော့်ကို ဒီမြို့က အမြန်ခွာခွင့်ပြုပါ ….”


“ ဘာလို့လဲ…ဘာဖြစ်တာလဲ ကွ…”


“ ဈေးထဲမှာ သေမင်းနဲ့ တွေ့ခဲ့တယ်…သခင်ရဲ့…”


“ မင်းကလဲ…ဟုတ်လို့လားကွာ…”


“ သေချာပါတယ်…သခင်… အနက်ရောင်ဝတ်စုံနဲ့…။ ကျွန်တော့်ကို စိုက်ကြည့်နေတာ…။ Samarra က အဖေ့အိမ်ကို ကျွန်တော် ပြန်မယ်…။ အခုထွက်သွားရင် နေမ၀င်ခင် Samarra ကို ရောက်မှာ…။”


Abdul ကိုကြည့်ရတာ အရမ်းသွေးပျက်နေပုံရတဲ့အတွက် သူဌေးက ပြန်ခွင့်ပေးလိုက်တယ်…။


ဒါပေမယ့် သူဌေးကြီးရဲ့ စိတ်ထဲမှာ မကျေနပ်ဘူး…။ သူနှစ်သက်သဘောကျတဲ့ အလုပ်သမားကို ထိတ်လန့်အောင် ခြောက်လွှတ်လိုက်တဲ့ လူစိမ်းကိုလည်း… အရမ်းစိတ်ဆိုးတယ်..။ ဒါနဲ့ စုံစမ်းဖို့ ဈေးထဲကို ထွက်ခဲ့တယ်…။ အနက်ရောင်ဝတ်စုံနဲ့ လူကိုတွေ့တဲ့အခါ သူဌေးကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်…။


“ ဟေ့လူ… ငါ့အလုပ်သမားကို ဘာလို့ ခြောက်လွှတ်တာလဲ…”


“ မင်း အလုပ်သမားက ဘယ်သူလဲ…”


“ …. Abdul ”


“ သူ့ကို ခြောက်မလွှတ်ပါဘူး…။ ငါက သူ့ကို Baghdad မှာ တွေ့ရလို့ အံ့သြသွားတာပါ….”


“ ဘာလို့ အံ့သြတာလဲ…”


“ ဘာလို့လဲဆိုတော့ သူနဲ့ Samarra မှာ ဒီည တွေ့ဖို့ ချိန်းထားတာလေ….”


………….


ဝန်ခံချက်။ ။ Bernard Hartley & Peter Viney ၏ Streamline မှ The Appointment ကို လေးမ နားလည်သလို ဘာသာပြန်သည်..။


ဒီပုံပြင်လေးကို ဖတ်ခါစက ဘာကို ဆိုလိုမှန်း သိပ်မရှင်းဘူး..။ သေမင်းကို တွေ့ရတယ်ဆိုတာ ယုတ္တိမရှိဘူးလေ… သူ့သူငယ်ချင်းတစ်ယောက်ယောက်များ နောက်တာလားလို့ တွေးလိုက်သေးတယ်…။ ဒါပေမယ့် ပုံပြင်တွေမှာ အဆုံးသတ်စာကြောင်းက ခေါင်းစဉ်ကို ထိမိစေတဲ့ အသက်ပဲ…။ သေချာပြန်စဉ်းစားကြည့်တော့မှ ရယ်လိုက်ရတာ…။ ပြီးတော့ တည်သွားတယ်…။ ဟုတ်သားပဲ…လူတွေမှာ သေမင်းကို ရှောင်လွဲလို့ မရနိုင်ဘူး…။ ဒီအချိန်မှာ…ဒီနေရာမှာ…ဒီလိုပုံစံနဲ့ သေရမယ့် ကံပါလာရင် …. ဘာယတြာနဲ့မှ ရှောင်လို့မရဘူး… ညာဏ်များလို့မရဘူး…။ ရှောင်ပုန်းဖို့ကြိုးစားရင်… ထွက်ပြေးရင်… မောတာပဲ အဖတ်တင်မယ်…။ ။


ကဲ…သယ်ရင်းတို့ရေ… သေမင်းကို ရှောင်ပြေးဖို့ မစဉ်းစားဘဲ… မသေခင် စိတ်ကောင်းနှလုံးကောင်းလေး မွေးနိုင်အောင် အားထုတ်ဦးမှ…။ ပါးစပ်က ဘုရား…ဘုရား…လက်က…..ဟိုလေ…ဟို……အဲဒါမျိုးတော့ …။ တော်ပြီ…ရေးတော့ဘူး…။ တာ့တာ…ဘုရားရှိခိုးလိုက်ဦးမယ်…။ ။

7 comments:

Anonymous said...

သာဓု သာဓု သာဓု ။ ဟီးး လေးမ ဘုရားတွေဘာတွေ ရှိခိုးလို့ :P

Anonymous said...

ဟယ်တော့
ဒွတ်ခပဲ
သူက လျှာရှည်ပြီး ခင်ဗျားဘယ်သူလဲလို့ သွားမေးတာကိုးအေ့
မသိချင်ယောင်ဆောင်နေလိုက်ရမှာ

သေမင်းဆိုတာကို မသိချင်ယောင်ဆောင်နေတာပဲ ကောင်းပါတယ်
အဲ့ဒီလူကြီးက ခေါ်သင့်တဲ့လူတွေ(လူတောင်ဟုတ်ဖူးထင်တယ်)ကျတော့ ခေါ်ဘူးအေံ့ ငပိန်းကြီး
ကိုထီးတစ်ယောက်လည်း ရွာပြန်သွားလို့ ထင်တယ်နော်
တော်ပီ
နာလည်း ဘုရားရှစ်ခိုးတော့မယ်
ကျေးဇူးပဲ ယောင်းမရေ

Anonymous said...

အင်းး ပုံပြင်လေးကကောင်းပါတယ် သိပ်တော့နားမလ်ညဘူး ဒါပေမယ့် အောက်မှာ ရှင်းပြထားတော့မှနားလည်တော့တယ်။ ပါစပ်က ဘုရာ ဘုရာ လက်က ကလားကလီး ဟီးး သားကြွက်လဲ အဲ့လိုပဲလို့  ။ အင်းးးး သေမင်း စိတ်ထားကောင်း၂လေးထားနိုင်အောင် ဘုရာရှစ်ခိုး ပုတီသွားစိပ်အုံးမှပဲ တရားစခန်းတော့မ၀င်တော့ဘူး ကြောက်သွားပြီး ဟားဟား
ကောင်းသောညပါ .............တီကြွက်ရေ့ ပျော်ရွှင်ပါစေ။

Anonymous said...

ကံပါလာရင် …. ဘာယတြာနဲ့မှ ရှောင်လို့မရဘူး… ညာဏ်များလို့မရဘူး…။ ရှောင်ပုန်းဖို့ကြိုးစားရင်… ထွက်ပြေးရင်… မောတာပဲ အဖတ်တင်မယ်…။ ။
So good,so far...

Anonymous said...

သေမင်းကို ငွေရှင်းပေးလိုက်ရင် ကွေကွင်းသွားမှာပေါ့။

Anonymous said...

မမ..ရေအဲဒီချိန်းဆိုချက်တော့ကြောက်တယ်..ဒါပေမဲ့ဘယ်တတ်နိုင်မှာလဲနော်...

Anonymous said...

ပုံပြင်လေးကလည်း ကောင်းတယ်။ တခြား အတွေးလေးနဲ့လည်း ကောင်းတယ်။ တတ်လဲ တတ်နိုင်တဲ့ ငါ့အမ။