Monday, March 17, 2008

ယနေ့ ရန်ကုန်

ကိုညိုထက် ရေးခိုင်းလို့…။


ယနေ့ ရန်ကုန်မှာ...


ရွှေတိဂုံ


- ရင်ပြင်တော်ပေါ်တွင် ဆေးလိပ်သောက်ခြင်း..ကွမ်းစားခြင်း တားမြစ်ထားသောကြောင့် ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့….။


- ပြည်သူများ ဘေးကင်းစွာ ဘုရားဖူးနိုင်ရန်အတွက် လုံခြုံရေးများ အပြည့်အ၀ ချထားသောကြောင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးခွင့်ရ…။


- ဓါတ်လှေကားသို့ လျှောက်လမ်းတွင် တောင်းရမ်းသူ သက်ကြီးရွယ်အိုများ အခြေအနေကြည့်၍ ပြေးပြေးလွှားလွှား သွားသွားလာလာ အလှူခံလျက်ရှိ…။


သက်တမ်း ၁၀၀ ကျော် ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်


- တိရိစ္ဆာန်အတော်များများ ပရိုမိုးရှင်းဖြင့် မြို့တော်သစ်သို့ ပြောင်းရွှေ့ ….။


- ပြောင်းရွှေ့သွားသော အကောင်များနှင့် ပတ်သက်၍ … မျောက်ရွာမှ မျောက်များ သန်းရှာရင်း အတင်းတုပ်လျက်ရှိ….။


- မည်သို့ပင် ဖြစ်စေ…. စိမ်းလန်းစိုပြည် အုပ်အုပ်ဆိုင်းဆိုင်းရှိသော ဥယျာဉ်ကြီးသည် ရုံးပိတ်ရက်များတွင် စည်ကားလျက်ရှိနေ….။


ဗိုလ်ချုပ်ဈေး


- ၀င်ကြေး ၁၀၀ … ထွက်ကြေး ၁၀၀…(ပါကင်မရလို့ တပတ်ပြန်ပတ်…ပြန်ဝင်ရင်လည်း ၁၀၀ )…။


- မုန့်ပဲ သွားရေစာ ရောင်းသူများ… လျှောက်လမ်းများတွင် ပြည့်…။


- ပစ္စည်းမှန်…ဈေးမှန် ( ဆစ်နိုင်မှ တော်ရာကျမည် ) အမျိုးအမည်ပေါင်းများစွာ ရောင်းချနေ…။


ဘာ Mart ညာ mart တွေ


- သင်္ကြန် မျက်မှန်..၊ ရေသေနတ်..၊ ဦးထုပ်အမျိုးမျိုး…၊ သီချင်းခွေများ…၊ သင်္ကြန်နှင့် ပတ်သက်သမျှ အတိုအထွာများ ရောင်းချနေ….။


- Date expire ဖြစ်ရန် သိပ်မလိုတော့သော စားသောက်ကုန်များကို special discount ဖြင့် ရောင်းချ….။


ကန်တော်ကြီး


- ဈေးပွဲတော်… လက်ဝှေ့ ပွဲ…. စတိတ်ရှိုးပွဲများဖြင့် စည်ကားလျက်ရှိသောကြောင့် သစ်ပင်များ..ကုန်းမြင့်လေးများနဲ့ ရေကန်ကြီးက မျက်ရည်စို…( သူတို့အလှမပေါ်လွင်လို့…တဲ့…)


- ဘာဆိုင် ညာဆိုင်များပေါများ… ဟိုအမှိုက်..ဒီအမှိုက်…လူအမှိုက်များလည်း…ဟိုတစ်စ..ဒီတစ်စ…။


- သို့သော်…ကန်တော်ကြီးသည် လှဆဲ… ကန်ရေပြင်ကို ဖြတ်လာသောလေသည် လတ်ဆတ်ဆဲ…။ ( မယုံရင် တင့်ကားကုန်းဘက်ကိုသွား…)


အင်းယားကန်


- အသုတ်နှင့် အကြော်ဆိုင်များ လက်ရာ အလွန် ညံ့ဖျင်း….။


- အင်းယားသည် ချစ်သူစုံတွဲတို့ ကွန်းခိုရာ ဟူသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားဆဲ....။


တက္ကသိုလ်


-တက္ကသိုလ်ကျောင်းများတွင်……စာသင်လျက်ရှိ….။


ဆေးရုံ…ဆေးခန်း


- ဆေးရုံ…ဆေးခန်း…ဆရာဝန်…သူနာပြု…ပေါကြွယ်ဝ…( ရှားတာ..ဆေး…)


အနုပညာရပ်ဝန်း


- မြန်မာဇာတ်လမ်းများသည် ကိုရီးယားဇာတ်လမ်းများကို တိုးမပေါက်ပေမယ့် မြန်မာအနုပညာရှင်များ၏ သတင်းအတင်း သည် ကိုရီးယားနုပညာရှင်များထက် အားပေးသူများပြား…။


- ခုတောင်… နိုင်နိုင်းတစ်ယောက် …အတုမိသွားလို့ဆိုလား…..ဘာလား……။


သီချင်းလောက


- အသံချိုချိုအေးအေးပိုင်ရှင်များ ဖြစ်ကြသော ကို ငှက် နှင့် ဦးထီးတို့ ကျောခိုင်းထွက်ခွာ…။


- အမှတ်တရ … အလွမ်းပြေ … ပြန်ဆိုခွေများ… ဆက်လက်ထွက်လာနိုင်ဖွယ်ရှိ …..။


- စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းများ ( တောဂေါ်လီ နှင့် ဖုတ်လှိုက်ဖုတ်လှိုက် ) ကို မိန်းကလေးများ သဲသဲလှုပ်အားပေး…၊ အားပါးတရ အော်ဆို…။ သင်္ကြန်ရောက်ရင်လည်း လူငယ်တွေ အော်ကြပြန်ဦးမယ်…။


တော်သေးပြီ…။ ကျန်တာတွေကတော့ အားလုံး သိကြတဲ့အတိုင်း…….။ သေချာတာကတော့ ယနေ့ရန်ကုန်ဆိုတာ မနေ့က ရန်ကုန်လို မဟုတ်ဘူးလေ…။ ။


မှတ်ချက်။ ။ ရန်ကုန်မြို့မှာ ဖြစ်ပျက်နေသမျှ အသေးစိပ်ကို http://mothonlay.wordpress.com/ မှာဖတ်ရှုနိုင်ပါသည်..။

17 comments:

Anonymous said...

အမရေ ရန်ကုန်အခြေအနေကို ဟာသလေးစွက်ပြီး တင်ပြသွားပုံ မိုက်မှမိုက် :D
ပျော်ရွှင်ချမ်းမြေ့ပါစေ

Anonymous said...

တီကြွက်ရေ့ အိပ်မပျော်လို့  မနက်အစောကြီးထလာတာ ရယ်နေရတာ အူပါနာတယ်ဗျာ မျောက်တွေသန်းရှာပြီးအတင်းတုတ်တာ ဘီလိုတုန်း ဟီးးးးးးးးး..........သတင်းတွေကစုံနေတာပဲ ရန်ကုန်မရောက်ဖူးတဲ့သူတောင် သွားချင်စိတ်ပေါက်လာပြီး ။ ချစ်သူရရင် ရန်ကုန်သွားမည် ကြောင်ညာ ကြောင်ညာ။ ဒါနဲ့  အပေါ်က ဦးဓာမကြီးဆိုတာ ကျနော် တိသလိုလိုပဲ အဲ့ဦးလေးကြီးတော်တော်ဆိုးနေတယ် ဓာမကြီးနဲ့  ထုလိုက်စမ်းပါ တီကြွက်ရယ်။ ရှိသေးတယ် ဟို ငနာကောင် ။
ပြန်အိပ်တော့မယ် မနက်( ၄ )နာရီပဲရှိသေးတယ်။

Anonymous said...

မြန်မာပြည်လွမ်းးတယ်ရန်ကုန်ကိုလွမ်းတယ်..မမကိုလဲလွမ်းတယ်..သင်္ကြန်ကိုလဲလွမ်းတယ်..... :P

Anonymous said...

ယနေ့ရန်ကုန်ကို လာဖတ်သွားတယ် လေးမရေ.. နောင်လည်း အဲဒီလို သတင်းလေးတွေ တင်ပေးနော်.. ရီရလို့.. :D

ယနေ့ရန်ကုန်ဆိုတာ မနေ့က ရန်ကုန်လို မဟုတ်တာတော့ သေချာတာပေါ့ လေးမရယ်.. အဲဒီလိုပဲ တချိန်ကြရင် နောက်မျိုးဆက်သစ်တွေ ရန်ကုန်ကို မမှတ်မိမှာစိုးရတယ်.. အမတို့တောင် မျက်စိခပ်လည်လည်ပဲ..

Anonymous said...

ဟား ဟား ဟား
ယောင်းမကတော့ လုပ်ပြီ ...
ကိုမုတ်သုန်ဆီမှာလည်း မကြာမကြာသွားဖတ်ဖြစ်ပါတယ် ...
ရေးထောင့်တွေးထောင့်တွေမတူတော့ တယောက်တမျိုးဆီ ဖတ်လို့ကောင်းတယ်ဟ ...
နောက်လည်း အလျဉ်းသင့်သလို ရေးဦးနော် ... မိုက်တယ်ဟ ..
ကျေးဇူးဟယ် ...
အစဖော် အကြံပြုတဲ့ ကိုညိုထက်ကြီးကိုလည်း ကျေးဇူး
:)

Anonymous said...

ငါ့အမကတော့ လုပ်ချလိုက်ပြန်ပြီ။ မြို့တော်ရန်ကုန်ဆိုတာကြီးကို မရင်းနှီးပေမယ့် ခုလိုဖတ်လိုက်ရတော့လဲ အားလုံးကို သိသွားရသလိုလိုပဲ။ ပြန်ချင်ပြီ :(

Anonymous said...

ကျေးဇူးပဲလေးမရေ...ဒါမျိုးလေးတွေဖတ်ချင်တာဗျ။ ခေတ်ပြိုင်ပုံ
ရိပ်လေးတွေ....နောက်လည်းရေးပေးပါဦး။ ကျန်းမာပါစေ။

Anonymous said...

ကိုညိုထက်ကြီးဆိုပါလားဗျ။ ဟားဟား....ဟုတ်ပါတယ်...ကိုညို
ထက်လေးမဟုတ်တော့ပါဘူး.....

Anonymous said...

မျောက်ရွာမှ မျောက်များ သန်းရှာရင်း ဗိုလ်ချုပ်ဈေးအကြောင်း အတင်းတုပ်လျက်ရှိ….။
ဝင်ကြေး ၁၀၀ … ထွက်ကြေး ၁၀၀…(ပါကင်မရလို့ တပတ်ပြန်ပတ်…ပြန်ဝင်ရင်လည်း ၁၀၀ )…။
.....ဟား....ဟား...ဟား...စတာနော်...စိတ်ဆိုးနဲ့....
ဖတ်လို့ကောင်းတယ်...ရဲဘော်ဆက်လုပ်....

Anonymous said...

သွားချင်နေတဲ့ ရန်ကုန် မျက်စိထဲကွက်ကွက်ကွင်းကွင်းပေါ်လာတယ်
ဒီစာမျိုးကို သရော်စာလို့လည်း ခေါ်လို့ရတယ်။ မိုက်တယ် လေးမရေ

Anonymous said...

ကောင်းလိုက်တဲ့ကလောင်ဗျာ
ထက်လှချည်လား :)
မိုက်တယ်အမရေ

Anonymous said...

ဒါမှငါ့အစ်မကွ...
ဆက်လုပ်ေ

Anonymous said...

မီးပျက်တာ လဲ ထည့်ပေးဦးနော်....ချစ်မ...
ချုမွန်တို့ လမ်းမှာတော့လေ ၂၄ နာရီမှာ ၂ နာ

Anonymous said...

စာတွေက ပေါ်လဲပေါ်ဖူး..ဟင့်.....

ချုမွန် တို့လမ်းက ၂၄ နာရီမှာ ၂ နာရီလောက်ပဲ လာတယ်လို့ ပြောမို့ဟာကို ......

Anonymous said...

ကွက်ကွက် ကွင်းကွင်း
ထင်းထင်း လင်းလင်းပါဘဲ လေးမရေ...
ယနေ့ ရန်ကုန် (၂) ကို မျှော်နေမယ်နော်...။

Anonymous said...

Your ideas are cool.. Thanks for the post.

Anonymous said...

>ဦးဓါးမကြီး .. ရန်ကုန်အခြေအနေကို သေချာဖတ်ပြီး ပြန် လာရင် ကေ နဲ့  လည်နော်...။
>သားကြွက် ... ဘာလို့ အိပ်မပျော်တာလဲ ... စောစောစီးစီး အူနာတာ ရယ်ရလို့ မဟုတ်ပါဘူး .. ဗိုက်ဆာလို့ နေမှာ ...။ မျောက်တွေ သန်းရှာတာ မြင်ဖူးဘူးလား...။ အတင်းတုတ်တာကတော့ လူတွေ လိုပါပဲ ...။
>စိုးမိုးလေး ... အလွမ်းတွေ နဲ့  ဝေပေါ့ ... သားကြွက်က ရယ်ရတယ်တဲ့ ... ညီမလေးက လွမ်းတယ်တဲ့ ...။
>မနုစံ ... လေးမ လည်း ရန်ကုန် မှာ လည်နေတုန်းပဲ ...။
>ယောင်းမ ... အလျဉ်းသင့်သလို ရေးရမယ်လား... မြှောက်ပေးတယ်ပေါ့ ...။
>ကျန်စစ် ... ပြန်ချင်ရင် ပြန်ခဲ့လေ... ဟီး..။
>ကိုညိုထက် ... ရေးခိုင်းတာကို လေးမက လည်း ပြန်ပြီး ကျေးဇူးတင်ပါတယ်...။ လေးမ ဘော်ဒါတွေက သဘောကျတယ်...ရယ်ရတယ်တဲ့ ...။
>ကိုအညတရ ... ရန်စပြီးမှ ... စတာနော်တဲ့ .. မရဘူး... စိတ်ဆိုးသွားပြီ...။
>ကိုသင့် ...ကိုသင့် ရဲ့ ဖတ်စရာ စာရင်းထဲမှာ ညွှန်းထားတာတွေ့ တော့ ဘ၀င်တောင် မြင့်သွားတယ်... ကျေးဇူးပါရှင်...။
>၃၀၅ ... ကျေးဇူးပါ ... မောင်လေး ၃၀၅ ရေ...။
>စာကလေး... မြှောက်ပေးတဲ့ထဲ စာကလေးလည်းပါတယ်ပေါ့လေ...။
>မိုးချစ်သူ ... အားလုံး ပြောပြလို့ မဖြစ်ဘူးလေ ...ချုမွန်လေးရဲ့ ... သူရို့ ပြန်မလာချင်ဘဲနေဦးမယ်...။
>မသက်ဝေ... ကွက်၂ ကွင်း၂ ပဲလား...။
>Han Lynn Kyaw ... thank u so much for ur comment.