Friday, November 28, 2008

မုန်းကြည့်ပါသည်

ကိုဟန်သစ်ငြိမ် ဒီတစ်ခါရေးခိုင်းတာ တကယ်ခေါင်းစားသွားတယ်…။ လေးမ ကိုယ့်ကိုယ်ကို မုန်းတဲ့ အချက် သိပ်မရှိပါဘူး…။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ရတာတွေ အများကြီးရှိနေပေမယ့် မုန်းတယ်လို့  ပြောရမှာ ကိုယ့်ကိုယ်ကို အားနာတယ်…။ သိပ်တော် သိပ်ကောင်းနေလို့ တော့မဟုတ်ပါဘူး…။ ဟာ.. ဟ… လေးမ ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ ချက်ပြည့်အောင် မနည်း စဉ်းစားရတယ်… သူများကို မုန်းတဲ့ အချက်တွေချည်းပဲ တန်းစီထွက်လာတယ်… သေရော.. ခက်ဘူးလား…။


လေးမရဲ့ မုန်းစရာ ၁၀ ချက်ကို ရှုစားကြပါရှင်..။ သူများတွေဘက်ကကြည့်ရင် လေးမမှာ မုန်းစရာအချက်တွေ ဒီထက်မက ရှိနေမှာပါ…။ လေးမကိုယ် လေးမ ပြန်ကြည့်တော့ ဒီလောက်ပဲ မြင်ပါတယ်…။


***** ၁။ အပျင်းထူခြင်း ( လေးမ ပျင်းလို့ ရရင် ရသလောက် ပျင်းပါတယ်ရှင်… တစ်နေ့ သေမှာပဲမို့  ရည်မှန်းချက်တွေလည်း သိပ်ကြီးကြီးမထားပါဘူး… အဲဒီ အကျင့် မုန်းစရာကောင်းပါတယ်… အကျင့်ဆိုးပါ.. )


***   ၂။ စကားမပြောလိုခြင်း ( ပြောဖို့ လိုတဲ့ အကြောင်းအရာကို သိုင်းသိုင်းဝိုင်းဝိုင်း ပြောတတ်ပေမယ့် … အလှူ..မွေးနေ့ .. ဧည့်ခံပွဲတွေမှာ လေးမ အမြဲ စိတ်အိုက်ရပါတယ်… အဲလိုနေရာတွေမှာ အာလပသလာပလို့ ခေါ်မလားမသိဘူး… အဲဒါတွေပြောပြီး ရယ်မော ခေါင်းငြိမ့်တဲ့ အရည်အချင်းမှာ အညံ့ဆုံးပါ..)


**    ၃။ ထမင်းမစားလိုခြင်း ( လေးမ မြန်မာမ ဖြစ်ပေမယ့် ထမင်းမကြိုက်ပါဘူးရှင်… ၀တ်ကျေတန်းကျေ ထမင်းစားနေတဲ့ ကိုယ့်ကိုယ်ကို အမြင်ကတ်ပါတယ်… မုန့်ပဲသရေစာ နှစ်ခြိုက်ပါတယ်.. )


**    ၄။ အစပ်မစားနိုင်ခြင်း ( အပူုအစပ်စားရင် အဆီကျတယ်.. ပိန်တယ်လို့  သိရပြီးကတည်းက အစပ်မစားနိုင်တဲ့ ကိုယ့်ကိုယ်ကို မုန်းမိတာပါပဲရှင် )


*****၅။ စိတ်ပျော့ခြင်း ( အရာတော်တော်များများကို ပြေပြေလည်လည်တွေး အရှုံးပေးတတ်တာ စိတ်ပျက်မိပါတယ်)


*      ၆။ ခါးခါးသီးသီး နာကျည်းတတ်ခြင်း ( လေးမ မုန်းမိတဲ့ သူတိုင်း နာမည်ပျက်သွားကြတာ… တိုက်တိုက်ဆိုင်ဆိုင် ၅ ယောက်လောက်ကြုံပြီးတဲ့အခါ ခါးခါးသီးသီး နာကျည်းတတ်တာ အကုသိုလ်တစ်ခု ပြုမိသလိုများဖြစ်နေသလားလို့  …။ အခုတော့ ဒီအကျင့်ကို ဖျောက်ပြီး မမုန်းမိအောင် .. ပြေလည်အောင်.. တွေးတတ်ဖို့  ကြိုးစားနေပါတယ်…)


***   ရ။ အားကစား ၀ါသနာမပါခြင်း ( ကိုယ်တိုင်လည်းမလုပ်… သူများလုပ်တာလည်း မကြည့်တော့… လေးမ… ကျန်းမာရေးနဲ့  မညီညွတ်ဘူး.. ဒီအကျင့်လည်း မုန်းစရာပဲ )


*      ၈။ ဆံပင်ညှပ်ဆိုင် မကြာခဏ သွားလိုခြင်း ( ဆံပင်ကိုတော့ အမျိုးမျိုးလုပ်ချင်နေတာပဲ… ညှပ်လိုက်.. ကောက်လိုက်…ဖြောင့်လိုက်… ဘာမှ မလုပ်ဖြစ်ရင် ဆံပင်ပေါင်းတင်တယ်… ဖယောင်းသွင်းတယ်… ဆံပင်ဆိုင်မရောက်တဲ့ လ … ဆိုတာမရှိဘူး… အဲဒီအကျင့်က ပက်ကျံ ကုန်သပေါ့ရှင်.. )


***   ၉။ အ၀တ်အစား မရွေးချယ်တတ်ခြင်း ( လေးမနဲ့  လိုက်ဖက်တဲ့ အ၀တ်အစား ဒီအသက်အရွယ်ရောက်နေတာတောင်… ဗိသုကာတစ်ယောက် ဖြစ်နေတာတောင်… မရွေးချယ်တတ်လို့  စိတ်ပျက်ရပါတယ်… ဘယ်သူဝယ်ပေး.. ရွေးပေးသလဲဆိုတော့… အမေ ၂ ယောက်နဲ့  ကိုကောင်းကင် ပါ…)


**** ၁၀။ တစ်ယောက်ထဲ နေလို ချိန် များခြင်း ( တစ်ယောက်ထဲ သက်မဲ့တစ်ခုခုနဲ့ ( ကွန်ပြူတာ.. စာအုပ်..) နေရတာ သိပ်ကြိုက်ပါတယ်… အဲဒီအတွက် သူက မငြိုငြင်ပေမယ့် ကိုယ့်ကိုယ်ကို ငြိုငြင်မိပါတယ်…)


ခင်မင်စွာနဲ့  လေးမကို ရေးခိုင်းတဲ့ ကိုဟန်သစ်ကို ကျေးဇူးတင်ပါတယ်…။ ဘာလို့ တင်သလဲဆိုတော့ သူများတွေ ရေးထားတာဖတ်ဖြစ်တိုင်း “ ငါဆိုရင် ဒီလို ရေးမိမှာ..” “ ငါရော ဘယ်လို စဉ်းစားမှာပါလိမ့်..” “ ကျွန်မကတော့ ဒီလိုထင်တယ်.. ရှင်…” ဆိုတဲ့ အတွေးလေးက အမြဲကပ်ပါလာနေကျ ဖြစ်နေလို့ .. အဲဒီအတွေးတွေ ရေးချခွင့်ရအောင် ဖန်တီးပေးတဲ့ သူကို ကျေးဇူးတင်တာပါ…။ သူများတွေ ရေးနေတဲ့ ခေါင်းစဉ်တစ်ခုအောက်ကို ဘယ်သူမှ မဖိတ်ခေါ်ဘဲ ၀င်ရေးရမှာ ရှက်စရာကောင်းတဲ့အတွက် ဖိတ်ခေါ်တဲ့သူရှိတာ ဂုဏ်ယူပါတယ်…။


လေးမ ရေးတဲ့ စာကို ခင်မင်စွာ လာရောက် ဖတ်ရှုသွားကြသူများကို ကျေးဇူးတင်ပါသည်…။ ။



 

ဖြည့်စွက်ချက် ။ ။ * လေးတွေက comment မှာ လေးမနဲ့  တူတဲ့ အချက်တွေ ပြောပြသွားတဲ့ လူတွေကို ကိုယ်စားပြုတာပါ…။ အားရှိစရာကြီး လေးမ ရဲ့ မုန်းစရာကောင်းတဲ့ အရည်အချင်းတွေက လေးမ တစ်ယောက်ထဲမှာပဲ ရှိနေတာမဟုတ်ပါလား…ဟေး..ဟေး…။

17 comments:

Anonymous said...

Ie မှာ error တက်လို့  ပြင်လိုက်တာ ပို့ စ်လေးပျောက်သွားပြီး အမည်မဖော်လိုသူ ၈၇ နဲ့  မွန်ရေးပေးထားတဲ့ ကွန်မန့် လေးတွေပါ ပျောက်သွားတယ်...။ အိ...အိ... ဘီလိုလုပ်ရပါ့...။

Anonymous said...

ဟဟ မွန်ပြောတဲ့ကောမန့်က မမကိုတက်မလို့ ကြံစည်ထားတာ
သူများဦးသွားတာလေ
ကြွက်စုတ်အကြောင်းလဲပါတယ် ကဲ

Anonymous said...

၁၊၂၊၅၊၇၊၉ တူပါတယ်
၆။ အဲ..တို့ကိုမုန်းနဲ့နော် လေးမရယ်

Anonymous said...

မလေးရေ....

နံပါတ်.. ၁၊ ၃၊ ၅၊ ၁၀ အဟဲ....
ချဲနံပါတ်ပေးတာ.. ဟုတ်ဖူးနော်..!!
ခင်လေးနဲ့ စွတ်ချွတ်ဘဲ သိလား..!!

ခင်တဲ့..
ခင်လေးငယ်

Anonymous said...

မမ..၁။ ၃။၎။၅။၁၀။ မမ နဲ့ တူမှတူ
မမ ကချစ်စရာလေး... :)

Anonymous said...

ဟဲ.. ဝေလေးလည်းဆယ်ချက်ကိုမနည်းစဉ်းစားလိုက်ရတယ်..
ဒါပေမယ့် မမလေးမပို့စ်လာဖတ်မှ တူတာတွေရှိနေသေးတယ်..
၁၊ ၂ ၊ ၄၊ ၅၊ ၇၊ ၉၊ ၁၀ ...
အဲဒါတွေတူတယ်မမရဲ့.. :P :P

Anonymous said...

နံပါတ် ၁ ကစပြီး တူတယ်.. နေဦး ပြန်ရေလိုက်ဦးမယ်..
၁၊ ၅၊ ၆၊ ၇၊ ၉ အဲဒါတွေတော့လေးမနဲ့တူတယ်.. အမလည်း တခါမှ ကိုယ့်ကိုကိုယ်တော့ မုန်းလိုက်တာလို့ မတွေးမိဘူး.. တခါတလေ နည်းနည်း စိတ်ပျက်တာတော့ ရှိတာပေါ့... :)

Anonymous said...

မုန်းစရာအချက်တွေ လာဖတ်တာအစ်မလေးမရေ :P
ပိုပီးတောင် ခင်စရာကောင်းနေပါရောလား :)
အမျိုးတူတွေမို့

နံပါတ် ၈ လဲတူသဗျ အဟိ :P

ကျနော်ကလဲ တလတခါတော့အနဲဆုံးညှပ်လိုက်ရမှ
ဆံပင်နားရွက်ထောက်လာရင်ကို တိုးရှင်းကစ်ကစ်နေတာ
တယောက်သောသူလေးကတော့ မကြိုက်ဘူးပေါ့လေ
ဆံပင်ရှည်မှတဲ့ဗျ :D

Anonymous said...

ဟ ဟ ဘိုညိမ်းက ကြော်ငြာတောင်ဝင်သွားသေး :P :P :P
ကျွန်တော်ကတော့ နံပါတ်(၁၀) နဲ့တူတယ်ဗျ ၊ တစ်ယောက်ထဲနေရတာကိုကြိုက်တာ မုန်းစရာကြီးနဲ့တူတယ်နော် ။

Anonymous said...

"အားကစား ၀ါသနာမပါခြင်း" မပါနဲ့.. အားပေးတယ်.. :D ဟာဟ တူလို့
အပျင်းလဲ များများထူ.. ကိုယ်သက်သာတယ်.. :P တူလို့

ကိုမျိး : မလေးမဆီ သွားလည်ပါ
ပိစိ : အင်း.. လည်ဖူးတယ်.. သူက မအားဘူးထင်တယ်၊ ပိစိကို အဖတ်မလုပ်ဘူး..
ကိုမျိုး : ဟာဟ.. သွားလည်ပါကွာ..

ရန်ကုန်မှာ အတင်းတုတ်တုန်း ပြောဖြစ်တာပါ.. ဟီးးးး
(မလေးမဆိုတာ.. ပိစိ ဘလော့မလုပ်ခင် ကိုသုညကို ၀င်ဖတ်ဖတ်နေကတည်းက တခါတလေ ဖတ်ဖူးတယ်..)

Anonymous said...

ဒီလိုတော့လဲ အစ်မက မိန်းကလေး ဆန်တာတွေ ရှိနေပြန်ရောဗျာ။ :)

နံပါတ် (၂) ကတော့ ကျွန်တော်ရဲ့ အမုန်းဆုံး အချက်ကြီးနဲ့ သွားတူတယ်ဗျ။ ဖြစ်နိုင်ရင် လူတွေနဲ့ ဝေးဝေးမှာပဲ နေချင်တယ်။

Anonymous said...

နံပါတ်(၁) ပြိုင်ချင်တယ်ဗျို့။ ပြိုင်ကောင်းသလား မပြိုင်ကောင်းသလား တော့မသိ

Anonymous said...

နံပါတ် ၅ တူတယ် တူဆို သားကြွက်တို့ က ဘလော့မောင်နှမတွေကို ဟုတ်တယ်မှတ်လား တီကြွက် :P

Anonymous said...

မလေးမကို အင်္ကျီရွေးပေးမယ့်သူ ရှိတာ ဘယ်လောက်ကောင်းလဲ။ တယောက်တည်း နေတတ်တယ့် အကျင့်က ဘလောက်ဂါ တော်တော်များများမှာ ရှိမလားပဲ။ ပုံရိပ်ယောင်ကမ္ဘာကို ခုံမင် ကြတယ် ဆိုတော့လေ။

Anonymous said...

၁။ ဘယ်နှစ်လက်မလောက်ထူသလဲ ဗျ ။ အနော်က ၁ ပေသာသာလောက်တော့ ထူသဗျာ ။ ကညိုထက်လိုတော့ ပြိုင်ချင်ပေါင် ။ ပြိုင်ရမှာ ပျင်းလို့ ။ :P

၂။ စကားပြောဖို့တော့ ပျင်းမယ် မထင်ဘူး ဗျ ။ သိုင်းသိုင်းဝိုင်းဝိုင်းများများစားစား ကြားရတဲ့သူများ ကံကြီးပေတာပဲ ။ social ကတော့ ဟိုအရင်တစ်ပုဒ်မှာ ပါဖူးတဲ့ သားငါးသီးရွက် ဈေးဝယ်ထွက်သလို လုပ်ပေါ့ဗျာ ။ လိုအပ်တယ် ဗျ ။ တကယ် ။ :)

၃။ ဒါတော့ ကလေးစိတ်မကုန်သေးတဲ့ လက္ခဏာပေါ့ ဗျာ ။ ငယ်ငယ်ကဆို ထမင်းခွံကျွေးရင် စားဘူး စားဘူးနဲ့ ဆော့ချည်းနေတာမျိုး ။ မုန့်သည်တွေ ဖြတ်သွားကာမှ အော်ခေါ် ။ ဝယ်မကျွေးရင်လည်း ငိုသေး ဆိုတာမျိုး ဖြစ်မပေါ့ ။ :D

၎။ ဧကန္တတော့ အတော်ကို လေးအိ ဝဖိုင့်လာပုံရတယ် ။ :P အဆီကျမလားဆိုပြီး သွားမစားလေနဲ့ဗျ ။ မျက်ရည်တွေ နှပ်တွေပဲ ကျလာလိမ့်မယ် ။ ရှူး ရှဲ .. ရှုး ရှဲ နဲ့ ။ :D

၅။ မုန်းစရာလားဗျ ။ မာဆတ်ဆတ်ဆို ကျိုးလွယ် ကြေလွယ်သနဲ့ ။ ပျော့တော့ ညွှတ်ညွှတ်ပြောင်းပြောင်းနဲ့ flexible ဖြစ်တယ်ပေါ့ ။ အရှုံးပေးဖို့ လိုအပ်တာမျိုးမှာ ပေးသာပေးလိုက်ဗျာ ။ အရှုံးဆိုတာ မပေးပဲ သိမ်းထားလို့ ကောင်းတာမျိုးမှ မဟုတ်တာနော့ ။

၆။ ဟိုက် !!! အီ ... နာမည်တော့ အပျက်ခံလို့ မဖြစ်ချေဘူး ။ ပိုင်အောင်တော့ ပေါင်းထားမှပဲ ။ အဟဲဟဲ ....တငယ်ဂျင်းရေ ။ ခင်တယ်မင်တယ်နော်။ ပြောမှား ဆိုးမှားရှိရင် ခွေ့လွှတ် ။ အယ် ဟုတ်ပေါင် ။ ခွင့်လွှတ်နော် ။ အဟီး ဟီး ..။

၇။ ဝါသနာမပါလည်း ကျန်းမာရေးအတွက် လိုအပ်တယ် ဆိုတော့လေ ..။ အကြံပေးမယ်နော် ။ အဲ့ဒီဝါသနာမပါတာချည်းကို တကုတကလုပ်တယ်လည်း မဖြစ်အောင် ကျန်းမာရေးလေ့ကျင့်ခန်းအနေနဲ့လည်း လုပ်ပြီးသားဖြစ်အောင် အိမ်ကနေ အလုပ်သွားရင် ကားတွေဘာတွေ မစီးနဲ့ဗျ ။ ကုန်းကြောင်းလျှောက် ။ အလုပ်က အိမ်ပြန်တော့လည်း လမ်းလျှောက် ။ အဟဲ ..ကောင်းဘူးလားဗျာ ။ :)

၈။ အော် .... ဒါကတော့ လုပ်ပေးရမှာပေါ့လေ။ လူ့တစ်ကိုယ်လုံးမယ် ပြောင်းလွယ်ပြင်လွယ်အဖြစ်ဆုံး ပြင်ဆင်ပြုပြင်လို့အကောင်းဆုံးဟာ ဆံပင်ပဲ မဟုတ်လားဗျ ။ ပက်ကျံကုန်တာများဗျာ ။ ဟော့ .. ဆံပင်အသစ်လေးနဲ့ အိမ်ပြန်လာ ။ မှန်လေး တကြည့်ကြည့်နဲ့ ။ relax ဖြစ်မယ် ။ refresh ဖြစ်တယ် ။ ကောင်းတယ်ဆရာ ..။ လုပ်သာလုပ် ။ အဟုတ် ..။ အာဖရီကန် ကေတော့ မလုပ်လေနဲ့ဗျနော် ။

၉။ အာ ဟ ..ဒီတခုတော့ အန်ကယ်ကောင်းကင်က ကျေးဇူးတင်မှာ အသေအချာပဲ ။ ရှားမှရှားပဲဗျို့ ။ မရွေးတတ်တာ မုန်းစရာမှ မဟုတ်တာပဲ ။ ကိုယ့်ဆရာက ဘာဝတ်ဝတ်ကြည့်ကောင်းပြီးသားပဲလေ ။ အဟုတ်ဗျာ ။

၁၀။ ဒီအချက်ကတော့ဖြင့် မကောင်း ။ အထူး မကောင်း ။ အတော် မကောင်း ။ အလွန် မကောင်း ။ အဟုတ် မကောင်း ။ တကယ် မကောင်း ။ အမှန် မကောင်း ။ မကောင်းရေးချ မကောင်း ... ။ မ .. သဝေထိုး ကကြီး ရေးချ ငသတ် ဝစ်စနှစ်လုံးပေါက် မကောင်းပါခင်ဗျာ ။

အရင်ခေါင်းစဉ်က ခဲရာခဲဆစ် မုန်းကြည့်ပါသည်ဆိုလားပဲ ။ ဒါဆို ဒီ ၁၀ ချက်က ရှာရှာဖွေဖွေ မုန်းရလေတာပဲ ။ မမုန်းလောက်ပေမဲ့ အားမလိုအားမရဖြစ်တာမျိုးတွေပဲ ဆိုတော့ တော်ပါသေးတယ်လေ ။ အမှတ်စဉ် ခွဲပြီး စဉ်းစားကြည့်မိတယ် ။
၎ ၈ ၉ ။ မျက်စောင်းပင် မထိုးသင့် ။
၁ ၃ ၇ ။ အလွန်အကျွံမဖြစ်သင့် ။
၂ ၅ ၆ ။ ဖျောက်နိုင်က ဖျောက်သင့် ။
၁၀ ... သေးငယ်ပေမဲ့ ကြီးကျယ်တတ်သမို့ အဲ့ဒီ ၁၀ ကို မုန်းတယ်မုန်းတယ်သာ ပြောလိုက်ဗျာ ။

တငယ်ဂျင်းရ ။ အချင်းချင်းတွေပဲနော် ။ နံပါတ်ခြောက်ကိုတော့ ကြောက်သကွဲ့ ။ အဟဲ ... ။
ပျော်ရွှင်ချမ်းမြေ့စေကြောင်းပါ ကိုယ့်ဆရာရေ့ ။

*87*

Anonymous said...

ဒါဆိုမမအတွက် ချစ်ဖို့ကောင်းတဲ့ အချက်၁၀ချက်ကိုရွေးပေးမယ် ၁။ရိုးသားခြင်း ၂။နှုတ်လုံခြင်း ၃။သူတပါးကိုဂရုစိုက်ခြင်း ၄။မိမိကိုဂရုစိုက်မှုကိုလဲ နှစ်ခြိုက်ပြီး တန်ဖိုးထားခြင်း ၅။ရန်ရှောင်ခြင်း ၆။သို့သော်မတရားမှုကိုမုန်းခြင်း ၇။ချစ်မွှေးပါခြင်း ၈။ထူးခြားရှုထောင့်မှတွေးမြင်ခြင်း ၉။မျှဝေလိုခြင်း မျှယူလိုခြင်း ၁၀။ဟာသဥာဏ်ရှိခြင်း ဒါကမွန်ရေးတဲ့ အသိသာဆုံးသူတပါးနဲ့မတူတဲ့ မမရဲ့ကောင်းခြင်း၁၀ချက် နောက်ရှိသေးတယ် ၂ယောက်ထဲကျမှ ပြောပြတော့မယ် ဟိ

Anonymous said...

ဟိ.. နောက်ကျမှ လာကြည့်မိတယ်..
တော်တော်များများတူနေပြန်ပြီ.. ဗိသုကာ မဟုတ်တာက လွဲလို့..။
အပျင်းထူ.. စကားနည်း.. အားကစားမလုပ်.. တစ်ယောက်ထဲ ကွန်ပြူတာနဲ့နေ..
အစ်မဆီကနေ အိုင်ဒီယာတွေ မီးညှိသွားတယ်.. =)