Wednesday, November 19, 2008

ကမ်းနား သစ်ပင်

ရာဇသင်္ကြန် …


လက်ဝဲသုန္ဒရ ..


အနန္တသူရိယ …


မင်းမျက်ရှတဲ့ အမတ်တွေ …


သူတို့ ကို ပုံပမာထား


ဆိုစကားက


မင်းမှုထမ်း


ကမ်းနားသစ်ပင် … တဲ့။


ဆိုးလိုက်တဲ့ ကြမ္မာ


သစ်ပင်ဖြစ်တာတောင်


အမြစ်တွယ်ရာ မှား


ကမ်းနားမှာပေါက်လို့  … တဲ့ …။


သူ့ ဆန်စား …. ရဲ


သူ့ ထံပါး …. မြဲ ခဲ့ပေမယ့်


လုပ်ရက်တယ်


ကမ်းပါးဖြိုသူရယ်


ယိုးလို့  ဖြို


ငြိုးလို့  ပြိုစေ… သတဲ့ …။


ဒီဘ၀တော့ သင့်ဆန္ဒပါပဲ


နောင်ဘ၀ကျရင်သာ



အင်း….


…..


နောင်ဘ၀ကျရင်လည်း


တုံ့ ယူဖို့  မကြံစည်ဝံ့ပါဘူး


ပဲ့ပြားပင်လိုပဲ ကျင့်တော့မယ်


နေခြည်ဖြာမှ နွေးသောကြောင့် …။ ။


 

12 comments:

Anonymous said...

ဒီကဗျာလေးဖတ်ပြီး အရင်တလောက အင်တာနက်မှာဖတ်လိုက်ရတဲ့ ကမ်းနားသစ်ပင်(နံမည်စာရင်း စာ ၁ မျက်နှာ)တို့သတင်းကို သတိရပြီး စိတ်မကောင်းဖြစ်မိပါတယ်

Anonymous said...

ချစ်မရေ
ကဗျာလေးကောင်းလိုက်တာ။
ကဗျာလေးဖတ်ပြီး အတွေးတွေနဲ့ ငိုင်သွားတယ်။

Anonymous said...

ကျေးဇူးတင်ပါတယ် အစ်မလေးမ
နေခြည်ဖြာရင် နွေးပါရစေ

Anonymous said...

အပေါ်က အကိုကြီးပြောသလိုပါပဲ အစ်မရေ :) ၊ အဆင်ပြေပါစေခင်ဗျာ :)

Anonymous said...

ကမ်းနားသစ်ပင်လေး ဖတ်သွားပါတယ်လေးမရေ။ စကားမစပ် လေးမ ကွန်မင့်ရေးတာတော့ လွှတ်ကောင်း ပဲဗျနော်။ တကယ်ပဲ။ မိသားစုနဲ့တကွ ကျန်းမာပါစေ...

Anonymous said...

နေခြည်ဖြာတော့ နွေး.. နေပူလာတော့ ပြေး.. ပေါ့ မလေးမ။
အစစ အဆင်ပြေပါစေ။
ရေကြည်သာလို့ အေးချမ်းပါစေ။ ('',)

Anonymous said...

ကမ်းနားသစ်ပင်ဖြစ်တော့ ရေများများသောက်ရတာပေါ့လေ တောထဲက သစ်ပင်ဖြစ်ရင်လည်း တောခုတ်သမားနဲ့ တွေ့ ပြီး မီးသွေးဖုတ်ခံရရင်ကော ဘယ်လိုလုပ်မတုန်း :)

Anonymous said...

ကဗျာလာဖတ်တယ်မမ ..ပျော်ရွှင်ပါစေ..။

Anonymous said...

ဝေဖန်ရမှာ ရွံ့ပါတယ် ကဗျာက မာစတာပိစ် ကောမန့်က ကချော်ကချွတ်ဖြစ်နေမှာ
ဖတ်ပြီး ငိုင်သွားတယ် ငူသွားတယ် ငေါင်သွားတယ်မမ
ဝမ်းနည်းသွားတယ် အားနာသွားတယ် ကြေကွဲသွားတယ်
အဲဒီရာဇဝင်ထဲက အမတ်ကြီးတွေအတွက်.......

Anonymous said...

မလေးမက ကဗျာရေးလည်း တော်တယ်ဗျာ.. အားကျခံစားသွားပါတယ်ဗျာ..

Anonymous said...

မလေးမ ကျွန်တော်ဒီကနေ့ပဲ မလေးမဆီကိုရောက်ပါတယ်။ ရောက်ရောက်ချင်း ရင်ကိုခွင်းတော့တာပဲ ကဗျာကတစ်ဆင့် အသွေးအသားထဲစီးဆင်းမိသွားလို ချရေးလိုက်တာပါ လေးစားပါတယ် "မလေးမ"
ကမ်းနားသစ်ပင်ဘ၀ ကိုနားလည်ရလို့

Anonymous said...

အကြွေးလာရှင်းတဲ့အနေတဲ့ အပေါ်ကစဖတ်လာတာ
သုံးပိုစ်ပဲဖတ်ရသေး
အကုန်ကြိုက်နေမိတော့တာပဲ
ဒွတ်ခ
:)