Tuesday, November 25, 2008

အမေးအဖြေ




ကြာပြီလား


မကြာသေးပါဘူး…


မကြာသေးဘူးလား…


နည်းနည်းတော့ကြာပြီ


ဘယ်လောက်ရှိပြီလဲ


၅ နှစ်ပါ


ဘယ်တုန်းကပြည့်သွားတာလဲ


နိုဝင်ဘာလထဲမှာပဲ


ပျော်လား


အပျော်အတွက် လက်တွဲခဲ့တာမှမဟုတ်ဘဲ


စိတ်ချမ်းသာလား


ချမ်းသာတယ်


အဆင်ပြေတယ်မဟုတ်လား


ပြေပါတယ်…


ရန်ဖြစ်ဖူးလား


ဖြစ်ဖူးတယ်


ခဏခဏပဲလား


တစ်ခါ


ဘာလို့  ရန်မဖြစ်တာလဲ


ရန်ဖြစ်ရတာ ပင်ပန်းလို့ 


အားလုံးကျေနပ်စရာတွေချည်းပဲလား


မကျေနပ်တာတွေလည်းရှိတယ်…


မကျေနပ်တာကို ဘယ်လိုလုပ်လဲ


ကျေနပ်အောင်နေလိုက်တယ်


၅ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့ မှာ ဘာဖြစ်ချင်လဲ


သူ့ ဆီက လက်ဆောင်တစ်ခုခု လိုချင်တယ်…


သူက ပေးမယ်ထင်လား..


မထင်ဘူး…


တောင်းလိုက်ပါလား


မတောင်းဘူး


လက်ဆောင်မရရင် ဘယ်လိုလုပ်မလဲ


ကျွန်မကပဲ လက်ဆောင်ပေးလိုက်ပါ့မယ် …


ဒီစာဖတ်နေတဲ့သူတွေကို တစ်ခုခုပြောပါဦး


တကယ်ချစ်ခဲ့ပါတယ် ဆိုတာကတော့ လုပ်ဇာတ်မဟုတ်ပါဘူး ပရိတ်သတ်ကြီးရယ် … ။ ။

22 comments:

Anonymous said...

မိုက်တယ်ဗျာ :)
မင်္ဂလာသက်တမ်း(၅)နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုကောင်းကင်ကြီးနဲ့ ရွှေလက်တွဲခိုင်မြဲလို့ သားသားမီးမီးလေးတွေနဲ့အတူ သာယာပျော်ရွင်စရာ ကောင်းတဲ့မိသားစု ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် အစ်မကြီးရေ :) :D

Anonymous said...

ငါးနှစ်ပြည့်မှသည် ရွှေရတု စိန်ရတု တိုင်အောင် ပြီးပြည့်စုံသာယာတဲ့ မိသားစုလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် လေးမရေ...........

ပရိသတ်ကြီးကလဲ ယုံပါတယ်ဗျ :P

Anonymous said...

ငါးနှစ်ပြည့်မှသည် နောင် နှစ်ပေါင်းများစွာတိုင် “တကယ်ချစ်ခဲ့ပါတယ်ဆိုတာ လုပ်ဇာတ်မဟုတ်ပါဘူး ပရိတ်သတ်ကြီးရယ်” လို့ သားသားမီးမီးလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဟစ်အော်နိုင်ပါစေ... အဟတ်ဟတ်... စတာပါ အစ်မရာ... ပျော်ရွှင်ချမ်းမြေ့သော မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ...

Anonymous said...

ရေးထားတာလေးမိုက်တယ်အမလေးမရေ**
မင်္ဂလာသက်တမ်း ၅ နှစ်မှစပြီး အိုအောင်မင်းအောင်ပေါင်းရပါစေ
အမလေးမရေ**ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ***

Anonymous said...

လန်းတယ်ဗျာ. အခုတစ်လော ပို့စ် အတော်များများ Feed ကနေ ယူဖတ်ဖြစ်နေလို့. အိမ်တိုင်ယာရောက် မရောက်ဖြစ်နိုင်ဘူး ဖြစ်နေတာ။ ဒီတစ်ပုဒ်ကိုတော့ အစ်မ အတွက်ရော၊ ကောင်းကင်ကြီး အတွက်ပါ ဆုတောင်းရင်း ဒီအထိလာ ပြီး မှတ်မှတ်သားသား မှတ်ချက်ရေးသွားပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် ဒီ့ထက်မက နားလည်ချစ်ခင်ကြတဲ့ ၊ သာယာ၊ အောင်မြင်တဲ့ မိသားစုဘဝကို ရာစုနှစ်များစွာတိုင် ရိုးမြေကျ တည်ဆောက် နိုင်ကြပါစေဗျာ.။ :)

Anonymous said...

(၅) နှစ်မှသည် နှောင်နှစ်ပေါင်းများစွာ တည်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..
ပျော်ရွှင်အဆင်ပြေပါစေ..

ပရိသတ်ကြီး ယုံပါတယ်.. :)

Anonymous said...

ကဗျာလိုခံစားပြီး ဖတ်သွားပါတယ် လေးမရေ

Anonymous said...

မလေးမရေ ဆုတောင်းပေးတယ်နော်။ ငါးနှစ်မှ အနှစ်တစ်ရာ တိုင်ပါစေ။

Anonymous said...

လုပ်ဇတ်မဟုတ်မှန်းသိပါတယ် စိုင်းစိုင်း ကြီးတော် ဒေါ်လေးမရေ့ :P ကောင်ကင်ကြီးနဲ့  ရတုအဆက်ဆက် ရွှေလက်တွဲလို့  ဆံဖြူသွားကြိုးချစ်နိုင်ကြပါစေ .............။

သားကိုလည်း တစ်ယောက်လောက်ရှာပေးးးးးး ဒါပဲ ဂလောက် :D

မှတ်ချက်။ ။ ဘလော့တွေ ၀င်မရလို့  လူကြုံပြောပေးပါ ဦးကြွက်ကြီး ၊ကိုတင့် ၊ကိုကျန် ၊ မီ ၊မွန် နဲ့  ဝေလေးတို့ ကို သတိရကြောင်းးး လူကြုံခ နောက်မှ မုန့် ဝယ်ကျွေးမယ် ။

Anonymous said...

တစ်ကယ်ပဲ တစ်ခါပဲ ၇န်ဖြစ်ဖူးတာလားဟင်..
လေးမ တော်လိုက်တာ..

ပျော်ရွှင်သော မင်္ဂလာနစ်ပတ်လည်ဖြစ်ပါစေနော်.. အိုအောင်မင်းအောင် ပျော်ရွှင်စွာ ပေါင်းသင်းနိုင်ပါစေ.. မြေးတွေမြစ်တွေတီတွေကျွတ်တွေ.. အများကြီးနဲ့..

မလေး

Anonymous said...

၅ နှစ်ကြီးတောင်ရှိပြီပေါ့
တသက်လုံး.... အဘိုးကြီးကိုကောင်းကင်ကို အဘွားကြီး မလေးမ က မောင်တွေ ဘာတွေခေါ်နိုင်ပါစေသော်ဝ်

Anonymous said...

ရွှေရံတဲ့ မြ ပမာ
ဝေယံ နဲ့ လစန္ဒာရယ် ...

အဲ့ဒီ ချစ်စရာ့ နွံထဲ
သမုဒယ လွန်ဆွဲလို့ ... ။

တူ မခွဲ
ဒွန်တွဲကာ ထာဝရ ...

မြဲစေ တည်စေသောဝ် ... ။

PS : မိမွန် ဘာလာရေးမလဲ ကြည့်ဦးမယ် ။

ပျော်ရွှင်ချမ်းမြေ့ပါစေ ယောင်းမရေ့ .... :)

Anonymous said...

တခါပဲရန်ဖြစ်ဖူးတာ သိပ်တော်တာပဲ အစ်မရော အစ်ကိုရော
၅ နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတိုင်အောင် သေတပန်သက်တဆုံး ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုလေးကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။
သားသားမီးမီးတွေ ရတဲ့အထိ ဘိုးဘိုးဘွားဘွားအရွယ်ထိတိုင်
“တကယ်ချစ်ခဲ့ပါတယ်ဆိုတာ လုပ်ဇာတ်မဟုတ်ပါဘူး ပရိတ်သတ်ကြီးရယ်” လို့
ကြည်နူးပျော်ရွှင်စွာ ဟစ်အော်နိုင်ပါစေဗျား :P
ကြည်နူးစရာကောင်းလိုက်တာ အရင်နှစ်ကလဲ တခါကြည်နူးအားကျရတယ်ဗျ
ကျောင်းလေးနောက်ကျနေတာနဲ့ပဲ ဘော်ဘော်တွေကအကုန်ရောက်ပီးနေမှကိုး
အစ်မလေးမအမှတ်တရကျွေးတဲ့မုန့်တွေတောင် ကျန်ပါဦးမလားမသိ :)
ကြောင်မျိုးလေး ဂိုဏ်းချုပ်ကြီးကို အလုပ်ပေးသွားတယ်ပေါ့လေ
ညီလေးလဲ အဆင်ပြေပါစေကွာ

Anonymous said...

၅နှစ်အတွင်းမှာရန်တစ်ခါဘဲဖြစ် ဘူးတယ်ဆိုလို့ အားကျမိတယ်..။
ပရိတ်သတ်တွေကလည်းယုံပါတယ်.. :P
အစ်ကိုကြီးနဲ့ မမ..တသက်တာထာဝရရွှေလက်တွဲလို့ တည်မြဲပါစေ..။

Anonymous said...

.. အိုး.. ငါးနှစ်တောင် ရှိပြီပဲ .. ဆက်လက်ပြီး စိတ်ချမ်းသာစွာ လက်တွဲနိုင်ပါစေ။
လက်ဆောင် ပေးလည်းပေး ရလည်း ရပါစေ =)

Anonymous said...

Happy Anniversary ! ( 22.11.08 )

Love U n Miss U . Pass my regards to ur family. Don't forget to treat me naw. :P

Anonymous said...

တခါရန်ဖြစ်တယ်ဆိုလည်း ချစ်လို့ကျီစယ်ကြတာပဲ ဖြစ်မှာပါ

သက်ဆုံးတိုင် အိုအောင်မင်းအောင် ပျော်ရွှင်စွာ လက်တွဲနိုင်ကြပါစေ။

Anonymous said...

ငါးနှစ်ပြည့်တဲ့လား i envy u,
i jealous u ဟားဟား စတာ မမ
နေပါဦး မကျေနပ်တာကို ကျေနပ်အောင်ဘယ်လိုနေလိုက်သလဲ
အဲဒါကို သိချင်ပါတယ် ဖြေကြားပေးပါ

Anonymous said...

ဆုတောင်းပေးတဲ့... ဘိုတင့်.. ကိုအတာ... ဘိုလွမ်း.. သီဟ... မှော်ဆရာ.. ကိုရင်နော်ခင်လေးငယ်..... ပုံရိပ်... သားကြွက်.. မလေး... sin dan lar .... ဘိုညိမ်း.. စိုးမိုး...မပန်...
ကဗျာလို ဖတ်သွားတဲ့ ကညိုထက်နဲ့  ကဗျာရေးပေးသွားတဲ့ ယောင်းမ ...
လက်ဆောင်ရစေချင်တဲ့ ရွှန်းမီ...
မအားပေမယ့် မမေ့တဲ့... မိ... ။
မနာလိုဖြစ်တဲ့ မွန်...
အားလုံးကို ကျေးဇူးတင်ပါတယ်.. ။ ပေးတဲ့ဆုတွေ ပြည့်ရပါစေ...။
မွန် မေးတာ ဖြေပါ့မယ်... မကျေနပ်တာကို ကျေနပ်အောင်ဆိုတာ.. အမျိုးမျိုးလှည့်တွေးပြီး နားလည်ပေးလိုက်တာကို ပြောတာပါ..။ ဥပမာ.. အော်သူမအားလို့ ပဲ.. သူအလုပ်များနေတာကိုး... သူ့ အကျင့်ပဲလေ... အဲလိုမျိုးပေါ့...။

Anonymous said...

မအားလို့မရောက်ဖြစ်.. နောက်ကျပြီ..
မမလေးမ ရေးထားတာလေးမိုက်တယ်
ငါးနှစ်မှ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်သောမိသားစုလေးဖြစ်ပါစေနော် မမ...
အစ်ကိုတော် မောင်မျိုး အလုပ်ပေးသွားတယ်.. ဟဟ
မုန့်များများဝယ်ကျွေးခိုင်းလိုက် .... :D

Anonymous said...

လေးမရေ.. ဖတ်လို့ကောင်းလိုက်တာ.. နောက်ဆုံးက စာဖတ်သူကို တခုခုပြောခဲ့ပါဦးဆိုတာလေး သဘောကျတယ်... :)

Happy Anniversary !!

လေးမနဲ့ ကောင်းကင်ကြီးတို့ ၅ နှစ်မြောက်မှသည် နောင် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ.. ကောင်းကင်ကြီးပြီးတော့ ကောင်းကင်လေးတွေ ဘယ်တော့လာမှာလဲ.. :)

Anonymous said...

ဘာပဲဖြစ်ဖြစ် သံယောဇဉ်တွေကို မြင်သာပါတယ်။
အမအတွက် လေးဖြူသီချင်းဆိုပေးသွားတယ်

~~သံယောဇဉ် သံယောဇဉ် လူကိုအရူးတစ်ပိုင်းဖြစ်စေတယ်
ဒီသံယောဇဉ်.... ဒီသံယောဇဉ်.... သံယောဇဉ်~~

အမအဆင်ပြေပျော်ရွှင်ပါစေဗျာ