Sunday, May 25, 2008

မိုးရွာနေသည် ( ၂ )

မိုးဦးကာလ ရောက်တော့မည် ဖြစ်သောကြောင့် မိုးရွာသည်… ။


မိုးနှင့်အတူ မုန်တိုင်းလာသည် … ။


မုန်တိုင်းတွင်လေပါ၏…။


လေနှင့်အတူ လှိုင်းလာ၏ …။


လှိုင်းနှင့် အတူ အိမ်များ … လူများ … တိရစ္ဆာန်များ … ၀မ်းစာများ … အဆင်တန်ဆာများ … ပါသွားလေ၏…။


ပါသွားသောအရာများနောက်တွင် ငိုကြွေးမှုများ … ကြေကွဲမှုများ … ပူဆွေးမှုများ … ဆုံးရှုံးမှုများ ကျန်နေခဲ့၏ …။


ကျန်နေခဲ့သောအရာများအား အမှီပြုဒေါသနှင့် ကျိန်ဆဲမှုများ လှိုင်းထလာပြန်သည် … ။


လောဘသားအချို့ သည် မေတ္တာရှိဟန်ပြ ၍ ကိုယ်ကျိုးရှာနေကြပြန်သည် … ။


နိုင်ငံရေးအမြတ်ထုတ်သူတို့သည် ဂရုဏာရှိဟန်ပြ၍ အမြတ်ထုတ်ရန် ကြံစည်ကြပြန်သည်… ။


အဆုံးသတ်တွင် ကလေးများသည် ပျော်ရွှင်မှု ကင်းမဲ့ကြကုန်၏ … ။


အဖြူရောင်နှလုံးသားများသည် ညစ်ထေးလျက် ငိုကြွေးကြကုန်၏… ။


မိန်းမတစ်ယောက်သည် တစ်ခွေ ၅၀၀ ဟူသော ၂ ခွေ တွဲ..၊ ၃ ခွေတွဲများကို စိုက်ကြည့်ရင်း စီဒီချပ်များကို ထမင်းထုပ်များအဖြစ် စိတ်ကူးယဉ်ကြည့်နေ၏ … ။


ထို့ နောက် မိုးရွာလာသည် … ။


မိုးရာသီ စပြီဖြစ်သောကြောင့် မိုးဆက်ရွာနေသည်… ။


မိုးသည် ဆက်၍ ...ဆက်၍ ... ရွာနေပေလိမ့်မည်…။ ။




မိုးရွာနေသည် ( ၁ )

7 comments:

Anonymous said...

မိုးရာသီ စပြီဖြစ်သောကြောင့် မိုးဆက်ရွာနေသည်…
မိုးသည် ဆက်၍ …ဆက်၍ … ရွာနေပေလိမ့်မည်
သူခိုးများ ဆက်၍ ခိုးနေလိမ့်မည်
လူမိုက်များ ဆက်၍ မိုက်ပြီးး
မသေခင်ထိ ဒုက္ခပေးလိမ့်မယ်.............။
( စီဒီချပ်များကို ထမင်းထုပ်များအဖြစ် စိတ်ကူးယဉ်ကြည့်နေတဲ့ မိန်မတစ်ယောက်ရဲ့ အတွေးကို လေးစားတယ် :) )

Anonymous said...

အခုအချိန်အထိကို မိုးရွာနေတယ်ပေါ့နော် အစ်မလေးမ
အရေးအသားကောင်းသောကြောင့် မိုးရေထဲမျောပါသွားပါသည် ။

Anonymous said...

ကျနော်လဲ မျှားပြာကြီးလို အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ အစစအရာရာအဆင်ပြေပါစေ အမလေးမရေ။ ကျနော် ပို့တွေကိုသေချာဖတ်ပါတယ်။ ဒါပေမဲ့ ပို့တွေနဲ့လိုက်ဖက်ညီတဲ့ ကွန့်မန့်တွေမရေးတတ်ဘူးဖြစ်နေတယ် အမလေးမရေ။ ဒါလဲ ကျွမ်းကျင်မှုတခုပဲနော်။ ကျေးဇူးတင်ပါတယ်ဗျာ

Anonymous said...

မမရေ့ ..မိုးရွာနေသည်..ဆက်ရွာနေပြီပေါ့ ..မမရယ်အားလုံးအဆင်ပြေပါစေ..

Anonymous said...

မလေးမရယ်။ ..
မိုးရေထဲမှာ တစ်စစီ . . . . မျော . . .
မိုးဆက်ရွာလဲ အမိုးအကာ လုံရင်တော့ မဆိုးပါဘူး။ ..
မဟုတ်ရင်တော့ . . .
မရွာလဲ မျော၊ ရွာလဲမျော . . .

Anonymous said...

ရိုးရိုးမိုးကတော့ လူချမ်းသာတွေက အိပ်ကောင်းတယ်
သူဆင်းရဲတွေ အလုပ်အကိုင်ပျက်တယ်ပေါ့ ။
ခုလို လေရော မိုးရော ... စုံသွားတော့
ရေမီးစုံတဲ့ ဘ၀တွေလည်း မခံနိုင်ကြဘူး ။
ဒါတောင် သူဌေး သင်္ဘောမှောက်တာနဲ့ သတောင်းစား ခွက်ပျောက်သလို ကွာပါသေးတယ် ။
တကယ်ထိတာက ... တကယ့်လူတွေပါ ။
မထိတာက လူတွေလို့ ပြောတာမဟုတ်ဘူးနော် ။
တကယ်ကို အသက်မွေးမှုပင်ပန်းတဲ့လူတွေလို့ပြောတာပါ ။
လူတန်းစား အမြင်တွေ ပါကုန်ပြီ ။ ဆောရီးဗျာ ။
ရေးထားတာလေး ကောင်းလို့ ဆက်တွေးမိတာပါ ။
ကျေးဇူးတင်ပါတယ် ။
ပြန်ဖတ်ဖြစ်တဲ့ မိုးရွာနေသည် (၁) လည်း ကောင်းတာပဲ ။

Anonymous said...

ဒီမိုးက မိုးရေချိုးလို့ မရပေမယ့် ... တစ်ကိုယ်လုံးရွှဲတယ် ..။