Wednesday, May 28, 2008

တွေးမိသည်မှာ …

တနေ့ ညနေခင်းဍ္ဍ် လေးမသည် မီးဖိုချောင်ထဲတွင် ဂျာနယ်တစ်စောင်နှင့်အတူ ချက်ပြုတ်ကြော်လှော်နေ၏ …။


( ဘယ်လိုကြီးတုန်းလို့ မစဉ်းစားနဲ့.. ဟင်းချက်ရင်း ဂျာနယ်ဖတ်နေတာ ..လို့ မှတ်..)


ထို့နောက် ဟင်းအိုးထဲ ရေထည့်ကာ ကြက်သွန်နွှာရင်း စဉ်းစားမိသည်မှာ …..



လူတစ်ယောက်ကို တစ်နေ့  ဆန်နို့ ဆီဗူး တစ်လုံးပဲထား… တစ်ပြည်ကို ၈ ရက် … တစ်ပတ်စားရတယ်ပဲထား


တစ်တင်းခွဲအိတ်ဆိုရင် ၂၄ ပတ် စားရမယ်…


လူတစ်ယောက်ကို ဆန်တစ်အိတ် ၂၄ ပတ် နှုန်းနဲ့  သောင်းချီ သိန်းချီတဲ့ လူတွေကို ဘယ်သူက ရေရှည် တာဝန်ယူမလဲ … ။


ဆန်ကြမ်းက တစ်အိတ် ၂သောင်း … ဆန်ချောက ၅ သောင်း… ဆိုတော့ …။



အထက်ပါအတိုင်း စစ်စစ်ပေါက် တွေးမိသည်မှာ ဂျာနယ်တွင်ပါသော စာတစ်စုကြောင့်ဖြစ်သည် …။


“ အချို့ မှာ မိမိနေရပ်သို့  ပြန်လိုကြပြီး အချို့မှာ စိတ်ဓါတ်တွေကျဆင်းကာ ဒုက္ခသည် စခန်းများနောက်သို့သာ လိုက်လံ စားသောက်နေတော့မည် ” ဟုသိရ ..။ ”



ဒီလိုဆို လူညွန့် တုံးပြီပေါ့ …။ အလှူရှင်တွေရှိလို့ ကျွေးနိုင်တယ်ပဲထား … နိုင်ငံတော်အတွက် နစ်နာပေသည် … လူ့စွမ်းအားဆုံးရှုံးပေတော့မည် … ( အလဲ့ … လေကြီးလေကျယ် တွေးကြည့်တာ … ) …



ထိုသို့မဖြစ်ရန် ထိုသူတို့၏ စိတ်ကို ဦးစွာ ဖေးမပေးရမည် …။


လုပ်ကိုင်စားသောက်နိုင်ရန် စီစဉ်ပေးရမည် …။


အလုပ်ဟုဆိုရာတွင်လည်း သူတို့ မူလက လုပ်ကိုင်ခဲ့သော လယ်အလုပ် .. တံငါအလုပ် ..အစရှိသည့် ကျွမ်းကျင်ပြီးသား အလုပ်များဖြစ်မှသာ အဆင်ပြေလိမ့်မည် …။


လယ်များမှာ ရေငန်ဝင်သောကြောင့် ရေငန်တွင်စိုက်သော စပါးမျိုးကို စိုက်ပျိုးနိုင်ရန် နည်းလမ်းရှာရပေတော့မယ်…။ ထို့နောက် လယ်ယာ အထောက်အကူပြု ကျွဲ… နွားများပံ့ပိုးရမည် …။


နေစရာ အိမ်စီမံပေးရမည် …။ အိမ်အတွက် အဖိုးအခ သတ်မှတ်ပြီး ငွေသွင်းခိုင်းလျှင်လည်း မသင့်မလျော် ဖြစ်ဦးမည်…။ လူတိုင်းအတွက် အိမ်တစ်လုံးစီဆောက်ပေးရလျှင်လည်း ဒေ၀ါလီခံရကိန်း ရှိသည် …။


တော်အိရော်အိ အိမ်မျိုးလည်း ဆောက်ပေးလို့မဖြစ်ပေ …။


ရေမြေအနေအထားပြောင်းသဖြင့် မုန်တိုင်းသည် လမ်းပွင့် သွားပြီ ဖြစ်ရာ နောင်နှစ်တွေ အတွက် အတော်အတန် ခံနိုင်သော အိမ်မျိုး ဖြစ်မှ တော်ပေလိမ့်မည်…။


မြေပိုင်ဆိုင်မှု … လယ်ပိုင်ဆိုင်မှုများ ခွဲခြမ်းစိတ်ဖြာခြင်းအမှု ပြုရမည် … ။



ထိုထိုသို့သော အကြောင်းအရာများကို များများစားစား တွေးတောပြီးသကာလ လေးမသည် ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချပြီးသည့် မျက်နှာထားနှင့် ဇတ်ခနဲထကာ အသံတိတ် ကြွေးကြော်လိုက်သည်မှာ …



“ တော်ပြီ .. ???? ကျရင် ရွေးကောက်ပွဲ မ၀င်တော့ဘူး. ..။ သမ္မတဖြစ်ရင် ဦးနှောက်ခြောက်နေဦးမယ်…။ ငါ့ဟာငါ အေးရာအေးကြောင်း မီးဖိုထဲမှာ ထမင်းချက်နေတာပဲ ကောင်းတယ် … ” ဟူသတည်း …. .။ ။



မှတ်ချက်။ ။ ရိုးရိုးလေးဖတ်ပါ ..၊ ပါးပါးလေးတွေးပါ …၊ ၀ိုးတ၀ါး မေ့လိုက်ပါ ... ။

18 comments:

Anonymous said...

မလေးမ .. :-)
ဂျာနယ်နဲ့ မီးဖိုထဲဝင်တာ ကံကောင်းလို့ ဟင်းအိုး မတူးတယ်။ ကြက်သွန်နွှာရင်း စဉ်းစားနေတဲ့ မလေးမကို မြင်ယောင်ပါတယ်။ ဟင်းအိုးထဲ ရေပိုဝင်သွားလား? (ငိုနဲ့နော်။)
ရေးဟန်က .. ဖတ်ရတာ အဆင်ပြေပါတယ်။
ဆရာ သော်တာဆွေ၊ ဆရာ ပီမိုးနင်း ရေးဟန်တော့ မသိဘူး.. သိပ္ပံမောင်ဝ လိုလို ထင်မိတာ။

Anonymous said...

မမတွေးတာတွေဟုတ်တယ်နော်..ဘယ်လိုလုပ်ကြမလဲ....အေးရာအေးကြောင်းထမင်းချက်တာပဲကောင်းတယ်......

:D :P

Anonymous said...

မွန်တွေးတာတစ်ခုရှိတယ်သိလား
ဒုက္ခသည်တွေကများတော့ မိသားစုတစ်စုက လူတစ်ယောက်လောက်ခဏခေါ်ထားပြီး စိတ်ဓာတ်ရော လူပါကျန်းမာလာတဲ့ထိ တာဝန်ယူပေးရင် တနိုင်ဖြစ်မလားလို့
ပြီးမှ ရှေ့ဆက်ပြီးစီစဉ်ရင်ရော
မွန့်အတွေးကြီးက ဂေါက်ကြောင်လားမသိဘူးနော် ချစ်မ

Anonymous said...

တီကြွက်....တော်သေးတာပေါ့ တွေးတာကို ဖြတ်လိုက်လို့  မဟုတ်ရင် ဟင်းအိုးတူးမှာ သေချာတယ်း) အမှန်းတွေကြီးလိုက်မတွေးနေနဲ့  အုံးတွေးရင် ဒေါသဖြစ်မိရင် ကိုယ်ပဲ အကုသိုလ်တက်မှာ ဟိုသေနာကြီးတွေကတော့ ဘာမှမဖစ်ဘူး :P ။ ဦးနှောက် ခြောက်မခံနဲ့  ကောင်းကင်ကြီး အနားမှာပဲ အေးဆေးနေ ။

ပုံ/
Obama အား မဲခိုးနည်းများ ပို့ ချသင်ကြားနေသော
ဒေါက်တာ မစ္စတာကြွက်စုတ်

Anonymous said...

ကောင်းတယ်ဗျို့. ကြက်သွန်နွာရင်း တွေးပေလို့သာပဲ.. အကြမ်းတစ်အိုး ဘေးချပြီး သေသေချာချာ တွေးလိုက်ရင် မလွယ်လောက်ဘူး. =)

အဆင်ပြေပါစေဗျာ.

Anonymous said...

ကြက်သွန်နွှာရင်းနဲ့ဆိုတော့ မျက်ရည်လည်း ကျမိမှာပေါ့ အိမ်ရှင်မကြီးရေ... တကယ်တမ်းပြောရရင် အိမ်တစ်လုံးရဲ့ အရေးဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် ထမင်းနပ်မှန်အောင် မစားရတာ ကိုယ့်အပြစ်လို့ အမြဲတမ်းဆိုလို့မရဘူးဗျ။

Anonymous said...

အမလေးမရဲ့ မှတ်ချက်ကို အတိအကျလိုက်နာပီး ကျနော်ဖတ်သွားပါတယ် :) အစစအရာရာ အဆင်ပြေပါစေ ပျော်ရွှင်ပါစေ အမကြီးရေ :)

Anonymous said...

"???? ကျရင် ရွေးကောက်ပွဲ မ၀င်တော့ဘူး. ..။ သမ္မတဖြစ်ရင် ဦးနှောက်ခြောက်နေဦးမယ်…။ ငါ့ဟာငါ အေးရာအေးကြောင်း မီးဖိုထဲမှာ ထမင်းချက်နေတာပဲ ကောင်းတယ် …"..
အဟီး...ပိုင်ပ...တော်ပြီ...ငါလည်းတမ္မတတယ်ရင်း တော့လုပ်ချင်ဘူးနော်....တော်ကြာ..နင့်အကြောင်းငါ့ ကိုပိုက်ဆံပေးပြီး..လာမေးရင်...အဟိ...ပြောပြမိမှာဟ..
ငါကရိုးသားတယ်လေ...ခိခိ...
တယ်ရင်း...အကြောင်းအရာလေး..အတွေးလေးတွေကဆန်းပြီးရင်းဆန်းလာတယ်...
ငါတယ်ရင်းတော်တယ်ဆိုတာတိပြီးသား...ဆက်လုပ်...
ငါရှိတယ်..နင်ဘာလုပ်လုပ် နင့်နောက်မှာငါရှိတယ်...မိ...

Anonymous said...

လေးမရေ.. ဟင်းချက်ရင်း ဂျာနယ်ဖတ်တယ်ဆိုတော့ ဘာဟင်းတွေများ ချက်လဲ.. :D
ကြွေးကြော်လိုက်တယ်ဆိုလို့ အမက ဘာများလဲလို့ ဆက်ဖတ်နေတာ.. “အေးရာအေးကြောင်း မီးဖိုထဲမှာ ထမင်းချက်နေတာပဲ ကောင်းတယ် … ” အင်း.. အဲဒါလည်း ကောင်းတာပဲ.. :)

Anonymous said...

လေးမရွေးကောက်ပွဲဝင်ရင်ကျနော်မဲပေးမှာပေါ့ဗျ...လေးမပေးတဲ့ရာထူးကြီးတော့ကြောက်တယ်ဗျို့ ..တာဝန်မကျေမှာကြောက်တယ်...ဟားဟား...လာမအော်နဲ့ ဆိုပေမယ့်လာအော်လိုက်ပြီဗျာ...မနေနိုင်ဘူး

Anonymous said...

လေးမတို့များ သမ္မတ မလုပ်ချင်ဘူးပဲ ကြွားတယ်။ ဟင်းကျက်ရင် ထမင်းလာစားဖို့ကျ မခေါ်ဘူး :P

Anonymous said...

သိပ်မစိုးရိမ်ပါနဲ့။ ရွေးကောက်ပွဲဝင်လိုက်ပါ။ အကြီးအကဲဖြစ်ရင် ဘာမှလုပ်ပေးစရာမလို နေပြည်တော်မှာ ဇိမ်နဲ့ နေရပါမည်။

Anonymous said...

မလေးမရေ..... ဟင်းချက်ရင်း တွေးတဲ့အတွေးလေး ကောင်းတယ်ဗျာ။

Anonymous said...

မရိုးမသားဖတ်၏။ အထူကြီးတွေး၏။ ချက်ချင်းမေ့ပြစ်၏ ...။
:P

Anonymous said...

K
Q
H

Anonymous said...

ရွေးကောက်ပွဲ မ၀င်ဘူးလား။ ဟဲဟဲ ပြိုင်ဖက်တယောက်တော့ လျော့ပြီ။

Anonymous said...

သူငယ်ချင်း
အတွေး ရော အရေး ရော မိုက်တယ်။
အားပေးနေတယ်။

Anonymous said...

မမ.....ဟင်းအိုးတူးသွားလားဟင်......ဟဲ ဟဲ
ကောင်းတယ်မမ။ကိုယ့်ဘာသာနေတာပဲကောင်းပါတယ်..ဟုတ်ဘူးလား......:P