Monday, December 29, 2008

စိတ်ကူးယဉ်ခြင်း

 စိန်ပွင့်လေးတွေလို တဖျတ်ဖျတ်တောက်နေတဲ့ ကြယ်လေးတွေကို မမှီ့ တမှီ  လှမ်းထိလိုက်ရင်း လမင်းကြီးကို မခို့ တရို့ ပြုံးပြလိုက်တယ်…။ မည်းမှောင်နေတဲ့ ညကတီပါနောက်ခံမှာ လေးမ စီးနင်းလိုက်ပါလာတဲ့ ယာဉ်ပျံလေးက မီးရောင်စုံလင်းလက်လို့  တောက်တောက်ပပလေးဖြစ်နေပါတယ်…။


“မလေးမရေ… စောင့်ပါဦး… နေ့အိပ်မက်လည်း လိုက်မယ်… ”


“ လာလာ… မြန်မြန်.. ကြိုးချပေးလိုက်မယ်.. တက်… တက်… ဟဲ့ … လက်ထဲက စာအုပ်တွေ ထားခဲ့လေ.. လေးတယ်…”


“ မဖြစ်ဘူး… မထားခဲ့နိုင်ဘူး.. ပလုတ်တုတ်စာစောင်တွေ.. နေ့ အိပ်မက် ကဗျာတွေပါတယ်.. ပြီးတော့ ဟိုမဂ္ဂဇင်းတိုက်အတွက် ရေးလက်စ စာမူတွေ .. မမရဲ့..”


“ အဂါင်္ဂြိုဟ်မှာ အေးအေးဆေးဆေး နားပါမယ်ဆိုအေ …”


“ နားချိန်မှာလည်း စာနဲ့  မခွဲနိုင်ဘူး.. မမရဲ့… ဒါနဲ့  အဂါင်္ဂြိုဟ်မှာ ကိုးနတ်ရှင် ကောင်းရဲ့လားမသိဘူးနော်… ဘလော့ဂ်တွေ လည်လို့ မှရပါ့မလား.. မမ.. ဘန်းတာတွေ ဘာတွေများ ရှိလားမသိ..”


“ မပူပါနဲ့ .. မမတစ်ယောက်လုံးပါတာပဲ… အင်တာနက်သာ သုံးလို့ ရရင် ကျန်တာ ဘာမှမပူနဲ့ ..”


“ ဟွန်း.. ဟွန်း.. ဟွန်း.. မင်းဘယ်ပြေးမလဲ မိချိုသဲ… အဟဲ… တီကြွက်တို့က စိတ်ပုတ်တယ်ဗျာ.. အဂါင်္ဂြိုဟ်သွားတာ အနော့်ကိုကျတော့ မခေါ်ဘူး… ဒါပေမယ့် ဘယ်ရမလဲ.. အနော့်မှာ အင်ဖော်မာတွေ ရှိပြီးသား… မျက်စိတွေ .. နားတွေကို  ဖြန့် ကျက်ထားတာ… သိသိခြင်း စုံစီနဖာ အိမ်က အစာတောင်းနေတဲ့ ကြောင်ကို ခွစီးပြီး အမှီလိုက်လာတာ…။ ဟိုဘက်နည်းနည်းတိုး.. အနော်ထိုင်မယ်…။ ဂိုး.. ပြန်ပေတော့..ကြောင်ရေ..။”


“ကိုမျိုး.. ဘိုလို ရောမပြောပါနဲ့ .. အင်ဖော်မာကို .. သတင်းပေးသူ…  ဂိုးကို မြန်မာလို.. သွား.. လို့ ပြောလည်းရတာပဲ..”


“ဆောတီး.. နေ့အိပ်မက်ရယ်… အယ်… ၀မ်းနည်းပါတယ်… တောင်းပန်ပါတယ်… စိတ်မကောင်းပါဘူး.. အဲ.. သိတော့ဘူးဟာ… နောက်ဆို ဘိုလို ရောမသုံးတော့ဘူးနော်… စိတ်ဆိုးနဲ့ ..”


“ မမရေ.. မီ့..ကြောင်ကို မောင်မျိုး လုသွားတယ်… ”


“ ဟယ်… ရွှန်းမီ… လာလာညီမလေး.. ဘာလို့ နောက်ကျနေတာလဲ… ”


“ လမ်းမှာဗိုက်ဆာရင် စားဖို့  ပေါင်မုန့် ဖုတ်နေလို့.. မမရဲ့..”


“ပေါင်မုန့်တဲ့.. စားချင်လိုက်တာ.. ပေး..ငါ့ကိုတစ်လုံး…။ ဟင်… နင့် ပေါင်မုန့် ကလည်း အတူးကြီး…”


“ ကိုကြီးပန်လေ… မောင်မျိုးရဲ့… နင်ပဲ ကြိုက်တယ်ဆို..”


“ မမ.. ရှေ့ မှာ .. ရှေ့ မှာ… နတ်သမီးလေးလားမသိဘူး… တောင်ပံလေးခတ်ပြီး လာနေတယ်… လက်ထဲမှာပန်းကန်ပြားလေးနဲ့ …”


“ အားလုံး မာကလာပင်… ပလာတာ စားကြပါဦးရှင်.. မနက်အိပ်ယာထကတည်းက မျက်နှာတောင်မသစ်ဘဲ ထချက်ထားတဲ့ အာလူးပတာတာ.. ကြွက်သားပလာတာပါရှင်…”


“… ဂါဂါ … နင်သွားလည်းမတိုက်လာဘူးမဟုတ်လား… ခေါင်းလည်းဖြီးလာပုံမပေါ်ဘူး..”


“နင်ရော.. ဘယ်လောက် သန့်လို့လဲ.. နင့်ကိုယ်ပေါ်မှာ ယင်ကောင် ၃ ကောင်နားနေတာ နင်သိလား…”


“အယ်… ဟုတ်တယ်… မောင်မျိုးကို ဘာလို့  ယင်နားနေတာတုန်း…”


“ဟီး.. ချမ်းလို့  ရေမချိုးတာ ၁ ပတ်ကျော်သွားပြီ..”


“ဖြောင်း.. ဖောင်း…ဗုန်း..”


“မမ… ရှေ့ မှာ ဗုန်း… ထင်တယ်.. ကြယ်တွေ ပေါက်ကွဲ.. လွှင့်စင်နေတာတွေ့ တယ်…”


“တီကြွက်ရဲ့.. သွားကြည့်ရအောင်ပါဗျာ.. အားလုံးမကြောက်ကြပါနဲ့ .. ဗလကြီး မောင်မျိုးပါတယ်.. အရေးအကြောင်းဆို ခါးကိုတင်းတင်းဆွဲထား…”


“ ဟယ်… ဘိုညိမ်း.. ဘိုတင့်နဲ့ သီဟညိမ်း.. ပဲ … ဟိုဘက်က ကြယ်တွေကို ထိုင်မျှားနေတာ.. မျှားပြာ.. မဟုတ်လား..”


“ ဟာ.. ဟုတ်တယ်.. ဒီကောင်ကြီး.. ဒီရောက်နေတာကိုး… ဟေ့..ပဲဟင်း.. ချက်ကြီး…”


“မင်းတို့  ဒီမှာ.. ဘာလုပ်နေကြတာလဲ…”


“ငါတို့  နူးကလီးယား.. စမ်းသပ်မှုပြုလုပ်နေကြတာ..”


“ ဘိုညိမ်းတို့ က ဘာလို့  ဒီမှာ စမ်းသပ်နေတာတုန်း… ကမ္ဘာမြေပေါ်မှာစမ်းမှပေါ့..”


“ထိခိုက်မှု အနည်းဆုံး… ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်ပါ.. အစ်မ…။”


“အဆင့်မြင့် နည်းပညာတွေ သုံးပြီး တီထွင်ထားတာပေါ့နော်…”


“ ဟုတ်တယ်… အစ်မ… မင်းကျန်စစ် ပေးတဲ့ အကြံအတိုင်း တီထွင်ထားတာ.. မြင့်သလားမမေးနဲ့ .. ဒီနူးကလီးယား မှန်တဲ့ အရာဝတ္ထုက ပထမဆုံးယားမယ်… အတွင်းကလီစာတွေ မခံနိုင်အောင်ယားပြီး သူ့ ဟာသူ ပေါက်ကွဲသွားမယ်…”


“ ဟဲ့.. ပလုတ်တုတ်.. ကြောက်စရာကြီးပါလား… နင်တို့ ဟာတွေ ခဏ ရပ်ထားကြပါဦး.. ငါတို့ ကို မတော်တဆမှန်ကုန်ရင် လမ်းတစ်ဝက်မှာတင် နတ်ပြည်ရောက်ကုန်ဦးမယ်…”


“ ဟား…ဟား.. သိပ်မကြောက်ပါနဲ့  အစ်မရဲ့… ဒီနူးကလီးယားက မိန်းကလေးတွေကိုမှန်ရင် မပေါက်ကွဲပါဘူး… နည်းနည်းလေး ယားရုံလေးယားမယ်.. ယားပြီးရင်တော့ ရည်းစားဖြစ်သွားမယ်… ပစ် တဲ့သူနဲ့  … ဟဲ…ဟဲ…ဟဲ..”


“ ကျွန်တော်တို့ တောင် စမ်းသပ်မှုကို စာရင်းပိုပြပြီး နည်းနည်းစီ တိုထားသေးတယ်… လိုအပ်ရင် အရေးပေါ်သုံးဖို့ …”


“ကြည့်စမ်း… ဘိုတင့်… ဘိုညိမ်း.. တိုင်လိုက်ရမလား… သွားပြောလိုက်မှာနော်… ”


“ ဘိုတင့်ရေ.. အစ်မလေးမကတော့ ဘလော့ဂ်ပေါ်မှာတင်မကဘူး… ဒီနေရာမှာလည်း နိုင်ကွက်ရနေပါလားကွာ… ငါတို့ အဖြစ်ကို ကဗျာရေးကြစို့ …”


“ ဘိုညိမ်းရေ.. ခြေခင်းလက်ခင်းသာတဲ့ တစ်နေ့ ရေးကြတာပေါ့ကွာ… လောလောဆယ်တော့ စာမေးပွဲဖြေနိုင်အောင် စာတွေကို ကဗျာစပ်ပြီး ကျက်ကြဦးစို့ …”


“ ကဲ.. အစ်မတို့  ခရီးဆက်လိုက်ဦးမယ်… ။ မောင်လေးတို့ရယ်… အစ်မတို့  သွားပြီး နာရီဝက်လောက်နေမှ ဆက်စမ်းသပ်နော်.. ။ ”


“ စိတ်ချပါအစ်မရဲ့… ဖွာကနဲ လွှင့်စင်သွားတဲ့ ကြယ်စတွေကို မြင်ပြီး ရင်ဘတ်ထဲမှာ ပိုးဟပ်တွေ ရွစိတက်နေသလို ကဗျာရေးချင်စိတ်တွေ ဖွာလန်ကြဲနေလို့  ရေးလိုက်ဦးမယ်ဗျာ… ရေးပြီးမှ ဆက်စမ်းသပ်မှာ….”


“ အစ်မရေ.. ဟိုမှာ… ပူဖောင်းကြီးတစ်လုံး… လာနေတယ်..”


“ ပူဖောင်းထဲမှာ မျက်မှန်တ၀င်းဝင်းနဲ့  ထိုင်နေတာ ပိစိနဲ့  တူတယ် တီကြွက်ရဲ့…”


“ အဲဒီကောင်လေးကို တို့  ယာဉ်ပျံပေါ် ခေါ်လိုက်စမ်းပါဟယ်… တော်ကြာ မလေးမက ပိစိကို အဖတ်မလုပ်ဘူးလို့  အတင်းအုပ်နေဦးမယ်…”


“ ပိကျိ.. နင်က ပူဖောင်းကြီးနဲ့  စတိုင်လ်ထုတ်တာလား…”


“ ဟုတ်ပါဘူးဟာ… စိတ်ညစ်တာတွေ.. ဒေါသထွက်တာတွေ ပျောက်အောင် ပူဖောင်းမှုတ်ရင်း အရှိန်လွန်ပြီး လူပါ အထဲဝင်သွားတာ…။ ပြီးတော့ ဒီပေါ်လွှင့်လာတာ…။”


-


“ ဝေး.. ဟေး… ဟေး… အဂါင်္ဂြိုဟ်ပေါ် ရောက်ပြီ… လှလိုက်တာနော်… လာ… လာ.. ဓါတ်ပုံရိုက်ကြမယ်…”


“ ဟဲ့.. ဟိုနားက ကျောက်တုံးကြီးက စကားပြောသလိုပဲ… အသံကြားနေရတယ်… သွားကြည့်ရအောင်…”


“ ရှူး… ခြေသံလုံပါစေနော်…”


“ ကိုကို…ကလေး… ရော့စား… ကိုကို ကိတ်စား… ကလေးရော့ နှုတ်ခမ်းနီဆိုး… ကိုကို… ကလေး…”


“ ဟင်… ဆရာ့အသံနဲ့ တူလိုက်တာ… တီကြွက်ရေ”


“ ကိုကို.. ကိုကို့ ကားမှာ မီးလုံးလှလှလေးတပ်ဖို့ ပဲ စိတ်ဝင်စားနေတာလား… ကလေးနဲ့  ချက်ဖို့  ပျက်နေတာကြာပြီ… အဲ့ကားကို မနာလိုဖြစ်လာပြီ…”


“ ကလေးရယ်… ကိုကိုကလေ ကားလေးကို တအား စိတ်ဝင်စားနေလို့ ပါ… ကလေးနဲ့ ချက်ဖို့  ၂၄ နာရီမှာ ၁ နာရီလေးပဲ ပျက်မိတာပါ..”


“သေချာပြီဟ.. မောင်မျိုးရေ… ၁… ၂… ၃… မိပြီဗျို့ … ဒီအတွဲ… အဂါင်္ဂြိုဟ်ပေါ်မှာချိန်းတွေ့ နေတာ ဘလော့ဂ်ပေါ်မှာ ဖွလိုက်မယ်…”


“ လေးမ… ဘာပြောတယ်.. ဖွရဲဖွကြည့်ပါလား… နင့်ဘလော့ဂ် ဘာဖြစ်သွားမယ်…ထင်သလဲ… ဘာဖြစ်သွားမယ်…ထင်သလဲ…”


“ဟုတ်ကဲ့.. လေးမ ဘာမှ မဖွတော့ပါဘူး…”


ထိုစဉ်….


“ဖောင်း” … ပေါက်ကွဲသံတစ်ခုနဲ့အတူ မီးခိုးလုံးကြီး ပေါ်လာပြီး… မီးခိုးငွေ့ များ ပျောက်ကွယ်သွားသောအခါ အနက်ရောင် ၀တ်ရုံရှည်ခြုံထားသော လူတစ်ဦးပေါ်လာသည်…။ ထိုသူက ဆောင်းထားသော ကတော့ချွန်ဦးထုပ်ကိုပင့်ပြီး ခပ်ပြုံးပြုံးကြည့်ကာ “ wordpress plugin လေးတွေ ကလိနေလို့  နောက်ကျသွားတယ်..” လို့  လူမင်းစတိုင်လ်ဖြင့်ပြောသည်…။


“ရပါတယ် မှော်ဆရာရယ်… ဒါနဲ့  အစ်မတို့ကို အဂါင်္ဂြိုဟ်ပေါ်ရောက်ရင် လက်ဆောင်ပေးမယ်ဆို…”


“ပေးပါ့မယ်ဗျာ… ပန်းခြင်းလှလှလေး… ပန်းအိုးလှလှလေးတွေပေးမယ်… မှော်အတတ်နဲ့  ဖန်ဆင်းပေးမှာ… ”


“ဥုံ…. ပေါက်တွေရန်း .. ပန်းတွေရောက်… မြောက်မြောက်ရန်… မြန်မြန်ရောက်… အ..ချလောင်း…”


“ဟယ်… ပန်းခြင်းတွေတော့.. လှလိုက်တာ…အများကြီးပဲ…”


နောက်ဆုံးပန်းအိုးနဲ့ အတူ ပန်းထိုးနေသည့် အစ်မတစ်ယောက်ပါ တွဲပါလာ၏..။


“.. ဟယ်… မနုစံ.. ဒီမှာပန်းအိုးထိုးမလို့ လား… အစ်ကိုမလွှတ်ဘူးထင်လို့  အစ်မကိုမခေါ်တာ..”


“ ဘယ်လိုဖြစ်တယ်.. မသိပါဘူး လေးမရယ်…။ အစ်မက နယူးရီးယားအတွက် ပန်းထိုးကျင့်နေတုန်း… ဒုန်းဆို ကြမ်းပြင်ကြီးတုန်သွားပြီး.. ဒီကိုရောက်လာတာပဲ…”


“ဒါကဒီလိုပါ မနုစံ… ကျွန်တော်က ကမ္ဘာပေါ်မှာ အလှဆုံးပန်းအိုး.. ပန်းခြင်းမှန်သမျှ ဒီကို ရောက်စေလို့ မန်းမှုတ်လိုက်တဲ့အချိန်မှာ အလှဆုံးပန်းအိုးကို ထိုးလက်စဖြစ်နေတဲ့ အစ်မပါ ပါလာတာဖြစ်ပါတယ်ခင်ဗျာ..”


“အော်..ဒီလိုလား.. ဘာပဲဖြစ်ဖြစ်…ရောက်ဖူးသွားတာပေါ့.. ကျေးဇူးတင်ပါတယ်.. မှော်ဆရာ..”


“ မှော်ဆရာ…ရေ.. ကျေးဇူးတင်လက်စနဲ့  ဆက်တင်ရအောင်.. လေးမတို့ ကို အိမ်အမြန်ပြန်ရောက်အောင် ပို့ ပေး ပါကွယ်…။ အစ်မ ညနေစာမချက်ရသေးလို့ …။ ကျန်တဲ့သူတွေ လည်ချင်သေးရင် ဆက်လည်နော်.. လေးမတော့ပြန်တော့မယ်..”


“ပို့ ပေးမယ်..အစ်မ…မျက်စိမှိတ်.. ရောက်ချင်တဲ့ နေရာကို အာရုံပြုကြ… ဥုံ… ဥုံ.. ဥုံ… အ ..ချလောင်း…”


ဖျတ်ခနဲ မျက်စိကိုဖွင့်လိုက်တော့ … ဝေကျနေတဲ့ ထမင်းအိုးက မြင်ကွင်းထဲ ၀င်လာပါတယ်…။ ဖြစ်ပျက်ခဲ့သမျှ.. တကယ်လား.. အိပ်မက်လား… စိတ်ကူးယဉ်တာလား… ဘာမှ သဲသဲကွဲကွဲ မတွေးနိုင်ခင် အရင်ဆုံး အာရုံရတာက ယောင်းမ…ယောက်မ…။ ဘယ်မှာပါလိမ့်… ယောင်းမရေ.. ဘယ်ရောက်နေပါလိမ့်… ဘယ်မှာထားမိပါလိမ့်… ဒွတ်ခပါပဲ.. လိုရင်မတွေ့ ဘူး…။


“ဘတ်..”


နဖူးကို အရိုက်ခံလိုက်ရတာပါ…။ ယောင်းမက တွယ်ထည့်လိုက်တာပါ…။ သူက ထမင်းအိုးဘေးမှာ ခါးထောက်ရင်း ခပ်တည်တည်ပြောလိုက်ပါသေးတယ်…။


“ယောင်းမကိုမရှာနဲ့ … ညည်းရှေ့ မှာ ရှိတယ်..လို့  ပြောထားတယ်မဟုတ်လား… ဘာလို့ ရှာနေတာတုန်း… ပူစရာရှိရင် အပူခံဖို့  ကျူပ်ကစောင့်နေတယ်…” တဲ့…။


ကျေးဇူးပါပဲ … ယောင်းမရယ်…။ ။


လေးမ၏ “စိတ်ကူးယဉ်ခြင်း ”  ဤတွင်ပြီးဆုံးပါပြီ…။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်…။


နေ့အိပ်မက် စိတ်ကူးယဉ်ခိုင်းလို့  အားပါးတရ စိတ်ကူးယဉ်လိုက်မိတဲ့ လေးမရဲ့ ပို့ စ်ထဲမှာ မနှစ်သက်တာလေးများ ပါနေခဲ့ရင်… မုန့် ဝယ်ကျွေး… ပြန်ဖျက်ပေးမယ်…။ နာမည်မရေးထားပေမယ့် အဂါင်္ဂြိုဟ်ခရီးစဉ်မှာ လေးမကို သံယောဇဉ်ရှိတဲ့သူ အားလုံးပါဝင်ခဲ့ပါကြောင်း ထပ်မံဖြည့်စွက်ပါတယ်ရှင်…။

15 comments:

Anonymous said...

လေးမစိတ်ကူးယဉ်ထားတာလေးဖတ်ရတာ သဘောကျတယ် .....

Anonymous said...

အင်္ဂါဂြိုလ်ကို သွားခဲ့ကြတာ ပျော်စရာကြီး :)
နောက်တစ်ခါသွားရင်တော့ မျက်နှာမသစ်တဲ့သူ ၊ ရေမချိုးတဲ့သူတွေကို ရေချိုး မျက်နှာသစ်ခိုင်းပြီးမှ ခေါ်သွားပါဗျို့ :P :P :P

Anonymous said...

အင်းအင်း လမ်းမှာလေ ကျန်တဲ့ပလာတာတွေကို ဘိုတင့်ဘိုညိမ်းတို့ကို ပေးခဲ့သေးတာ
သူတို့ကလေ မွန့်မျက်ချေးလေးနဲနဲ ဆံပင်မဖြီးရသေးလို့ ကျွတ်နေတာလေး သုံးလေးမျှင်ပါတဲ့ (ခေါင်းကုတ်လို့ ဗောက်လေးလဲနဲနဲ) ပလာတာကို လုစားလိုက်ကြတာ
အဲ မောင်မျိုးစားထားတဲ့အကျန်ဆိုတော့ သူ့ကိုယ်ကချဉ်စော်လေးရယ် ယင်ကောင်လေးတွေရယ်ပါ မျိုချလိုက်ကြတယ်လေ
မမလေးမလက်ဆောင် ကြွက်စုတ်လေးတောင် မျှားပြာမဝါးးပဲမျိုချလိုက်တယ်
ကဲ သတင်းအပြည့်အစုံ ဟိ

Anonymous said...

အမယ်...တယ်ဟုတ်ပါလား အင်္ဂါဂြိုလ် ခရီးစဉ်က ပျော်စရာကြီးလူစုံတက်စုံနဲ့ ။ ဗလကြီးပါရင် ဘာမှမပူအရှေ့ဆုံးက ရန်သူဆိုတာနဲ့ပြေးတော့ :P ရေချိုးပါတယ် တစ်နေ့ကို ၃ ခါတောင်ချိုးတာ တကယ်ကြီးပြောတာ နားတဲ့ ယင်ကောင်ကို ကိုကြီးပန်နဲ့ရောစားလိုက်တယ် ဟဲဟဲ ဆြာ တို့အတွဲကို မနှောင့်ယှက်ပါနဲ့ တနားပါတယ် ။ပဲဟင်းကို သတိရတယ် ရေမချိုးတဲ့သူမခေါ်ဘူးဆိုတဲ့ ကိုတင့် မရာဟုနဲ့သွားတိုင်မယ် ဗိုက်ဆွဲလိမ်အောင် ။ နယူးမှာ ကလီးယားဆို ကြောက်တယ် ပြေးပြီး ကြောင်စီးပြီး ကြွက်တိုင်းပြည်ကို :)

Anonymous said...

ဟောဗျာ.. ကျတော့်ကို ပြောထားတယ်.. အဟင့်..
မုန့်တော့ဝယ်ကျွေးဝူးးး နာမည်ယူသုံးတဲ့အတွက် ပြန်ဝယ်ကျွေး... ဟီးးး
မလေးမက ရန်ကုန်ကဆိုတော့ အတော်ပဲ..
အဒေါ်တယောက် လောက်လိုချင်နေတာနဲ့
မုန့်ဖိုးတောင်းဖို့.. :P :P

စိတ်ကူးယဉ်တာတွေက အဆန်းတွေကြီးပဲ.. ကိုယ်တောင် ဘယ်လို ယဉ်ရမလဲ မသိတော့ဘူး

Anonymous said...

ကြိုက်တယ်ဗျာ။ ဒီတခါတကယ်ကြိုက်တယ်။ humour အငွေ့အသက်တွေနဲ့ လေးမပြန်လာပြီ

Anonymous said...

ကဗျာရေးလိုက်မယ်နော် လေးမ။ ဒီအကြောင်းလေးကို

Anonymous said...

လေးမရေ.. ရေးထားတာ ရီလိုက်ရတာ.. အမ အခု ဟင်းချက်ရင်း ဖတ်နေတာ.. အစ်ကိုက လွှတ်ပါတယ်လေးမရယ်.. အင်္ဂါဂြိုလ်က ပြန်မလာရင်လေ ပိုကြိုက်လိမ့်ဦးမယ်.. နားပူတာ သက်သာတယ် ပြောရတာ သက်သာတယ် ဆိုပြီးတော့ပေါ့.. :D

Anonymous said...

ဟာာာာ.... ကလေးတွေ ကိုကိုတွေ ဘာတွေလဲ... မောင်မျိုးတော့ နာတော့မယ် ( နိုင်သူကိုမဲတာ :D )

Anonymous said...

အင်္ဂါဂြိုလ်ကို အလည်သွားရတာ ပျော်စရာ :-)
မလေးမ စိတ်ကူးယာဉ်ကြီး စီးသွားရတာ ပျော်ဖို့ ကောင်းတယ်..
မီက ပြန်ရောက်တော့ ကွန်ပြူတာရှေ့မှာ .. ;-)

Anonymous said...

ခွိခွိ.. ရယ်ရတယ်... မမတအားတော်တာပဲ၊ တကယ်မိုက်တယ်..... နောက်တစ်ခါ... လကမ္ဘာမှာ သွားနေရအောင်... ရေမချိုးတဲ့သူတွေ.. ပိုးသတ်ခန်းထဲဝင်ပြီးမှ လိုက်ရမယ်လို့.......... :P :P

Anonymous said...

မီးကိုတော့ ခေါ်ဘူးပေါ့... ဟင့်.. ဟင့်..
ဝမ်းနည်းဖွယ်ပါဘဲ...
လေးမ ရက်စက်တယ်...

Anonymous said...

ပျော်စရာခရီးစဉ်ထဲ ပါဝင်ခွင့်ရလို့ ၀မ်းသာပါတယ်အစ်မလေးမရေ :)
ကိုသင်္ကြန်ကြီးက မောင်မျိုးကို ဘာလို့ ကြိမ်းနေတာတုန်း နားလည်ဝူးးး :P

Anonymous said...

မမ..စိတ်ကူးယဉ်တာကောင်းမှကောင်း..ဖတ်လို့ .. :P

Anonymous said...

ဂရိတ်ပဲ.. နျူကလီးယား တွေလည်း ပါတယ်။ ပြီးတော့ စာရင်းပိုပြတာတွေရော၊ အာလူးပလာတာတွေရော၊ ကြောင်ကို စီးပြီး ခရီးသွားတာတွေရော၊ အတွဲချိန်းတာတွေရော၊ ခြေခင်းလက်ခင်းသာတာတွေရော၊ စာကျက်တာတွေရော၊ ဝါ့ဒ်ပရက်စ်ရော.၊ ယောင်းမရော၊ ထမင်းအိုးဝေတာတွေရော. အားလုံး အစုံပဲ..

ဒီစာကိုဖတ်ပြီး ကျွန်တော်တို့ 1st year တုန်းက စီနီယာတွေ လုပ်တဲ့ မုန့်စစ်ရေးပြ ခေါ်မလား. မုန့် Parade ခေါ်မလား. အဲဒီမှာ ရောမွေထားတဲ့ မုန့်စုံတွေကို စားခဲ့ရတာ သွားသတိရတယ်. :)

(စကားမစပ်. တူတွေ၊ တူမတွေ၊ ယောင်းမတွေ၊ မောင်တွေ၊ ဘော်ဒါတွေကို ချစ်တဲ့ အစ်မကြီး. နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့.) နောက်တစ်ကြိမ် ထပ် ဆုတောင်းပေးသွားပါတယ် ဗျို့