Thursday, May 24, 2007

လေးမနှင့် BLOG

လေးမရဲ့ Blog လေးတော့ လုပ်ပြီးသွားပြီ ။
ဘာတွေ ရေးရမလဲ။ ဘာမှလဲ ရေးစရာမရှိဘူး ။
အများပညာရနိုင်မယ့် IT အသိပညာလဲ မရှိဘူး ။ နိုင်ငံရပ်ခြားက အတွေ့ အကြုံတွေ ရေးရအောင်လဲ မြန်မာပြည်ကလွဲရင် ဘယ်မှရောက်ဖူးခြင်းမရှိ ။ ၀တ္ထု၊ ဇာတ်လမ်းလေးတွေရေးရအောင်လဲဘယ်တုန်းကမှ မြန်မာစာဂုဏ်ထူးမရဖူးခဲ့တဲ့အရည်အချင်းနဲ့ ဆိုတော့.......။
ကဗျာရော......??? ရေးခဲ့ဖူးပါတယ် ။ သစ်ရွက်လှုပ်တာတောင်ကဗျာရေးချင်တဲ့အချိန်ကပေါ့ ။ ခုတော့သစ်ရွက်လှုပ်တာ လောကမှာဘာကိုမှအစိုးမရတာ....သစ်ရွက်ကြွေတာဘယ်အရာမှ မမြဲဘူးလို့ ပြောတာဆိုတာ နားလည်စပြုလာပြီဆိုတော့ ရေးစရာ အကြောင်းအရာတွေ ၊ စာသားတွေလဲရှားကုန်ပြီ.....။
ဒါဆို ဘာလို့ အပင်ပန်းခံပြီး blog လုပ်တာလဲလို့ ပြောကြမှာလား ။
ဟုတ်ကဲ့.....blog ဆိုတာ ဒိုင်ယာရီစာအုပ်လေးတအုပ်လို့  နားလည်ထားလို့ ပါ ။
ဒိုင်ယာရီဆိုတော့ တွေးချင်တာတွေး ရေးချင်တာရေးလို့ ရတယ်လေ ။ စိတ်ရဲ့စေရာတွေကိုရေးရင်းနဲ့  လေးမမှာလဲ ကိုယ်ပိုင် blog လေးတစ်ခုရှိတယ် ဆိုတဲ့ ပီတိအတွေးလေးနဲ့ .....................ပေါ့ ။

1 comments:

Anonymous said...

congratulation!!!
welcome to blogger society...
i'm waiting for your nice posts...
p.b.w.u