ဒီမယ် ၂၀၀၈
ဟန်ဆောင်မှု အထပ်ထပ်နဲ့ 
ညစ်ထေးမှုန်ဝါးနေတဲ့ နင့်မျက်နှာကို
ရေနဲ့  ဆေးပစ်လိုက် …။
အလိမ်အညာတွေနဲ့  ပုပ်အဲ့နံစော်နေတဲ့
နင့်ပါးစပ်ထဲ spray နဲ့  ဖြန်းလိုက်…။
အရိုးအသား မခွဲခြားတဲ့
နင့်ရဲ့သွားတွေကို တိုက်ချွတ်ဆေးကြောလိုက် …။
ပွယောင်းဖွာလန်နေတဲ့ နင့်ရဲ့ဆံပင်ကို
စည်းနှောင် ဘီးဖီးထားလိုက်…။
ဖာထေးစပ်ချုပ် ထားတဲ့ အ၀တ်တွေကို
အသစ်တွေနဲ့  လဲလိုက် …။
ကဲ.. ပြီး ပြီလား..
ကိုယ့်ကိုယ်ကို ၂၀၀၉ လို့ ပြော …
အားလုံးက လက်ခံတယ်…။ ။
HAPPY NEW YEAR
လူသားများအားလုံး နှစ်သစ်ဖြစ်တဲ့၂၀၀၉ ခုနှစ်မှာ သူတစ်ပါးကို ထိခိုက်စေမယ့် ဟန်ဆောင်မှုမျိုး…၊ သူတစ်ပါး နစ်နာရမယ့် လိမ်ညာမှုမျိုး …၊ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်းဖြစ်တဲ့ အမြတ်ထုတ်မှုမျိုး…တွေကို ရှောင်ရှား ထိန်းသိမ်းနိုင်ပြီး.. ဗရမ်းဗတာ စိတ်ကူးတွေ … စနစ်တကျမရှိတဲ့ အတွေးအခေါ်တွေ ကို သေသပ်အောင်ပြုပြင်နိုင်ပြီး … ပြီးစလွယ်ပြင်ဆင် အသုံးချနေတဲ့ အမှားတွေ.. နောင်တတွေကို သစ်သော.. ကောင်းသော.. မှန်သော.. အရာများနဲ့  အစားထိုးနိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ်..။ အထူးသဖြင့် လေးမ ပြုပြင်ဆင်ခြင်နိုင်ပါစေ..။
16 comments:
တောင်းတဲ့ဆုနဲ့ပြည့်စေသော် ................
စောစောထ
မျက်နှာသစ် သွားတိုက်
ဟန်ဆောင်တာတွေ
အလိမ်ညာတွေ ။ ထားခဲ့တယ်
ကိုင်း သားကြွက် 2009 ကိုလာပီး မပေးနဲ့တော့ အကြွေး :P ;)
Happy New Year !!!
လေးမရဲ့ နှစ်သစ်မှာ တောင်းတဲ့ဆုပြည့်ပါစေ.. နောက်ဆုံးအပုဒ်လေး ကြိုက်တယ်.. :)
အစ်မလေးမတစ်ယောက် ဆုတောင်းများပြည့်ဝစေသော်...
အပေါ်က ညီကြွက်ကို ထပ်အားဖြည့်လိုက်တာ :)
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
အစ်မကြီးလို ကွန့်မန့်ကောင်းကောင်းလေးတွေ ရေးတတ်ချင်တယ် :)
လူတိုင်း အတွက် မမှားနိုင်တဲ့ ဆုတောင်းမျိုးပဲဗျ..
စာရေးကောင်းတဲ့ မလေးမ. နှစ်သစ်မှာ စိတ်ရော၊ ကိုယ်ပါ ကျန်းမာမှု၊ ချမ်းသာခြင်း နှင့် လိုရာ ဆန္ဒတွေ အားလုံး (ကိုကောင်းကင်ကြီးနဲ့ အတူ) ပြီးမြောက် ရယူ နိုင်ပါစေခင်ဗျာ. :)
မလေးမရေ.. နောက်နှစ်ကူးရင်... ဒီစာသားမျိုးလေးနဲ့ 2009 ကိုအပြစ်မဖွဲနဲ့နော်.. ကျနော် သူ့ဘက်မှာရှိတယ်.. ဟားဟား.. ပျော်ရွှင်ပါစေ ဗျာ နှစ်သစ်မှာ..
ကဗျာလေး ကြိုက်တယ် အစ်မရေ ၊ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ ။
ကဲ.. ပြီး ပြီလား..
ကိုယ့်ကိုယ်ကို ၂၀၀၉ လို့ ပြော …
အားလုံးက လက်ခံတယ်…။ ။
တဲ့ ဟားဟား
၂၀၀၈ကိုများ သူ့ရဲ့မမွေးရသေးတဲ့ ပုစုခရုလေးကျနေတာပဲ ပြောနေလိုက်တာ
မမကတော့လေ
မမရေ ရေးဟန်လေးက မိုက်လှချည်လား။ အတွေးလေးကို ခပ်သွက်သွက်ပုံစံမျိုးနဲ့ ရေးထားတာ တအားဖတ်လို့ကောင်းနေတယ်။ မမဆုတောင်းတွေလည်း ပြည့်ပါစေနော်။ :)
Happy New Year!! :-) ပျော်ရွှင်သော နှစ်သစ် ဖြစ်ပါစေ။
၂၀၀၈ကို မျက်နှာသစ်ပေးလိုက်မယ်ဆိုလို့ ညအိပ်ခါနီးမှ မျက်နှာ်သစ်သလို ဖြစ်နေသလားလို့။ ပြီးမှ အစ်မ ဘာဆိုလိုချင်မှန်း သဘောပေါက်တယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ.... ကိုယ့်ကိုကိုယ်ြ ပန်ပြောလိုက်ပါတယ်..
2009 :P
လူလည်မဟုတ်ရပါဘူးအမရယ်...အမလေးမ စာတွေကိုဖတ်ရရင် စိတ်ထဲတော့
တစ်ခုခုတော့တွေးဖြစ်တာပဲ အမလေးမ စိတ်ကိုလည်းဖြစ်နိုင်တယ်
ကျနော်က လူတွေရဲ့စိတ်ကို ဖတ်ရတာ ၀ါသနာပါတယ်အမရဲ့....အမတို့ ၂ ဦးလည်း
နှစ်သစ်နဲ့အတူ ပျော်ရွှင်စေကြောင်း ဆုမွန်တောင်းရင်း ဂါရ၀ပြုခဲ့ပါတယ်အမလေးရေ....
အော် ကျနော်သိတဲ့အမစိတ်တစ်ခု အဲဒါ အမလေးမ က တွေးခေါ်တဲ့နေရာမှာ
ဗရမ်းဗတာ မနိုင်ဘူး မာန်မာနမကြီးမှုနဲ့ တည်ကြည်ငြိမ်သက်မှုကို မျက်မြင်
အားဖြင့်သိနိုင်သလို လိမ္မာမှုနဲ့ မှန်ကန်မှုကို စကားစမြည်ပြောဆိုတာ နဲ့
သိနိုင်တယ်
ညဏ်ကောင်းပါစေအမရေ
ကံသာလျှင် အမိ ကံသာလျှင်အဖ ဆိုပေမယ့် ညဏ်သာလျှင်အမိ ညဏ်သာလျှင်အဖ ဆိုတာ ဘုရားရှင်ဟောခဲ့တဲ့ တရားမိုလို့ ညဏ်ကောင်းပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်
ကံသာလျှင် အမိ ကံသာလျှင် အဖဆိုတာကတော့ လောကစကားပေါ့ဗျာ....
ကဗျာလေး ကတယ်ဟုတ်ပါလား မလေးမ။ ၂၀၀၉ မှာ ကံကောင်းပါစေ။
ညီမက မျက်နှာဖုံး လဲတပ်လိုက်တယ် အောက်မေ့တာ.. မျက်နှာပါ သစ်ပေးလိုက်တော့ ကောင်းတာပေါ့..
ဘာလိုလိုနဲ့ တစ်ဆောင်းသစ်ပြန်ပြီ..
Happy New Year ပါနော်.. မလေးမ.. ညီမ ခုတလော ဘလော့မလည်ဖြစ်လို့ ခုမှ နှုတ်ဆက်လိုက်ရတယ်..
HAPPY NEW YEAR ...mama
BRAVO !!!!
လန်းမှလန်းပါပဲလား =)
Post a Comment