တက္ကသိုလ်တက်စမှာ မိန်းကလေး ကျောင်းကလာပြီး အစ်ကိုတွေ မောင်တွေ မရှိသူမို့ ယောကျာ်းလေးတွေကို သိပ်ကြောက်ခဲ့ပါတယ် …။
စကားလာပြောရင်လည်း ပြန်မပြောရဲ…စရင်လည်းမရီရဲ … မြှားနဲ့ပေါက်ရင်လည်း လှည့်မကြည့်ရဲ …။
သိပ်ကြီးကျယ်တာပဲဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူခဲ့ပါတယ်…။
နောက်တော့ ကျောင်းကမဟုတ်တဲ့ အပြင်က အစ်ကိုလေးယောက်နဲ့ မိတ်ဆွေတွေ ဖြစ်လာတဲ့အခါ ယောက်ျားလေး မိတ်ဆွေတွေက အင်မတန် ကူညီတတ်တယ်ဆိုတာ သဘောပေါက်သွားပါတယ်….။
အစ်ကိုတွေက ကျောင်းကဆွဲခိုင်းတဲ့ Drawing တွေအတွက် အမြဲကူညီပေးခဲ့သလို .. .ကျွန်တော်တို့ကို သစ်ရွက်မျိုးစုံရှာပေးပါဗျာ ဆိုရင်လည်း သစ်ရွက်မျိုးစုံကို လွယ်အိတ်အနီကြားကြီးထဲ ထည့်ပြီး.. မန္တလေးကနေ ပုသိမ်ကြီးအထိ ခရီးဝေးကို လာပေးပါတယ်…။
အရောင်တွေ စပ်လို့ မရဘူးဗျာ ဆိုရင်လည်း ငါတို့ စပ်ကြည့်မယ်ဆိုပြီး အဆောင်ရှေ့က မြက်ခင်းပေါ်မှာ အားရပါးရထိုင်ပြီး အရောင်တွေ စပ်ကြပါတယ်…။
ဆရာ က ဌာနကို တိုင်းခိုင်းတဲ့ အခါမှာလည်း သူတို့ပဲ ပေကြိုးကိုင်ပြီး တိုင်းပေး.ကူပေးခဲ့ကြတာပါ…။
မန္တလေးတောင်ပေါ်မှာ… အိမ်တော်ရာ ဘုရားမှာ…. တောင်သမန်အင်းမှာ … ၀က်သားတုတ်ထိုးဆိုင်မှာ …ဈေးချိုထဲမှာ … ရတနာပုံ ကစားကွင်းမှာ … အသုတ်ဆိုင်မှာ… မုန့်ပျစ်သလက်ဆိုင်မှာ … ဘီသုံးလုံးမှာ လေးမတို့ ၇ ယောက်ရဲ့ ခြေရာတွေ … ခုချိန်မှာ ပြန်ရှာတွေ့နိုင်ပါဦးမလား…။
အဆောင်က မိန်းကလေးတစ်ချို့ရဲ့ ဘယ်တစ်ယောက်နဲ့ ဘယ်သူနဲ့ ကြိုက်သွားမလဲ ဆိုတဲ့ ခပ်တိမ်တိမ်အတွေးတွေကို မောင်နှမလို … သူငယ်ချင်းလို အဖြူရောင် သံယောဇဉ်တွေက အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ပါတယ်…။ နောက်တော့ ကျောင်းတွေ…အလုပ်တွေနဲ့ ဝေးကွာသွားလိုက်တာ ခုထိ ပြန်မဆုံကြတော့ဘူး...။
ရန်ကုန်မှာ ပညာဆက်သင်တဲ့အချိန်မှာတော့ … ကာလအကြာကြီး အိပ်မောကျနေခဲ့ရှာတဲ့ … လေးမရဲ့ ဖူးစာရေးနတ်ကြီးက ဗြုန်းဆိုနိုးလာပြီး မြှားနဲ့ထပစ်ပါတယ် …။
မြှားမှန်သွားတဲ့ သေရာပါဒဏ်ရာကြောင့် ၂၀၀၃ မှာ “ ရှေ့က လျှောက်မှာလား.. နောက်ကလိုက်မှာလား ” ဆိုတဲ့ မေးခွန်းနဲ့ ကမ်းကြိုလာတဲ့လက်ကို “ ဘေးက လိုက်ရင် အိုကေလား..” လို့မေးရင်း လှမ်းခိုလိုက်ပါတော့တယ်….။
ဆက်ပါဦးမည်..။
12 comments:
ဟီး..ခုမှကောင်းခန်းကရောက်တာ။ ကောင်းခန်းမှာဖြတ်ထားတယ်ပေါ့လေ။
အမကြီးရေ ပို့စ်အသစ်တက်တာမြန်လှချည်လားဗျ။ လွတ်လပ်ရေးနေ့မှာ
လွတ်လပ်ရေးရနေတယ်ထင်ပ ။ မရဘူး မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်ရမယ်
ဟဲဟဲ :P ပျော်ရွှင်ပါစေဗျာ အခုမှ အပိုင်း(၂) ဆိုတော့ နောက်အပိုင်းတွေလာဦးမယ်ဗျို့
ဘေးကနေ လျှောက်ရင်း မလိုက်ပဲ ထိုင်ပြီး အတင်း နင်းခိုင်းရင်တော့ လက်လှမ်းကြိုရတဲ့ ကိုကိုခမျာ ဆိုက်ကားဆရာ ဖြစ်ရချည်သေး... :P
ကျောင်း အကြောင်းဖတ်ရတော့ သူငယ်ချင်းတွေကို သတိရလိုက်တာ ဟုတ်တယ်နော့် အရမ်းသံယောဇဉ်ရှိခဲ့ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ပြန်ဆုံဖို့ ကတော်တော်မလွဲဘူးးး...
ရှေ့က လျှောက်မှာလား.. နောက်ကလိုက်မှာလား လို့ ကောင်းကင်ကြီးက မေးတယ်ပေါ့လေ..စိတ်ကောင်းရှိလိုက်တဲ့တီလေးရဲ့ဖူစာပဲ ကျနော်သာဆိုလျှင် လိုက်ခဲ့နောက်ကလို့ ပဲခေါ်မယ်ဟာဟားး ( တကယ်ဟုတ်ဘူးးး) ဇတ်ရှိန်တတ်နေပြီး မြန်၂ ရေးပါဗျို့ 
လေးမရေ.. feeling 35 ထက် အပြတ်သာတယ်.. ဆက်ရေးပါဗျို့.... လေးမက ၂၀၀၃ ထဲကမြှား ပစ်ခံရတာကိုး... :D :D
ချစ်မ ဖတ်လို့ကောင်းတယ်
ဆက်ရန်မျှော်သည်
ဟင့်...ဇာတ်ရှိန်ပြတ်လိုက်တာ။ ရေးမှာကို တူက
စာဖတ်တဲ့သူ မချင့်မရဲဖြစ်အောင်။
တန်းလန်းကြီးမထားကောင်းဘူး သူငယ်မ ပို့ စ်အဆက်ကို မြန်မြန်ဆက်ရေးအုန်း
အယ်.. လုပ်ပြန်ပီ... ဘေးကလိုက်ရင်အိုကေလား တဲ့
ဒါမျိုးလေးတွေကြောင့် ခိုက်နေတာ..
ရေလည်လန်းတယ်
ဘေးကလိုက်ရင် အိုကေလားဆိုတော့ ကိုကောင်းကင်ကြီးက ဘာပြန်ပြောလဲဟင် ... သိချင်လို့း)
>မတူးတူး.. ကိုရီးယားကားတွေကို အတုခိုးကြည့်တာ..ဟိ..။
>ညိမ်းညို.. ဒီကလည်း မီဒီယာနဲ့ တိုက်မယ်...။
>အမည်မသိ မင်းကျန်စစ်... ထိုင်ရမှာများပျင်းလွန်းလို့..မောင်တစ်ထမ်း..မယ်နှစ်ရွက်ပဲ..။
>မောင်မျိုး... နောက်ကပဲ လိုက်ခိုင်းမှာလား...။ ကြောင်မျိုးကရှေ့က သွားရမှာ မကြောက်ဘူးလား..။
>မနုစံ...ဟဲ..ဒါကြောငါ့ ၀ါကြီးတယ်လို့ပြောတာပေါ့..မရ...။
>ခေးခေး.. မျှော်တယ်လား..ဟီး..မြှောက်ပေးနေတယ်..။
>လွမ်းစေ.. အရှည်ကြီး ဖတ်ရရင် မျကိစိညောင်းမှာ စိုးလို့...နားနားပြီးရေးနေတာ..ပေသီးရဲ့...။
>သဇင်... လန်းလန်း လေးပဲလေ..သိတယ်မို့လား..။
>မျှားပြာ... မသိလို့မေးတာလား.. ဒီအခြေအနေရောက်မှတော့ ဘာပြောလဲ သဘောပေါက်ပေါ့ကွယ်...အ...ပါ့...။
>ဂျေ... ဟုတ်..တန်းလန်းမထားတော့ဘူး..ဆက်လိုက်ပြီ..ဂျေ..။
အပိုင်း ၂ မှာတော့ ကျောင်းတော် အလွမ်းတပိုင်းတစနဲ့ ဘ၀စစ်အစရဲ့ အကူးအပြောင်းတစွန်းတစကို တွေ့တယ် .။
ခုဆို ဦးဦး ဘေးမှာ တွဲလောင်းလေး ပါနေတာပေါ့နော် .။ :)
Post a Comment