ပန်းချီကားတွေကို သဘောကျပါသလား…။
အများစုက သဘောကျတယ်လို့ဖြေကြမှာပါ…။
ဘာလို့သဘောကျတာလဲဆိုရင်ရော…. ။
လှလို့ .. စုတ်ချက်ကောင်းလို့… အရောင်စပ်ထားတာ ကောင်းလို့ ….တကယ့်အစစ်အမှန်တစ်ခုလို ခံစားရလို့ … ရသ တစ်ခုခုပေးနိုင်လို့ … ဖြေစရာတွေ အများကြီး...။
ဒါဆို … ပန်းချီကားတွေကို ကြည့်တတ်တယ်ပေါ့နော်…။
“ ကြည့်ကားကြည့်၏ … သို့သော် ..မမြင်ပါ ” ဆိုတဲ့ လူတွေများ တပုံကြီး…။
ထားပါတော့လေ … မြင်တာမမြင်တာ …နားလည်ခံစားနိုင်စွမ်းရှိတာ မရှိတာတွေ ဆန်းစစ်မနေတော့ပါဘူး…. ။
နှစ်သက်လက်ခံတယ်ဆိုရင်ပဲ ပန်းချီကားတွေက ပြုံးနေတတ်ပါတယ်…(ပန်းချီဆရာကတော့ ပြုံးချင်မှ ပြုံးမှာ…)။
ကိုယ်နေတဲ့နေရာလေး… ဒါမှမဟုတ်… ကိုယ် ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ ပန်းချီကားလေးတွေကို မြင်နေရရင် ဘယ်လိုများနေမလဲ…။
ခံစားမှုတစ်ခုခုတော့ ပေးစွမ်းနေမှာ သေချာပါတယ်…။
ပန်းချီကား တချို က ဂုဏ်တက်စေမယ် … စိတ်အေးချမ်းစေမယ်… စိတ်ပျော်ရွှင်စေမယ်… သိမ့်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေကို လှုပ်နှိုးပေးလိမ့်မယ်….
တချို က စိတ်ကိုကြမ်းတမ်းလာစေမယ်… စိတ်ရိုင်းတွေကို နိုးဆွပေးမယ် … ရူးသွပ်သွားနိုင်လောက်တဲ့ ပန်းချီကားတွေလည်းရှိလိမ့်မယ်…
အမျိုးမျိုး ယူဆလို့ရတဲ့ …ခန့်မှန်းရခက်တဲ့ အတွေးတွေကို ပွားထွက်လာစေတဲ့ ပန်းချီကားတွေ လည်းရှိလိမ့်မယ်…။
သေချာတာကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ပန်းချီကားတစ်ချပ်ရှိနေခြင်းဟာ အဓိပ္ပါယ်တစ်ခုခုရှိနေမယ် … ရသ တစ်ခုခု ပေးနေမယ်ဆိုတဲ့ အချက်ပဲ…။
အခန်းနံရံမှာ ပန်းချီကား ချိတ်ဆွဲထားဖို့ လူတိုင်း နှစ်သက်စိတ်ဝင်စားကြမှာပါ။
ဘာလို့လဲဆိုတော့ လူဖြစ်နေလို့ပါဘဲ …။ လူဆိုတာ ခံစားတတ် …သာယာတတ်တဲ့ သတ္တ၀ါဖြစ်နေလို့ပါပဲ…။
ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာကရှင်….
( တချို့..တချို့တွေကလွဲရင် ) လူတွေကလေ….သူတို့တွေကလေ… ပန်းချီကားတွေကို တန်ဖိုးကြီးကြီးပေးပြီး မ၀ယ်ချင်ကြဘူး….တဲ့ ။
လက်ဆောင်ရတဲ့ ပန်းချီကားကို ၀မ်းသာအားရချိတ်ဆွဲတတ်ကြပေမယ့်…. အလကားနီပါးရတဲ့ ပန်းချီကားကို ပျော်ပျော်ရွှင်ရွှင် ချိတ်ဆွဲကြပေမယ့် …
ဈေးပေါပေါနဲ့ ရလာတဲ့ ပန်းချီကားကို မြတ်မြတ်နိုးနိုး ချိတ်ဆွဲတတ်ကြပေမယ့် …
စားလို့မရ..၀တ်လို့မရ … စီးပွားရေးတစ်ခုအတွက် ကြီးမားတဲ့ အရင်းအနှီးတစ်ခုလည်းမဟုတ်တဲ့ ပန်းချီကားတစ်ချပ်အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရတော့မယ်ဆိုရင်တော့ အလွန်အမင်း တွန့်ဆုတ် တွေဝေသွားတတ်ကြပါတယ်….။ ။
“တချို့ ယောက်ျားတွေကလေ… တချို့မိန်းမတွေကလေ … ဘ၀ကို အဓိပ္ပါယ်ရှိစေမယ့် လက်တွဲဖော်တွေကို လက်တွဲဖို့အတွက် … ကိုယ့်ယုံကြည်ချက် … ပတ်ဝန်းကျင် …အသိုင်းအ၀ိုင်း… အချိန် … လွပ်လပ်မှုတွေကို ပေးဆပ်လိုက်ရမှာ တွန့်ဆုတ်တွေဝေနေကြတယ် …” လို့ ပန်းချီကားတစ်ချပ်က တိုးတိုးလေး လာပြောသွားတယ်…။ ။
11 comments:
ဒီတစ်ပုဒ်ကိုတော့ ဘာမှ မရေးသွားတော့ဘူးနော် ။ :)
အလယ်က သစ္စာပန်း ပန်းချီကား
လှ တယ် ဗျ ။
nice post !
thz !
အိုးဟိုးးးး.. ကောင်းတယ်ဗျ စဉ်းစားစရာတွေ ပေးသွားပြန်ဘီ :)
ဝိုးး..အရမ်းကောင်းတယ်ဗျ ဖတ်နေရင်းနဲ့  အောက်နားရောက်မှပဲ သဘောပေါက်သလိုလိုနဲ့  တကယ်တော့ မပေါက်သေးဘူးး...သေချာ့ပြန်ဖတ်ပြီးး စဉ်းစားကြည့်အုံးးးမယ်ဗျာ
ပန်းချီကားတစ်ချပ်က တိုးတိုးလေး ပြောသွားတဲ့ စကားလေးကို အရမ်းကြိုက်တယ်ဗျာ...
လေးမရေ.. “ကြည့်ကားကြည့်၏ … သို့သော် ..မမြင်ပါ” ဆိုတဲ့အထဲမှာ အမလည်းပါတယ်.. :D
အောက်ဆုံးက စာပိုဒ်လေးကို ပိုကြိုက်တယ်လေးမရေ............. :)
ကြည့်တယ်.. မမြင်ဘူး..မျက်မှန်တပ်ပြီး ခိုးကြည့်တယ်..မမြင်ပြန်ဘူး...
အဲလိုဖြစ်နေတယ်မရဲ့.. ဘယ်လိုလုပ်ရမလဲ :)
ဘ၀ကိုအဓိပါယ်ရှိစေမယ့် လက်တွဲဖော်တွေ့ရင်တော့ အကုန်စွန့်လွှတ်ပစ်မယ်ဗျာ.. အဲလိုတွေးထားတယ်.. ဟီး..
ခက်တာက..မတွေ့သေးဘူး :D
ပန်းချီကားကောင်းတစ်ကား ဘဝလက်တွဲဖော်တစ်ယောက်
ထပ်တူညီမှုလေး အရမ်းလှတယ်
ပန်းချီကားကောင်းလေးတစ်ခု ရင်ထဲရောက်လာရင်တော့
ဈေးကြီးပေးဖို့ မတွန့်ဆုတ်ပါဘူး
ဘာဂါမွန်လေးက သဘောကောင်းပါတယ်ဆို နော်ချစ်မ
အကြာကြီးနေမှ ကြည့်ခွင့်ရတဲ့ ကျွန်တော့်ပန်းချီကား
တစ်နှစ်တစ်ခါမှ ကြည့်ခွင့်ရတဲ့ ကျွန်တော့်ပန်းချီကား
ဘယ်တော့များမှ ကြည့်ခွင့်ရမလဲမသိတဲ့ ကျွန်တော့်ပန်းချီကား
ကျွန်တော့်ရင်ဘတ်ထဲက ကျွန်တော့်ပန်းချီကား
ကျွန်တော့်ပန်းချီကားလေးကတော့ ကျွန်တော့်ကိုစိမ်းတယ် ...။
ဘယ်နှစ်ချပ် ၀ယ်လို့ရသလဲဟင်
ပန်းချီကားလေးတွေအကြောင်းဖွင့်ဟသွားတာအရမ်းကောင်းပါတယ်...ပန်းချီကားတွေကစကားတွေအများကြီးပြောပါတယ်..
နားထောင်တတ်ရင်တကယ်ကိုသဘောကျစရာပါ...
ကြည့်တဲ့သူပေါ်မူတည်ပြီးတော့လဲ..သူကတခုခုကိုပြနေတာပါပဲလေ...
မြင်တတ်ဖို့ပဲလိုတာပါ....
အဲ...ပန်းချီဆရာကတော့...သူ့ခံစားချက်တခုကိုသရုပ်ဖော်တာပါ...
အမပြောဖူးတဲ့အရောင်တွေနဲ့လည်းဆိုင်တာပေါ့ဗျာ...
စာလေးလည်းငယ်ငယ်ကဆိုကိုယ်တိုင်တောင်ခဲခြစ်ပန်းချီတွေဘာတွေဆွဲတယ်ဗျ...ခုတော့လည်း...သူများဆွဲတာပဲခံစားတော့တယ်...
ဖြစ်နိုင်ရင်...အရောင်တွေအကြောင်းကို..အရင်ကထက်ပိုပြောပြပါလားအမရေ....အရောင်တွေနဲ့ပတ်သက်နေတဲ့လူ့လောကပန်းချီကားကိုရှု့ထောင့်မျိုးစုံကနေကြည့်ချင်လို့ပါ....
>jerry...ဘာလို့ ဘာမှမရေးသွားတာလဲ..။
>ကိုအတာ..စဉ်းစားပါ..စဉ်းစားပါ...စဉ်းစားသင့်တာကြာပါပြီ...။
>မောင်မျိုး... သေချာဖတ်..သေချာတွေး..မရှင်းရင်မေးနိုင်တယ်....။
>မနုစံ... လေးမလဲ နဲနဲ မွဲတယ်..တူတူပဲ...။
>သဇင်..ဂယ်လား...ဒီမှာ လက်ဆုပ်လက်ကိုင် ကွန်မန့်ကြီး ကျန်နေပြီနော်...။
>မွန်...နောက်မှ သမီး မပြောပါဘူး မလုပ်နဲ့နော်..။
>မျှားပြာ... ပန်းချီကားကို အနီရော..ခဲရောင်ပြောင်းသွားလိမ့်မယ်..။ ခဲက ဓါတ်ပြယ်နေတဲ့ အရောင်...။
>မပန်... အရီးကလည်း လောဘကြီးလိုက်တာနော်...။ ပိုက်ပိုက်တတ်နိုင်ရင် ကြိုက်သလောက်
ဝယ်နိုင်ပါတယ်..ပန်းချီကားတွေကို စနစ်တကျ နေရာချနိုင်တယ်ဆိုရင်ပေါ့...။
>စာကလေး....အရောင်တွေနဲ့ပတ်သက်နေတဲ့လူ့လောကပန်းချီကားကိုရှု့ထောင့်မျိုးစုံကနေကြည့်ရင် စာကလေး မူးသွားလိမ့်မယ်...။
ဘာ ...ဘာသာစကားတွေပါလိမ့် အဘိဓာန်ထဲမှာ ရှာတာမတွေ့ လို့  :P
Post a Comment