ဒီနှင်းတောကို ဖြတ်ဖို့
အနွေးထည်ထူလည်း ၀တ်ခဲ့ပါရဲ့ …
ဒါပေမယ့်
နှင်းကထူလွန်းတယ်…။
ဒီတောလမ်းကို ဖြတ်ဖို့
ဖိနပ်အကောင်းစား စီးခဲ့ပါရဲ့…
ဒါပေမယ့်
လမ်းက ကြမ်းလွန်းတယ်…။
ဒီမိုးကို ကာစည်းဖို့
ထီးလှလှနဲ့ မိုးကာလည်းပါရဲ့…
ဒါပေမယ့်
မိုးက သည်းလွန်းတယ်…။
ဒီခရီးကို သွားဖို့
လမ်းညွှန်လည်းဆောင်ခဲ့ပါရဲ့ …
ဒါပေမယ့်
ခရီးက ရှုပ်ထွေးတယ်…။
ဒီနေကို အန်တုဖို့
အပူကာတွေ အစုံယူခဲ့ပါရဲ့ …
ဒါပေမယ့်
နေက ပြင်းလွန်းတယ်…။
အရာရာတိုင်းမှာ
ငါမထင်ထားတာတွေ
ထည့်မတွက်ခဲ့တာတွေ
မျှော်လင့်မထားတာတွေ
မယုံကြည်ခဲ့တာတွေနဲ့
ဘယ်လိုပင် ပြင်ဆင်ခဲ့လည်း
ဘ၀ဆိုတဲ့ ဖတ်စာအုပ်မှာ
သင်ရိုးတွေမကုန်သေးသရွေ့ တော့
ငါ …
ကျောင်းတက်နေရဦးမယ်…။
Saturday, January 12, 2008
သင်ယူဆဲပါ
Subscribe to:
Post Comments (Atom)
11 comments:
တို့လဲ ကျောင်းတက် ချင်တယ်၊ လောဂဓံကို ဘယ်လို တိုက်ပွဲ ၀င်ရင် နိုင်မလဲ ဆိုတာ သင်တဲ့ကျောင်းလေး ရှိရင် တက်ချင်တယ်၊ ကဗျာလဲ အရေးကောင်းတဲ့ လေးမလေး ဘ၀ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ပါ စေကွယ်၊
ကဗျာလေး အရမ်းကောင်းတယ်ဗျာ ရည်ရွယ်ချက်ကောင်း၂ နဲ့ရေးထားတာတွေ့ တယ် ဘ၀ဆိုတဲ့ ဖတ်စာအုပ်မှာ
သင်ရိုးတွေမကုန်သေးသရွေ့ တော့
ငါ …
ကျောင်းတက်နေရဦးမယ် ဒီစာသားလေး အရမ်းမိုက်တယ်...တစ်ခါ၂တော့ ကျောင်းပြေးချင်စိတ်တွေပေါက်လာတယ်နော် သင်ခန်းစာတွေကလဲ မောပန်အောင် ကျက်မှတ်ရတဲ့ဒဏ်တွေလဲ ခံရသေးတယ်...ကဗျာကောင်းလေးအတွက်ကျေးဇူးပါဗျာ ..
တီလေးလဲ ဘ၀ စာမေးပွဲ အောင်မြင်ပျော်ရွှင်စွာ ဖြေဆိုနိုင်ပါစေဗျာ...
ကောင်းလှချည်လား ဒေါက်းမြကြည်ရယ်
သိပ်ကိုကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ အမရေ
ပျော်ရွှင်ပါစေဗျာ :)
သင်ရိုးတွေမကုန်သေးသရွေ့ unseen မေးခွန်းတွေကလည်းဖြေနေရအုံးမှာပဲ။ဘ၀ဆိုတာ open book မဟုတ်ခဲ့ဘူးနော်။
လေးမရေ.. ကဗျာလေးက စာသားလည်းလှတယ်.. အဓိပ္ပာယ်လည်း ပြည့်စုံတယ်.. နောက်ဆုံးအပိုဒ်လေးကတော့ အကြိုက်ဆုံးပဲ..
မလေးမရေ..
ကဗျာလေးက အဓိပ္ပာယ်ရှိလိုက်တာ..။ သဲတို့လည်း သင်ရိုးတွေ မကုန်သေးသရွေ့တော့ စာမေးပွဲတွေ ဖြေနေရဦးမှာပေါ့နော်။ အောင်ဖို့လည်း ကြိုးပမ်းရဦးမှာပေါ့..။ တခါတလေလည်း ရှုံးနိမ့်ရဦးမှာပေါ့။ ဒီလိုနိုင်ခြင်း ၊ ရှုံးခြင်းတွေနဲ့ သံသရာလည်ခြင်းကိုပဲ ဘ၀လို့ ခေါ်လေသလား မသိပါဘူး အမရယ်။ ပျော်ရွှင်ပါစေနော်။
လေးစားစွာဖြင့်
မေပျို
သင်ရိုးတွေ မြန်မြန်ကုန်ချင်ပြီ ဗျာ....
ချစ်မ က
ကျောင်းလစ်တာကိုး
စာဘယ်ပြီးမလဲ
ဟုတ်တယ်
နောက်ကျောင်းလစ်ရင်ခေါ်ဦး
ဟီးးးးးးးးးးးးးးးး
ကဗျာလေးက တစ်ကယ်ကောင်းတယ်
ဒါနဲ့ ခု ဘယ်နှစ်တန်းရောက်ပြီးတုန်း ။ မူလတန်းတော့ ဟုတ်ဘူးထင်တယ် ။
စာကြိုးစားနော် ။
ဆုတွေလည်းရပြီး
ရတာတွေလည်း စုထားနိုင်ပါစေဗျာ ။
ကဗျာ တော်တော် ကောင်းတယ် ။
နောက်လည်း ရေးဦး ။
ရေးလက်ရှိသားနဲ့ များများရေးပါဗျ ။
သင်ယူသမျှ တတ်မြောက်ပါစေဗျာ။ အပင်ပန်းတော့ မခံနဲ့နော် :P
>မမလေပြေ ..ဂုဏ်ထူးထွက်ရင် ဆုတက်ယူနေရမှာ မမရဲ့...။ အောင်ရုံလေးပဲ ကောင်းပါတယ်..။
>မောင်မျိုးရေ..ငယ်ငယ်က ကျောင်းပြေးခဲ့တဲ့ ရလာဒ်တွေ ကြီးမှသိမယ်နော်..။ ကျောင်းမပြေးနဲ့..။
>ကောင်းရမှာပေါ့ ကျောင်းက မောင်ညိုရယ်...။
>မတူးတူး... open book ဆိုရင်လည်း ဘယ်စာအုပ် လှန်ရမှန်းမသိအောင် ပြာယာခတ်နေရမယ့် ပုစ္ဆာတွေပဲ လာလိမ့်မယ်...။
>မနုစံရော ကျောင်းတက်နေတုန်းလား...။
>မေပျို ... တခါတလေ စာမေးပွဲ ဖြေဖို့ကျောင်းတက်ရသလို .. မဖြေပဲနဲ့လည်း သင်ယူရပြန်တယ်...။
>ကေသူရိန် ... လက်တွေ့ ကျောင်းတက်နေရတဲ့ ကျောင်းသားတွေက ပို ခံစားရမှာပေါ့နော်..။ ဒါပေမယ့် မကုန်သေးဘူး..။ သင်ရဦးမယ်တဲ့...။
>ခေးရော့ရေ... ကျောင်းလစ်ပြီး ရုပ်ရှင် သွားကြည့်ရအောင်နော်...။
>ဂျယ်ရီ... မူလတန်းကို ဂုဏ်ထူးနဲ့ အောင်လို့ သူငယ်တန်းပြန်ရောက်သွားပြီ...။
>မျှားပြာ... ဟဲ..စိတ်ချ... အပင်ပန်းလုံးဝမခံဘူး... စာသင်တဲ့ချိန် ငိုက်နေလိုက်တာပဲ...။
Post a Comment