လေးမ အိမ်ကို Ie နဲ့ ၀င်လို့မရဘူးလို့ ပြောနေကြပါတယ်…။
လေးမIe browser အမြဲသုံးတာ ပါ…။
လေးမကျတော့ ၀င်လို့ရတယ်…။
လေးမ တခြား ကွန်ပြူတာမှာ ဖွင့်ကြည့်တော့ error တက်လာပါတယ် …။ ဖွင့်လို့မရပါဘူး…။
Ie 7 ကို update လုပ်လိုက်ပြီး ၀င်ကြည့်တော့ ရသွားပါတယ်….။
Ie နဲ့  သူများတွေ ကြည့်လို့မရဘဲ လေးမ က ဘာလို့ကြည့်လို့ ရနေတာလဲ…။
Firefox နဲ့ ကြည့်ရင်တော့ လူတိုင်း ( မောင်မျိုးကလွဲရင် ) ကြည့်လို့ရမယ်ထင်ပါတယ်…။
ကူညီနိုင်တဲ့သူ ရှိရင် ကယ်ကြပါဦး…။ ဘာတွေဖြစ်ကုန်တာလဲ…။
ပြီးတော့ တစ်နေ့က အစ်ကို တစ်ယောက်က လေးမ ကွန်ပြူတာမှာ ဗိုင်းရပ်စ်ရှိတယ် …သတ်လို့မရဘူး… ဆိုင်ပို့ရမယ်လို့ ပြောသွားပါတယ်…။ အဲဒီဗိုင်းရပ်စ် ကြောင့်လား…။ ဆိုင်လားတော့မသိဘူး…။ ရယ်စရာများဖြစ်နေလား…။ AVG ကလည်း update လုပ်လို့မရဘူး…။
ရူးတောင်ရူးချင်လာပြီ…။ အကြံဥာဏ်လေးများပေးသွားကြပါဦး…။
8 comments:
IE နဲ့အမြဲကြည့်တာပဲလေ။ ဒီမှာတော့အမြဲရနေတာပဲ။ ဘာလို့လဲမသိ။
လေးမ ie6 ကော 7 ကော အဆင်ပြေပါတယ်။ ဘာလို့ အခြား စက်မှာ အဆင်မပြေတာလဲ မသိ။ ကျွန်တော်တော့ အိုကေ။ တကယ်လို့ တခုခု ကျွန်တော် လုပ်ပေးနိုင်တာရှိရင် မေးလ် ပို့လိုက်ပါ။ :)
ဟီး.. ဟုတ်တယ်ဗျ ie6 နဲ့ပြသနာရှိတယ်။ ညာဘက် ဆိုဒ်ဘားက အောက်ပြုတ်ကျနေပီး ခဏ ကြာရင် ie hang သွားတယ်။ template ကြောင့် ဖြစ်မယ်ထင်တယ်။ လေးမ လုပ်လို့ အဆင်မပြေရင် wordpress login name နဲ့ password ပို့ပေးလိုက်မယ်။ ကျွန်တော် စမ်းကြည့်လိုက်မယ်။ :)
အင်း အဲဒီပြသနာက ဘယ်လိုဖြစ်တာလည်းဆိုတော့ မသိဘူး =) ဟိ ဟိ ဟေး အမြဲလာလည်ပါတယ်ကွာ ဆီဗုံးကို အရင်က မတွေ့ဘူး ကွန်မန့်မှာလည်း မဆိုင်တာ မရေးချင်လို့ =) စိတ်များဆိုးနေလား
တီလေးရေ့ ...ရတော့ရလာပြီး ခြေသံလေး ဖြေ၂ ၊ အသက်မရှူပဲနဲ့  လာခဲ့ရတယ်ဗျ..ရောက်အောင်လာခဲ့မယ်..ကျနော့် စက်ကဖြစ်တာ ဟုတ်မယ်..ပေါက်ခွဲမို့ ကလဲ ကိုယ့်ဟာမဟုတ်ဘူးလေဗျ..ကျနော့်ကို ( မောင်မျိုး ) လို့ ရေးထားတော့ ယတြာကြေသွားတာပေါ့...ဟာဟားး
စိတ်နဆိုးနဲ့ နော်..
နေ့တိုင်းဝင်နေတယ်...ရတဲ့ မချိန်ကော့မန့် ရေးခဲ့ပါတယ်
ပျော်ရွင်ပါစေဗျာ
Hello my sister!!
Don't worry for virus.I warned u before.But u don't care so this was caused.
Use Ultimate Washer Antivirus Program.
It's easy to download and use.
For ur blog problem... I can't fine any error with incomplete source code.Plz send to me complete template source code.
Good luck!!!
ဟုတ်တယ်ဗျ IE နဲ့ ၀င်လို့တော့ရတယ် ခဏနေတော့ error ပြပြီး ပိတ်သွားရော။ ဒါကြောင့် firefox ပဲသုံးတယ်။
> tu tu... ဟုတ်တယ်..ဒီမှာလဲရသားပဲ...ဂေါ်မစွံတွေ ဘဲ ကြည့်လို့မရတာနေမှာ... :P
>ကိုအတာ.. ကယ်တင်ရှင်ကြီး မိန်းမ ချောချောရပါစေ...။
>Blink... ကျုပ်ဆီပုံးက ညည်းဆီပုံးလို ဖွက်ထားတာမဟုတ်ပါဘူးအေ...။ မျက်မှန်တပ်တော့ ဇီးကွက်ပေါက်စနရေ...။
>မောင်မျိုး... သည်းထိတ်ရင်ဖို စုံထောက်ဝတ္ထုကျနေတာပဲ.. လေးမ ဆီလာလည်ပုံဖတ်ရတာ...။
>sparrow ... I've paid attention to ur warning but, I didn't know anything about virus n antivirus software ... If I can see virus with my eyes, I'll shoot them... Thanks for ur ultimate washer...
>ကိုတော်ကီ.. ခုရော..ရသေးဘူးလား...ကိုအတာပြင်ပေးထားပြီးပြီ...။ :(
Post a Comment