ပန်းခရေ
နွမ်းကြွေမှာ
ကျွန်တော် စိုးတာကြောင့်
မခူးရက်
ဖူးလျက်သာနေပါ ခရေ….
ပင်ထက်မှာ ဝေ
ပန်းခရေ
မကြွေနိုင်ရော့လား….
ခြွေလို့ ကြွေကြွေ…
ဝေလို့နေနေ
ပန်းဆိုတာ
နွမ်းကြွေမှာ
သဘာဝပါပဲ….
မယ့်သခင်
ဆွတ်လို့သာ ညွတ်ရရင်ဖြင့်
မယ့်အရှင်
ခြွေလို့သာ ကြွေရရင်ဖြင့်
အပြစ်မဆိုပါ
နှစ်လိုစွာ ဂုဏ်တင့်တယ်လေး
ခရေ့ အတွေး…။ ။
နောက်ဆက်တွဲ။ ။ တချို့မိန်းမတွေက သနပ်ခါးပန်းနဲ့တူသလို တချို့ တွေကျတော့ ခရေပန်းလိုတွေးကြပြန်ရော…။
မှတ်ချက် ။ ။ ခရေကိုခူးလို့မရ..အပင်လှုပ်ပြီးခါချရ..မြေပေါ်ရောက်မှ ကောက်ယူရပါတယ်…။
11 comments:
ကဗျာကောင်းလေးတစ်ပုဒ်ဖတ်ရလို့ ကျေးဇူးတင်ပါ၏။
ပျော်ရွှင်ပါစေ :)
ကဗျာလဲရေးတတ်တယ်လား..ကောင်းတယ်ဗျ အားပေးနေတယ် ...ခရေးပန်းလိုချစ်သူလေးလိုချင်တယ်..မာယာကင်းလို့ ..
ငယ်ငယ်က ခရေပင်အောက် ခရေပန်းကောက်တာကို သတိရသွားတယ် ...
ကဗျာလေးက အေးချမ်းလိုက်တာဗျာ ...။
ကဗျာလေး အရမ်းကြိုက်တယ်။
မမလေး
ကဗျာလေးကို အရမ်းနှစ်သက်တယ်။ :)
ဟ ကြိုက်တယ်ဟ..ရှင့်ဆီမအားလို့မလာရတာတကြောင်း လိပ်စာနဲ့ အစဉ်အမြဲကွိုင်နေတာတကြောင်း အခုမှပဲလာရတယ် Happy X-mas
လေးမ ကဗျာလေး ဖတ်ရတာနဲ့ အမတို့ အိမ်ရှေ့မှာရှိတဲ့ခရေပင်ကြီးကို သတိရလိုက်တာ.. :)
ချစ်မ ကဗျာလေး ကြွေတယ်
ကောင်းလိုက်တာ
ပန်းနေရာက နေခံစားပြီးရေးထားတာ
မိုက်တယ်
ပန်းခရေလည်း တွေးတာပဲ ။
မှတ်ချက် ။ အီကို အရ ...
များများရမှ လှလှသီ ဈေးဖွင့်ချိန် အမီ ။
လန်းလန်းပွင့်ပါ ခရေမ ဖူးဖူးရွရွ ခူးမဟ ။
ကြွေခဲ့လျှင် ဖွဖွကောက်လို့
ခူးမရတော့ လှုပ်ခါချ
ခွင့်သာလွှတ်ပါ ခရေရှင်ရ ။
>ညိမ်းညို...ဖတ်သွားလို့ကျေးဇူးပါ..အဆင်ပြေပါစေရှင်..။
>မောင်မျိုး...လိုချင်တဲ့ ချစ်သူလေးရပါစေ...။
>မျှားပြာ ... ခရေတွေကောက်ပြီး ဘယ်သူ့ကိုပေးလဲမသိဘူးနော်...။
>မလေး... သိုးလေး... လေးမ နဲ့ ....ခံစားချက်ချင်း တူလို့ထင်တယ်...။
>မမသမုဒယ...ဟီး လေးမ က ခဏခဏပြောင်းနေလို့...မမ ပျော်ပါစေ..။
>မနုစံ... မတို့ အိမ်ရှေ့မှာ ခရေပင်ကြီးရှိလား...။ ပျော်စရာ...ခုတော့ လွမ်းစရာပေါ့နော်...။
>ကြေးအိုးလေး.. တကယ်တော့ ပန်းနေရာခံစားတာမဟုတ်ပါဘူး... တချို့ သော မိန်းကလေးတွေ နေရာက ခံစားတာပါ...။
> နိုင် ...
ဈေးကွက်ဝင် ခရေဘ၀၊
ပန်းသခင်
အနေလှဖို့အရေး...၊
ကြွေကျလို့ပေးပါ့မယ်...၊
အင်း .... သူက
အပင်နဲ့ အပွင့်နဲ့ မလိုက်ဘူး ။
အပွင့်နဲ့ ရနံ့နဲ့ မလိုက်ဘူး ။
ရှိုက်ရင် မမူးပေမဲ့
ရင်ရိုးတစ်လျှောက်
လှိုက်စူးလို့ ... ထူးတဲ့ ခရေ
ဝေမြဲ ဝေဆဲ ... ကြွေမြဲ ကြွေပါလေ ။
Post a Comment