မှာတမ်း…
မောင်ရေ… မေ … သေသွားရင်လေ
အလွမ်းတွေသီ
မျက်ရည်ကြည်တွေနဲ့ 
မငိုပါနဲ့ နော် …။
မောင်ရေ… မေ … သေသွားရင်လေ
တမ်းတ ရည်မှန်း
သီချင်းတွေနဲ့ 
မလွမ်းပါနဲ့ နော် …။
မောင်ရေ… မေ … သေသွားရင်လေ
မေချစ်တဲ့ နှင်းဆီတွေပျိုး
ခေါင်းရင်းမှာ
မထိုးပါနဲ့ နော် …။
မောင်ရေ… မေ … သေသွားရင်လေ
သဘာဝကို အံတု
အုတ်ဂူနဲ့  ပိတ်လှောင်
ပိန်းပိတ်အောင် မမှောင်စေနဲ့ နော် …။
မောင်ရေ… မေ … သေသွားရင်လေ
အိပ်စက်ရာ မြေပုံထက်
မိုးစက်တွေဆော့ကစား
နှင်းစက်တွေ ပြေးလွှားပါစေ နော် … ။
မောင်ရေ… မေ … သေသွားရင်လေ
ငှက်ကလေးတွေ တေးဆို
ပန်းကလေးတွေ ငိုကြတာကို
ဘယ်သိနိုင်ပါ့မလဲနော် … ။
မောင်ရေ… မေ … သေသွားရင်လေ
မောင်လွမ်းလို့ကျန်ရစ်
အရူးတပိုင်းဖြစ်မယ်ဆိုလည်း
ဘယ်သိနိုင်ပါ့မလဲ နော် … ။
မောင်ရေ… မေ … သေသွားရင်လေ
အရာမထင်တဲ့ အရာတွေနဲ့ 
ကမ္ဘာအပြင်ဘက်က ၀ိညဉ်အတွက်
စက္ကန့် တွေ တန့်  …
ငှက်ကလေးတွေ
လန့်မသွားပါစေနဲ့ နော် …။
မောင်ရေ …
ကမ္ဘာတည်တဲ့ အချစ်ဆိုတာလေ
ဒဏ္ဍာရီမှာပဲ ရှိတာပါ ကွယ် …
မေ့အတွက်
ကမ္ဘာတည်သရွေ့ ဆိုတာ မလိုအပ်ပါဘူး …
နောင်ဘ၀အထိလို့လဲ အပိုမပြောဘူး …
အသက်ရှင်နေသရွေ့ လို့လဲ ပညတ်ချက်မထားဘူး …
မောင် ချစ်နိုင်သရွေ့ ပေါ့နော် …။
မောင်ရေ… မေ … သေသွားရင်လေ
………..။ ။
ဝန်ခံချက် ။ ။ ဖတ်ဖူးသော song ဟုအမည်ရသော ကဗျာတစ်ပုဒ်မှ အစဆွဲထုတ်ပါသည် …။
Monday, November 05, 2007
My words
Subscribe to:
Post Comments (Atom)
14 comments:
မသေပါနဲ့မေရယ်...
လူ့ဘဝဆိုတာ ရခဲပါတယ်နော်..
ဘာလို့အဲလို ကဗျာတွေ ရေးတတ်နေတာလဲဗျ ...
ကိုကောင်းကင်ကြီးကြောင့်လားးးးးးးးး
ကဗျာက လက်တွေ့ဆန်သဗျ ... ကောင်းတယ်ဗျို့ ... :)
ချစ်မ က ကဗျာရေးတာ ကိုကောင်းကင်ကြီးကြောင့်
နားလည်တော့ဝူး
ရှင်းပြ
ချစ်မ တက်ထားတာ ရေးပြီးပြီ
Dear Lay Ma
Pls Come to here
a...heeee
move everyday
:)
လေးမရေ.. ကဗျာလေး ခံစားသွားတယ်.. အိမ်ဟောင်းက ၀င်လို့မရဘူး.. Error တက်နေတယ်.. :)
:)
MaMaLay,
Have a nice day? I cannot enter your old blog. Your poem gives me much feelings. so nice.
MaMaLay,
I cannot enter your old blog. Why? Your poem gives me much feelings. so nice.
ကိုဒီဝိုင်း...သေမင်းကို အဲလိုသွားပြောလို့ ရမှာလား..။
မျှားပြာ & chaos ... တော်တော်ဖြေဖို့ ခက်တဲ့ မေးခွန်းပဲ ... ကိုကောင်းကင်ကြောင့်မဟုတ်ပါဘူး...။ ကိုကောင်းကင်အတွက် မှာခဲ့ချင်တာလေးပါ ...။ ရေးမိတာကတော့ ကဗျာဖတ်ရင်း...ဆက်ပွားလိုက်တာပါဆို....နေမှ...။
ကိုစိုးထက် ... လေးမရေးချင်တာ...အဲဒါပဲ..ဟုတ်ပါတယ်...လက်တွေ့ ဆန်ကြစို့  လို့ ပြောချင်တာ....။
မနုစံ နဲ့  သိုးလေး... ဟုတ်လား..အိမ်ဟောင်း ၀င်လို့ ရဘူးလား...။ ဘာဖြစ်လဲ သိဘူး...။ အိမ်သစ်ကိုပဲ လာလည်တော့နော်...။
အဲဒီကဗျာတွေထွက်လာအောင် အရမ်းကြီးခံစားနေပြီးမှ ရေးခဲ့ရတယ်ဆိုရင်ကတော့ မရေးပါနဲ့ဗျာ စိတ်အများကြီးတင်းထားရင် လူဆိုတာ စက်ရုပ်မဟုတ်ဘူးလေ တစ်ချိန်ချိန်မှာ ပေါက်သွားလိမ့်မယ်။ ပျော်ပျော်လေးနေပါလား (ဖတ်ပြီးမပျော်လို့ ရေးတုန်းကတော့ ဘယ်လိုနေမယ်မသိ)
ကိုတော်ကီ...သေချာဖတ်သွားတာကျေးဇူးပါ...။
ဒီကဗျာလေး ခုမှဖတ်မိပြီး သဘောကျသွားတယ် မေ့မှာတမ်း ။
သားကြွက်.. ခုမှတွေ့ တာလား..။
Post a Comment