Friday, November 30, 2007

စိတ် …. စွပ်ပြုတ် (၂)

လကုန်ပြီ ဆိုတော့ လေးမ စွပ်ပြုတ်တိုက်နိုင်ပြီ….။ အားရပါးရ သုံးဆောင် သွားကြပါရှင်…။

အရူးပါး

Nasreddin သည် သူ့ ရဲ့ မြည်းပေါ်မှာ စပျစ်သီး တောင်းနှစ်တောင်း တင်ပြီး ဈေးကိုသွားပါတယ် … ။

နေ့လယ်ခင်းလောက် ရောက်တဲ့အခါ ရာသီဥတုက သိပ်ပူတဲ့ အတွက် အရိပ်ရတဲ့ သစ်ပင်ကြီးတစ်ပင် အောက်မှာ ရပ်နားလိုက် ပါတယ်…။ အဲဒီ သစ်ပင်အောက်မှာ သူ့ လိုပဲ ဈေးကို စပျစ်သီး သွားရောင်းမယ့် သူတွေဟာ သူတို့ရဲ့မြည်းတွေနဲ့  အတူ အရိပ်ခို နေကြပါတယ် …။

နေ့လယ်စာ စားပြီးတဲ့ အချိန်မှာတော့ သူတို့အားလုံး တမှေးတမော အိပ်ကြပါတယ်… ။ အားလုံးအိပ်ပျော်ပြီး သိပ်မကြာခင်မှာ Nasreddin ဟာ တခြားသူတွေရဲ့ ခြင်းထဲက စပျစ်သီးတွေကို ယူပြီး သူ့ တောင်းထဲကို ထည့်ပါတယ်…. ( အလစ်တွမ်တာ) …။ ရုတ်တရက် လူတစ်ယောက်နိုးလာပြီး Nasreddin ခိုးယူနေတာကို မြင်သွားပါတယ် …။

ထိုလူက “ ဟေ့လူ….ခင်ဗျားဘာလုပ်တာလဲ..” ဒေါသတကြီး အော်လိုက်ပါတယ်…။

“ ဟို …” “ တမျိုးမထင်ပါနဲ့  ခင်ဗျာ … ကျွန်တော်က ဦးနှောက်တခြမ်း ထိခိုက်နေလို့ပါ … တ၀က်ရူးပါခင်ဗျ … ဒါကြောင့် ကျွန်တော်က ရူးကြောင်ကြောင်တွေ လုပ်မိတတ်တာပါခင်ဗျာ…” Nasreddin ကပြန်ဖြေတာပါ…။

“ အော်…အဲလိုလား… ဒါဆို … ခင်ဗျား တောင်းထဲက စပျစ်သီးတွေကို ဘာလို့ သူများတောင်းတွေထဲ လိုက်မထည့်သလဲ … လိုက်ထည့်လေ…”

“နောင်ကြီးက ကျုပ်ပြောတာကို သဘောမပေါက်ဘဲကိုး…။ ကျုပ်ပြောတာက ရှင်းရှင်းလေး…။

ကျုပ်က တ၀က်ပဲ ရူးတာ… အပြည့်အ၀ ရူးတာ မဟုတ်ဘူးလေ….။”



န်ခံချက် ။ ။ အမည်နှင့် ရေးသူမသိသော Intermediate story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်…။

Nasreddin က ပိုင်တယ်နော် … ။ သူငယ်ချင်းတို့ရော တ၀က်ရူးမလား…. အပြည့်အ၀ရူးမလား … လုံးဝမရူးဘဲနေမလား … ။ တ၀က်ရူးနေတဲ့ လူတွေနဲ့ တော့ ဘ၀ခရီးမှာ အနည်းနဲ့ အများ ဆုံတွေ့  နေရဦးမှာတော့ သေချာတယ်…။ ။

11 comments:

Tuesday, November 27, 2007

တန်ဆောင်တိုင်...တောင်ကြီးမှာ













တောင်ပေါ်သားတစ်ယောက်ရဲ့ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မြေပြန့် သူတစ်ယောက်အတွက် နာမည်ကြီးလှတဲ့ တောင်ကြီးမီးပုံးပျံပွဲ ကို ဘ၀မှာ ပထမဆုံးအကြိမ် နဖူးတွေ့  ဒူးတွေ့  ကြည့်ရှုခံစားခဲ့ရသော ၁၃၆၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ….

တောင်ကြီးသူတွေက အပန်းရောင်လို့ ခေါ်တဲ့ ပန်းရောင် အနွေးအကျီင်္ကိုထပ် … လည်ပင်းမှာ မာဖလာပတ်… နားရွက်လုံတဲ့ သိုးမွှေးဦးထုပ်ကိုဆောင်း…ခြေအိတ်စွပ်…ဖိနပ်စီး…ပွဲခင်း(မီးပုံးပျံ လွှတ်တဲ့ကွင်း) ထဲသွားရန်အသင့် ….။


တီ…တီ…တီ… ဆိုင်ကယ်တွေ အုပ်စုလိုက် ဘေးက ဖြတ်သွား…။ ဦးထုပ်ဆောင်းဖို့တွေ နှစ်ယောက်ထပ် မပိုဖို့တွေ ဒီချိန်မှာ လာမပြောနဲ့  ….။ နာသွားမယ်…မှတ်…။

ကွင်းထဲမှာ လူတွေ…လူတွေ … လှုပ်ရွလှုပ်ရွနဲ့ … ဟိုသွားလိုက်..ဒီသွားလိုက်….။ ဆိုင်ရာဆိုင်ရာတွေရဲ့ ပွဲကြည့်စင်လေးတွေ ဟိုတစ်ခု ဒီတစ်ခု….အဲဒီအုပ်စုထဲမှာ ဒိုင်လူကြီးတွေရဲ့ ပွဲကြည့်စင်လည်း ပါတယ်…။ လေလုံမိုးလုံ အဆောင်ကြီးတစ်ခု ကွင်းတစ်ဖက်မှာ ထီးထီးမားမား… မမေးနဲ့လေ….ပွဲကြည့်စင်ပေါ့…..။ အလယ်ကောင်က ကွင်းကြီးထဲမှာတော့ ဒီဇိုင်းစုံ….ဆိုဒ်စုံ … ဒေသစုံက ပွဲကြည့် ပရိသတ်တွေ …အပြည့်…အပြည့် ….။ ဘုန်းဘုန်းတွေ… ကိုရင်လေးတွေလည်း သင်္ကန်းရုံလို့…ခြုံလို့….။

ပေါက်စီ… နေကြာစေ့ … ဟိုဟာဒီဟာရောင်းတဲ့ အသည်လေးတွေလည်း ဟိုမှာဒီမှာ….။ တချို့ တချို့  တွေက ဂျာကင်အကျီင်္ထဲက ပုလင်းပြားလေးတွေထုတ်ပြီး လည်ချောင်းထဲ မှုတ်သွင်းနေကြပြန်တယ်….။ အအေးဒဏ် ခံနိုင်အောင်ထင်ပါရဲ့….။

ဟော…ဟော ထောင်ပြီ…မီးပုံးပျံကြီး ထောင်ပြီ….။ လှည့်ပြတယ်….။ တက်ပြီ…။ သိပ်မတက်ဘူး… ဘေးတိုက်ရွေ့ သွားတယ်…. လောင်ပြီ …လောင်သွားပြီ… ။ စိတ်မကောင်းလိုက်တာ….ကြည့်တဲ့သူတွေတောင် စိတ်မကောင်း…။ အချိန်…လူအား…ငွေအား… စိုက်ထုင်္တ ထားရသူတွေ အတွက်တော့ ဆိုဖွယ်ရာမရှိ ….။ နောက်ထပ်မီးပုံးပျံကိုစောင့် …. ကွင်းတပတ်ပတ် … တိုက်ရိုက်လွှင့်နေတဲ့ studio 35 ရှေ့မှာ ဟိုချောင်း… ဒီချောင်းလုပ် …။ တနေကုန် အငြိမ်မနေတဲ့ မျက်လုံးတွေက ဆန္ဒပြ …. မီးပုံးပျံက မစ … ပြန်လာခဲ့ပါသည်… တိုညက လေတိုက်သောကြောင့် မီးပုံးပျံ မလွှတ်ဖြစ်ပါဟု မိုးလင်းတော့ သတင်းရရှိ၏…။

နောက်တနေ့ လူပိုများ….။ လေငြိမ်…မီပုံးပျံတွေတက် … ။သို့သော် မီးလောင်မှုများ ….။

လှလိုက်တဲ့ မီးပုံးပျံတွေ … တော်လိုက်တဲ့ မီးဆရာတွေ … ပျော်လိုက်တဲ့ တောင်ပေါ်သားတွေ … မိုးပျံတဲ့ စိန်နားပန်တွေ … ကြယ်တွေ လတွေ တောင်ငေးကြည့်ကြတဲ့ ညမီးကျည်တွေ ….။ အွန်လိုင်းက ကြည့်ရတာနဲ့  လုံးဝ…လုံးဝ ကွာတယ်…. ခိုပျံတွေ ဖွားကနဲ ..ဖွားကနဲ အရောင်စုံဖြာကျလာတာများ ….ကြယ်တွေ အစုလိုက် ကြွေကျလာသလိုပဲ … ။ အဲဒီမီးပုံးပျံတွေက ၁၅ သိန်း … သိန်း ၂၀ ကုန်တယ်ဆိုတော့ တောင်ပေါ်သားတွေ သိပ်ချမ်းသာတာပဲ …. ၁၅ သိန်းကို မီးရှို့  ပြီးမိုးပေါ် လွှတ်လိုက်တယ်လို့ ကိုးလို့ကန့်လန့်တွေး …။ ဒါပဲပေါ့ … ငွေဆိုတာ ဘာလုပ်ရမှာလဲ …ရိုးရာဆိုတာ … တန်ဖိုးဖြတ်လို့မရဘူး … အစဉ်အလာကို ထိန်းသိမ်းရမှာပဲ … ( ခုတောင် မြန်မာတွေက စတဲ့ သင်္ကြန်ပွဲကို အယုဒ္ဓ ယ ပြည်သားတွေက သူတို့ဆီက စတဲ့ရိုးရာလိုလို ဘာလိုလို လုပ်ချင်နေကြပြီ…. တောင်ကြီးမီးပုံးပျံပွဲလည်း ဘယ်တော့ သူတို့ရိုးရာ ဖြစ်ဦးမယ်မသိ ) …။

နောက်တနေ့ …အဖိတ်နေ့ … ပွဲခင်းသွားဖို့ လမ်းမပွင့်… မျက်စိရှေ့မှာ ရန်ပွဲ … တော်ပြီ…ကြောက်ကြောက် … ပြန်လှည့် … ညဈေးတန်းဆင်း … ဆီချက်စား …. တီဗွီကပြန်ကြည့် …. ။

လပြည့်နေ့ … ချယ်ရီမြေကိုနူတ်ဆက် … အလွမ်းစက်လက်နဲ့  ဟဲဟိုးဆင်း … ။ လေဆိပ်မှာ ကမ္ဘာလှည့် ခရီးသည်တွေ တွေ့ ရလို့ ဒေသခံ ဆိုင်တွေ အတွက်ဝမ်းသာ….။

လေယာဉ်တက်ပြီ ….. မျက်စိမှိတ် …. ဘုရားတ…. နားထဲမှာ အသံတွေကြားနေရတယ် ….


“ အင်းလေးဘုရားဖူးလားဗျ …. ကားထားလို့လည်းရတယ်လေ….”


“ ဇင်ယော်လေ…အစာကျွေးလို့ရတယ်လေ….”


“ပန်းဝယ်သွားလေ ….ရွှေသင်္ကန်းဝယ်သွားလေ …”


“ ရေအိုးမီးဟေ့…ရေအိုးမီး…”


“ ပင်စိမ်းသီးပိုးထိုး …တောင်ကြီးသူကို ရအောင်ပိုး …” ……။ ။

18 comments:

Monday, November 26, 2007

ရေထဲက ... မြို့ 

ရေပေါ်မြို့ လေးတစ်မြို့ ကိုရောက်ခဲ့ပါသည် ....( ဒူဘိုင်း မဟုတ်ပါ)…။

လှေကလေးများဖြင့်သွားရပါသည် ( ဗင်းနစ် မဟုတ်ပါ )…။

မြန်မာပြည် အရှေ့ဖျားက အင်းလေး ဖြစ်ပါသည် …။





သူတို့… ဒီလိုပဲ သွားကြ လာကြ တယ်…။


အဲဒီမှာ ဒို့ တိုင်းရင်းသားတွေ ဒီလို နေကြတယ်…။ ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်…. ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်….။



တောင်တန်းကြီးတွေ ပတ်လည်ရံထားတဲ့ ရေပြင်ထက်မှာ တစ်ယောက်ထဲ လှေလှော်နေတဲ့ လှေရှင်မှာ သောကမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ … ။

အားမငယ်ပါဘူးလို့ ဘယ်သူ အာမ ခံမလဲ … ။

လှေဦးထိပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင် သူဒီလောက် အားငယ်မယ် မထင်ပါ လို့ အင်းလေးမှာ ရွာတဲ့မိုးမှာတော့ သီချင်းရေးဆရာက ရေးထားတာပဲလေ…။





အနာဂတ်နိုင်ငံတော်ကို ထုဆစ်မယ့် လက်တွေကို ပျိုးထောင်တဲ့နေရာ … ။



ပိုက်ပိုက်တွေ ရှာပေးနေတဲ့ နေရာလေးတွေ … ။ ရိုးရာနဲ့  တိုးလာတဲ့ ၀င်ငွေလေးတွေ…။






ခရီးတစ်ထောက်နား… ထမင်းလည်းစားလို့ရတဲ့ ... ဘိုတဲလေး…။



“.....ဘဲအုပ်က တစ်ရာနှစ်ရာ .... မဗေဒါက ... တစ်ပင်တည်း” ဆိုတဲ့ မဗေဒါ ကို လည်း အဖော်အပေါင်းတွေနဲ့  တပျော်ကြီးတွေ့ ခဲ့ရလို့ “ …ဘယ်လိုလဲ မဗေဒါ ..” လို့ မေးဆတ်ပြ တဲ့အခါ .“….ပန်းပန်လျက်ပါ…” တဲ့….။ ။

17 comments:

Tuesday, November 20, 2007

အချစ်ဆုံးသို့  အိတ်ဖွင့်ပေးစာ

ကိုဝေ ( သတင်းစာ) က ခင်ရင်ရေးပါဆိုလို့ “လေး” ရှက်ရှက်နဲ့  ရေးလိုက်ပါတယ်… ကို……။

အိတ်ဖွင့်ပြီးပေးပါဆိုလို့ ဘလောခ့်မှာ တင်လိုက်တဲ့အတွက် သူတို့ ဖတ်ကြရင် အပြစ်မတင်ပါနဲ့  …ကို…။

ခုချိန်မှာ လွမ်းနေရတဲ့ … ပြောပြချင်နေတဲ့ … အကြောင်းလေးတွေကို ရေးလိုက်ပါတယ်…ကို … ။

အခုချိန်မှာလေ…….

တစ်လတစ်ခါ ရခဲ့ဖူးတဲ့ သိမ်မွေ့ တဲ့ စာသားတွေရေးထားတဲ့ ကဒ်လှလှလေးတွေကို လွမ်းတယ်….။

ခဏခဏ ရခဲ့ဖူးတဲ့ မွှေးပွ အရုပ်လေးတွေကို သတိရတယ်….။

သနပ်ခါးလေးနဲ့  လှတယ်ဆိုလို့ သွေးခဲ့ … လိမ်းခဲ့ရတဲ့ ..သနပ်ခါးတွေကို အားနာတယ်…။

လုံချည်လေးနဲ့ လှတယ်ဆိုလို့ သူများတွေကို ပေးပစ်ခဲ့တဲ့ pants တွေကို နှမြောတယ် … ။

မုန့်တွေ တပွေ့ တပိုက်နဲ့  အဆောင်ကို ရောက်ရောက်လာတတ်တဲ့ လူကြီး နဲ့  မုန့်တွေကို သတိရတယ် …။

အတူထိုင်ဖူးတဲ့ ပုလဲအောက်က ကော်ဖီဆိုင်လေးကို လွမ်းတယ်….။

အဆောင်ရှေ့မှာ လက်တွဲပြီး လမ်းလျှောက်ချင်တဲ့ဆန္ဒကို မလိုက်လျောခဲ့မိတာ နောင်တရတယ်…။

အရာရာတိုင်းဟာ အလှည့်အပြောင်း….. အချိုး အကွေ့ တွေများလှတယ်…ကို….။

ဒါပေမယ့် စကားလုံးမရှိတဲ့ ကောင်းကင်ကြီးကို ပြောပြစရာ စကားလုံးတွေ ရှားပါးခဲ့တဲ့ တိမ်လို…လလို….ကြယ်လို….ညလို….မိန်းကလေးကတော့ စကားလုံးတွေ ဆွံ့ အနေတုန်းပဲ….။

လေး

ဘယ်သူ့ ကို ဆက်လက် ဂျောက်တွန်းရရင် ကောင်းမလဲလို့ တနေကုန် စဉ်းစားလိုက်တော့…

၁။ ကြွက်တွေကို ခြိမ်းခြောက်တဲ့ ကြောင် ကြီး နဲ့ 

၂။ စလုံးရေစ မမ ဆိုတဲ့ ဓါတ်ပုံဆရာလေး ကို အာရုံရတယ်…..။

ကဲ..ကဲ…..စာအိတ်တွေ ဖွင့်ပြ….။ မဖွင့်ပြရင် လူပျိုကြီးဘ၀က မလွတ်ပါစေနဲ့ ….။ ။

13 comments:

Thursday, November 15, 2007

4th Anniversary

Kn



ကျွန်မ မှာ လက်တစ်စုံရှိတယ် ...

အဲဒီလက်တစ်စုံက


Zaha Hadid လို


ကမ္ဘာကျော် ဒီဇိုင်းတွေ မဆွဲနိုင်ခဲ့ပါဘူး ...


ဒါပေမယ့်


နှစ်ယောက်အတူနေဖို့


အိမ်လေးတစ်လုံးတော့ ပုံဖော်နိုင်ခဲ့တယ် …။

အဲဒီလက်တစ်စုံက


ချန်ဂင်လို


နာမည်ကျော် ဟင်းလျာတွေ မချက်ပြုတ်နိုင်ခဲ့ပါဘူး ...


ဒါပေမယ့်


မေတ္တာနဲ့ ချက်တဲ့


ဟင်းတစ်ခွက်တော့ ချက်နိုင်ခဲ့တယ်….။

အဲဒီလက်တစ်စုံက


မာသာထရီဆာလို


….. လို


…..လို


ကမ္ဘာ့ အကျိုး … လူသားတွေ အကျိုး


သယ်ပိုးသွားဖို့ ဆန္ဒမပြင်းပြ ပါဘူး ….


ရိုးရိုးလေးပဲ … ဘ၀ကို ကုန်ဆုံးသွားချင်ပါတယ် …။

အပင်လေးတွေ ရေလောင်းရင်း


ငါးလေးတွေ အစာကျွေးရင်း


ဖစ်နိုင်ရင် ပုခက်လွှဲရင်း


“ကို့” လက်ကို မြဲမြဲတွဲထားချင်တယ် ….။ ။


19 comments:

Wednesday, November 14, 2007

Wordpress and me


အတွေ့ အကြုံ ရှင်းလင်းပွဲ


Internet ဆိုတာ e-mail ဖတ်ဖို့ ... ပို့ဖို့ နဲ့  google search မှာ လိုတာလေးတွေ ရှာဖို့လောက်ပဲ နားလည်ထားတဲ့ လေးမဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂျောက်ချမှုကြောင့် ဘလောဂ့်လောက ကြီးထဲကို မအူမလည်နဲ့ ရောက်ခဲ့တာပါ …။ အဲဒီတော့ free host တွေ ရှိတယ် ဆိုတာ မသိဘူး..နားမလည်ဘူး…။ ခုတော့ လေးမ သိပြီ…။ http://phpnet.us မှာလည်း account လုပ်တယ်…။ www.byethost.com မှာလည်း account ရှိတယ်…။

ဘာလို့ account နှစ်ခုဖြစ်သွားလဲ ဆိုတော့ phpnet.us နဲ့ လုပ်တာ ကြော်ငြာတွေ တက်တက် လာတယ်…။ မတက်အောင် မလုပ်တတ်ဘူး….။


အဲဒီတော့ မဟုတ်ကဟုတ်က ကြော်ငြာတွေ တက်လာမှာ စိုးလို့ ကြော်ငြာမတက်တဲ့ byethost.com မှာ နောက်တစ်ခု ထပ်လုပ် လိုက်တယ်….။


လုပ်ပုံလုပ်နည်း ကတော့ ကိုအတာ နဲ့  ကိုသင့် ရေးထားတာတွေအတိုင်း တဆင့်ချင်း လိုက်လုပ်သွားတာပဲ…။


wordpress ကို log in ပြီးတဲ့ အထိ အိုကေပဲ …။


ပြသနာက template က font နေရာမှာ ဇော်ဂျီသွင်းမှ စတော့တာ …။ font မြင်တိုင်း ဇော်ဂျီ လိုက်ထည့်တာပဲ…. မရဘူး …။

နောက်ဆုံး စိတ်ဆိုးဆိုးနဲ့  နေရာတိုင်းမှာ ( { တွေ့ တာနဲ့  font-family: Zawgyi-One,….,…,) ဆိုပြီး လိုက်ထည့်လိုက်တယ်….။ ရသွားတယ်… စာတွေအားလုံး ဇော်ဂျီဖြစ်သွားတယ် ….။


ဒါပေမယ့် Ie မှာပဲ အလုပ်လုပ်တယ်… Firefox မှာ အလုပ် မလုပ်ဘူးကိုသန့် က “ မမလေး iblogger.org က အတုကြီး..ဘာမှနှိပ်လို့မရဘူး ” လို့ ပြောမှသိတယ်…( ဟွန်း….မခံချင်လိုက်တာလေ)…. ကိုသင့်ကလည်း…“ လေးမ မင်းဘလောဂ့် ထုံနေတယ်တဲ့ ” ….ကောင်းရော ….။ အဲဒီညက အသေအလဲ ဟိုကလိ ဒီကလိနဲ့ …။ မရဘူး…။

မနက်ရောက်တော့ ကိုအတာက template ကို backup လုပ်ပြီး download ပြန်လုပ်ကြည့်…တဲ့…။ ဟုတ်သားပဲ…templateမှာ ပြသနာရှိနိုင်တာပဲ ဆိုပြီး template ပြောင်းကြည့်တော့ ရတယ်…။ လေးမ ဇော်ဂျီ ထည့်တုန်းက လက်လွန် သွားတာ ဖြစ်မှာပေါ့ …။


နောက်ပြသနာက font size ။ အကြီးကြီးတွေ ဖြစ်နေတယ်….။ px ရော % နဲ့ ရော အမျိုးမျိုးပြင်တာ မရပြန်ဘူး…။

နောက်တော့ တလောက စေတန်ဂေါဒ့် ပြောပြထားတဲ့ အတိုင်း ie browser > page > text size> small ကို ပြောင်းလိုက်တော့ အိုကေသွားတယ်… ။


လေးမက medium နဲ့ ပဲ ကြည့်တာကိုး….။ wordpress မှာ စာလုံးတွေက ပြူးပြူးပြဲပြဲကြီး ဖြစ်နေတယ်…။ Template font size မှာ ညှိပေမယ့် မပြောင်းတာကို ခုထိ မကျေနပ်သေးဘူး….။


ဟော …အိုကေသွားပြီ ထင်ပါသလား…။ .နိုး….။ နောက်ထပ်ပျားတစ်ကောင် ထပ်တုပ်သေးတယ်….။

နေရာဟောင်း laynge.wordpress က ပိုစ့်တွေ import လုပ်တော့ ဒုက္ခ နဲ့ လေးမ နဲ့  တွေ့ ပြန်ရော … ။


free hostကနေလုပ်တဲ့ blog မှာ maximum 1 M ပဲ import လုပ်ခွင့်ပေးတယ်…။


လေးမ မှာက ပို့စ် ၁၀၀ ကျော် … comment ၅၇၀ ကျော်ဆိုတော့ 1.5 ကျော်နေတယ်….။ ဘယ်လိုမှ မရဘူး…။


wordpress.com မှာတော့ 3 M အထိရတယ်….။ အဲတော့ wordpress.com မှာ နောက်ထပ် အခွဲ blog တွေ လုပ်လိုက်တယ်….။


ပြီးတော့ laynge ကနေ export လုပ်… file save….ပြီးတော့ အခွဲ ၂ ခုကို အဲဒီ file တွေ import လုပ်တယ် ….။


ပြီးတော့ အခွဲ ဘလော့ဂ်၁ ခုမှာ ဇွန်…ဇူလိုင်…သြဂုတ် ပို့ စ်တွေပဲထားပြီး ကျန်တာတွေ ဖျက်….။


နောက်တစ်ခုမှာ စက်တင်ဘာ…အောက်တိုဘာ….နိုဝင်ဘာ…ပို့စ်တွေထား…ကျန်တာဖျက်….။


file size တွေ လျော့သွားပြီလေ...။


ပြီးတော့ အဲဒီ ဘလောဂ့်တွေကနေ export လုပ်….ပြီးတော့ import to layma’s virtual world ….။ 1M အောက် ၂ နေရာကခွဲပို့တော့ ကျေးဇူးရှင်က လက်ခံလိုက်တယ်...။



ရောက်လာရော….အားလုံးရောက်လာရော…(ပိုင်တယ်နော်….)။

ဒီလိုနဲ့  wordpress ကြီးနဲ့  ၂ ရက် လောက် ချာချာလည် ပြီးသကာလ … Layma’s virtual world ဖြစ်လာပါတယ်…။


သုံးရတာ အဆင်ပြေပါတယ်…။ Template တွေကလည်း လှတယ်…။ Template လှလှလေးတွေ ရှာနိုင်ရင် ရှာနိုင်သလောက် အလကားရမယ်...။

တစ်ခုတော့ရှိတယ်နော်….။ Connection နဲ့ သူနဲ့  သိပ်မတည့်ဘူး …

ပထမ တစ်ရက်က တညလုံး iblogger.org ကို ခေါ်လို့မရဘူး…။ တခြား site တွေ အကုန်ရတယ်….။


နောက်နေ့ ကျတော့ ပို့စ်တွေ edit လုပ်ရတာ အရမ်းကြာတယ်….။ တခြားတွေ site တွေ ဖြတ်ခနဲ ..ဖြတ်ခနဲ တက်နေတာတောင် သူ မတက်လာဘူး….။ ဖတ်ရုံပဲဆိုရင်တော့ မြန်တယ်….။ Edit လုပ်ဖို့ ကြာတာ …။


သူများအိမ်ထဲ လှေကားထောင်ဝင်ပြီး … ကွန့် မန့်မှာ အာချောင်ပြီး ပြန်လာကြည့်တာတောင် တုပ်တုပ် မလှုပ်ဘူးနော်….။


တော်တော် ညစ်သွားတယ်…။ Blogspot ပြန်ပြေးရင်လည်း ခဲနဲ့ ပေါက်ခံ ရတော့မယ် … ။


သေချင်တဲ့ကျား တောပြောင်း လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်…။ ကျော်ရတာ နှေးလို့ ပြောင်းကာမှ သူက ပိုကြာနေတော့ မခက်ဘူးလား…။



ဒီနေ့ကျတော့လည်း မြန်နေပြန်ရော ….။ သူမဟုတ်သလိုပဲ …. ။ သိပ်စိတ်မမှန်တာက လွဲရင် အားလုံး ဂွတ်ရှယ်ပါပဲ ရှင် ….။ ။

11 comments:

အနှစ်သက်ဆုံး စာရေးဆရာများ

အနှစ်သက်ဆုံးစာရေးဆရာတဲ့လား ညီမလေး မိုးချစ်သူ ရယ်…။

လေးမ က ပုဂ္ဂိုလ်စွဲနဲ့ သိပ်မဖတ်ပါဘူး…။ မျက်စိနဲ့ တွေ့ တဲ့ စာအုပ်ကိုဖတ် … ၊ စိတ်နဲ့ တွေ့ တဲ့ အရေးအသားကို ကြိုက် … ၊ ရင်ဘတ်နဲ့  ထိရင် စွဲလန်း …။

ဒါပေမယ့် ခဏခဏဖတ်မိတဲ့ စာအုပ်တွေရဲ့ ဖန်တီးသူတွေကတော့ …..

၁။ ဂျူး

-တခါတလေ လက်မခံနိုင်တဲ့ ကြားကကို ကြိုက်တယ်… အကြိုက်ဆုံးက …. ပင်လယ်နှင့်တူသောမိန်းမများ

၂။ ဂျာနယ်ကျော် မမလေး

- ဆရာမရဲ့ မိန်းမပီသလွန်းတဲ့ ဇာတ်ကောင်မင်းသမီးတွေကို မနာလိုဖြစ်စွာနဲ့ ဖတ်ဖြစ်တယ်……အကြိုက်ဆုံးက……အဖြူ

၃။ မိုးမိုး ( အင်းယား)

- ဘ၀တွေ အကြောင်းကို လက်တွေ့ ကျကျ သိချင်တဲ့အခါ ဖတ်တယ်…..အကြိုက်ဆုံးက ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး….. ။

၎။ မစန္ဒာ

- ဘ၀ … ဟာသ…. ကျောင်းသူဘ၀ ဗရုတ်သုတ်ခတွေ ရေးထားတတ်လို့ ကြိုက်တယ် … …. … ဆရာမက ဗိသုကာတစ်ယောက်ဖြစ်လို့လဲ ကြိုက်မိတယ် ထင်တယ်… ငယ်သူမို့မသိပါ ထဲက ဗရုတ်သုတ်ခ ဂျစ်တူး ကို ငါ့များ စောင်းရေးထားသလား လို့တောင် ထင်မိသေး … ။ အကြိုက်ဆုံးက..... ဂျီဟောသူ (အာခီမေဂျာကိုယူဖို့ ဒီဝတ္ထုက ဘေးတီးပေးခဲ့တာ ဖြစ်မယ် …. ။

၅။ တက္ကသိုလ်ဘုန်းနိုင်

- စိတ္တဇဆန်တဲ့ ဇာတ်ကောင်တွေကို ကြိုက်တယ် … ဆရာ မွေးတဲ့ ဇာတ်ကောင် တော်တော်များများရဲ့ စိတ်က ထူးဆန်းတယ် … ခိုင်တို့… မောင်ညိုမှိုင်းတို့  …နုငယ် တို့…။ အကြိုက်ဆုံးက …. ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး ရေးထားတဲ့ … သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်… ။

၆။ ခင်နှင်းယု

- နိုင်ငံရေးအဖြစ်အပျက်တွေရောယှက်ပြီး နူးညံ့တဲ့ အချစ်အကြောင်း … မတည်ငြိမ်တတ်တဲ့ လူ့ မနောတွေကို ကွက်ကွက်ကွင်းကွင်း ရေးပြတတ်တယ်….။ အကြိုက်ဆုံးက မြကြာဖြူ …. ။

၇။ ကာတွန်းဦးဘဂျမ်း

မြန်မာကလေးတွေအတွက် မြန်မာကာတွန်းတွေ သေချာရေးပေးခဲ့လို့ မြန်မာကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ လေးမက ကြိုက်တယ်…။

၈။ မင်းလူ … တာရာမင်းဝေ တို့လည်း တခါတလေ ကြိုက်တယ်….။ ရယ်ရလို့…။

၉။ နီကိုရဲ ကို “သိကြားနဲ့ အသူရာ” တစ်အုပ်ကြိုက်တယ်….။

၁၀။ လျို့ ဝှက်သည်းဖို နဲ့  ဘာသာပြန်တွေရေးတဲ့ ရွှေဥဒေါင်း ကိုလည်း ကြိုက်တယ်….။ စာခြောက်ရုပ် ကို အကြိုက်ဆုံး…။

ဘာတဲ့…. လူယောင်ဆောင်ထားတဲ့ စာခြောက်ရုပ် မြို့တက်ဖို့ မ၀ံ့မရဲ ဖြစ်တော့ ဒွေးသာဂိက သင်ပေးတဲ့စကား…။ “ မကြောက်နဲ့ .…ဟုတ်ပါ့ဗျား…မှန်ပါ့ဗျား…အမိန့်တော် မြတ်အတိုင်းပါခင်ဗျား…ဆိုတဲ့ စကားသာ ရေလဲသုံး…. ဘေးမတွေ့ ဘူး…တဲ့… ကံကောင်းရင် လူပေါ် လူဇော်တောင် ဖြစ်ဦးမတဲ့…လေ…” ။အကြိုက်ဆုံး စာသားပဲ…။

တော်ပြီ …၁၀ ယောက်ပဲ ရွေးတော့မယ် … ။ အဆုံးသတ် ပြောရရင် online မှာရေးနေတဲ့ blogger တွေကိုကြိုက်လို့ စာအုပ်ဆိုင် ဘက်တောင် သိပ်မရောက် ဖြစ်တော့ဘူး…။ ရေးခိုင်းတဲ့ ညီမလေး ဆုမွန်ကို ကျေးဇူးတင်ပါတယ်….။ မမသမုဒယမညလေး နဲ့  ညိမ်းညို ရဲ့ အနှစ်သက်ဆုံး စာရေးဆရာ၊ ကဗျာဆရာ တွေကိုလည်း မျှဝေကြပါဦးနော်…။

မှတ်ချက် ။ ။ ကျော်ကြားသူတို့၏ အမည်ကို သူတို့ကျော်ကြားသည့် အမည်အတိုင်းသာ ဖော်ပြလိုသောကြောင့်…. ဦး၊ ဒေါ်၊ ဆရာ၊ ဆရာမ မတပ်ဘဲ ရေးသားထားခြင်းသည် ရင့်သီးခြင်း မဟုတ်ပါ…။ ရှိတ်စပီးယားကို မစ်တာ ရှိတ်စပီယား ဟု ရေးလေ့မရှိသလို ၀င်းဦးကို ဦးဝင်းဦး ဟုခေါ်ရမှာ တစ်မျိုးကြီးဖြစ်နေသလို … ထို့ကြောင့် ထို့ကြောင့်….blar…balar..blar… ။

11 comments:

layma-layma.iblogger.org

ပြောင်းပြီနော်…ပြောင်းပြန်ပြီ…

အငြိမ်မနေတဲ့ လေးမ …

လေးမ အောက်တိုဘာ ဒုတိယပတ်လောက်ကစပြီး ဂနာမငြိမ် ဖြစ်နေပါတယ်…။ အားလုံး သိကြတဲ့ အတိုင်းပဲလေ … @#^##@@!! ။ စိတ်မြန်တဲ့ လေးမ က မြန်မြန်ဆန်ဆန်ပဲ အိမ်တစ်လုံး ဆောက်ပြီး ရွှေ့  လိုက်ပါတယ် …။ အိမ်ဟောင်းက စာတွေ comment တွေ ပြောင်းလို့ရလို့ အိမ်နှစ်အိမ်ကို ကူးချည် သန်းချည်တောင် လုပ်နေလိုက်သေး…။ ဒါပေမယ့် အဆင်မပြေဘူး…။ စာတွေကို လေးမ က မြင်နေရပေမယ့် သူများတွေက အတုံးတွေပဲ မြင်နေရတယ်…တဲ့ ( လေးမ က မျက်မှန်တပ်ထားလို့ထင်တယ် ) comment တွေလည်း မြင်ရဘူးတဲ့ … ။ လေးမကိုယ်တိုင်လည်း အတုံးတွေ … ပဲပင်ပေါက်တွေ မြင်နေရရင် သိပ်စိတ်ရှုပ်တတ်လို့ သူများတွေကို ကိုယ်ချင်းစာပါတယ် … ။ ဒါနဲ့ ပဲ blogspot နဲ့ wordpress မှာ post တွေ တပြိုင်တည်း တင်ပါတယ် ….။ နိုင်ဝင်ဘာ ၁ရက် connection တွေ ဖြတ်ပြီး ပြန်ရတဲ့ နောက်ပိုင်းမှာ post တွေ import လုပ်တာ အရမ်းနှေး သွားတယ်…။ ၄၅ ကနေ မတက်တော့ဘူး…။ ဘယ်လိုမှမရတော့ဘူး…။ ဒါကြောင့် blogspot မှာ ပို့စ် မတင်တော့ဘူး….။ လေးမက သူငယ်ချင်းတွေရဲ့ မှတ်ချက်တွေကို သိပ်ချစ်တာ … တစုတဝေးတည်း သိမ်းထားချင်တာ … (အောက်တိုဘာ တုန်းကတောင် ပြန်သုံးလို့မရတော့ဘူး မှတ်လို့ commentတွေ အကုန် print out လုပ်ထားတာ A4 တော်တော် ကုန်သွားတယ်…) ။ တချို့ ကလည်း အိမ်သစ်မှာ Cbox Link ကို မတွေ့ ဘူး … တဲ့ ….(ဆီပုံးက ပေါ်တင်ထားလို့မရဘူးလေ …) တွေ့ ပေမယ့် အဆင်သင့် ရေးလို့မရဘဲ click နေရသေးတော့ စိတ်ပျက်စရာ ဖြစ်ရပြန်ရော (ဒီမှာ ကိုးနတ်ရှင် ကြွလာတဲ့နှုန်းက သိတဲ့ အတိုင်းလေ )…။ အဲဒီလို အဆင်မပြေမှု တွေများလို့ သူငယ်ချင်းတွေကို အားနာနေတဲ့ အချိန်မှာ ဗြုန်းဆို ကယ်တင်ရှင်ကြီး ပေါ်လာတယ်… ဖိုးသိကြားတော့ မဟုတ်ဘူး… ဖိုးသင်္ကြန်ပါ … ဒီလို ရေးထားတော့ လေးမ တော်တော် စိတ်ဝင်စား သွားတယ် ….။ နောက်တယောက် mmthinker ကလည်း ဒီလို ထပ်ပွားထားတော့ လေးမလည်း ရေငတ်တုန်း ရေတွင်းထဲကျတဲ့ လူလို @####&! ….ဒီလိုနဲ့ ….နောက်တအိမ် ပြောင်းဖြစ်ပြန်ရော … ။ သူများတွေ အဆင်သင့် ရေးပေးထားတာကို ကြည့်ပြီး လုပ်တာတောင် ပျားတုပ်ခံ လိုက်ရသေးတယ် …။ ခုတော့…ရသွားပါပြီ…။

လိပ်စာများတဲ့ လေးမ malay-layma.blogspot.com ( English)

layma-layma.blogspot.com ( Myanmar)

laynge.wordpress.com

ကစာတွေ နဲ့  comment များ အားလုံးနီးပါး http://layma-layma.iblogger.org ကိုရွှေ့ ခဲ့ပါပြီ…။ ဆီပုံးလည်း ရှိတယ်….။ အတုံးတွေ…လည်း ဖြိုတားတယ် ….။ ပုံတွေလည်း တင်လို့ရပြီ…။ အိုကေပြီထင်တာပဲ ….။ လိုတယ် ထင်တာလေးတွေလဲ ပြောခဲ့ကြပါဦး…။

အရမ်းအားနာပါတယ်

တောင်ရေးမြောက်ရေး ကမြောက်ကခြောက် စာလေးတွေရေးဖို့ ခဏခဏ ပြောင်းနေရတာ အားနာလှပါပြီ…။ ဒီတခါ စိတ်ထိန်းထားပါ့မယ်….။

လိုက်ခဲ့နော်

လေးမကို ချစ်တဲ့ …ခင်တဲ့…သူငယ်ချင်းတွေ လေးမ ပြောင်းတဲ့နောက် လိုက်ခဲ့ကြဦးနော်…( မုန့်ကျွေးမယ် ….။) :)

4 comments:

Monday, November 12, 2007

Bye Bye Blogspot

နှုတ်ဆက်ခဲ့ပါပြီ ... Blogspot ရေ...။ မခင်တွယ်လို့မဟုတ်ပါဘူး ...။ “ချောင်းကိုပစ်၍ မြစ်ကိုရှာ ” တာလည်းမဟုတ်ရပါဘူး ...။ နှေးကွေးလွန်းတဲ့ connection....။ တခါတရံ ကျိုးသွားတတ်တဲ့ ခိုးတက်ရတဲ့ လှေကား ....။ တဖက်အိမ်ကို Import လုပ်လို့မရတော့တဲ့ အခက်အခဲတွေ ကြောင့် ... သူငယ်ချင်းတွေရဲ့ comment တွေကို နှစ်သက်လွန်းတဲ့ ... တစုတဝေးတည်းသိမ်းထားချင်တဲ့ လေးမ ဟာ နေရာသစ် (တတိယမြောက် အိမ်သစ်) ကို ပြောင်းရွှေ့ သွားပါပြီရှင်...။ ။

7 comments:

Sunday, November 11, 2007

Fearful - Fearless

ကြောက်ရမယ့်အကောင်

chaosလေးက …. ချစ်မ …ဘာကောင်တွေကြောက်လဲ သိချင်တယ်…ဆိုမှ … လေးမ ဘာကောင်တွေကြောက်လဲလို့ ပြန်မေးမိတယ်….။

စစ်စစ်ပေါက်ပေါက် စဉ်းစားကြည့်တော့ အကောင်အားလုံးကို ကြောက်သလိုပဲ… တကယ်ပြောတာ … စဉ်းစားကြည့်ရင် အားလုံးက ကြောက်စရာကြီး..။

နောက်တကြိမ် သေချာပြန်ဆန်းစစ်ကြည့်တော့ ဘာကောင်မှ မကြောက်ဘူး…။

ဟုတ်တယ်… သူ့ နေရာသူနေ… သူ့ လမ်းသူသွားနေလို့ကတော့ သရဲရော ..လူရော…အကောင်တွေရော… ဘာမှ မကြောက်ဘူး….။

လေးမကို ရန်ပြုလာရင်တော့ အားလုံးကိုကြောက်တယ်….

အဲဒီတော့ လေးမက အားလုံး ကို ကြောက်ရမယ့် အချိန်ဆိုရင်ကြောက်တယ်… မကြောက်ရမယ့် အချိန်ဆိုရင် မကြောက်ဘူး … ( လောလောဆယ်တော့ သရပါတံခါးမှာ စောင့်နေတဲ့ နတ်ကြီးတွေကို ကြောက်လို့ ..@#%^##@@ …. )

9 comments:

Saturday, November 10, 2007

The man at the hostel

မိန်းကလေးဆောင်က အစ်ကိုကြီး …

တရံရောအခါက မန်းချယ်ရီဆောင်မှာလေ ….

ည ၈ နာရီလောက် သူငယ်ချင်းတစ်ယောက်က တိုးတိုးလေး လာပြောတယ် … ။ တဖျတ်ဖျတ်တောက်သွားတဲ့ မျက်လုံးတစ်စုံ နဲ့  ချက်ချင်းပဲ ထလိုက်သွားလိုက်တယ်… ။ အခန်း နံပါတ် ( ရ…) ရှေ့ အရောက်မှာ တတောက်တောက်ခေါက်လိုက်တယ် … ။ ဆံပင်ကုတ်ဝဲလေးနဲ့  ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာပေါ်လာတဲ့အခါ … “ ငါလည်း မေးချင်လို့ ..” … ။

အခန်းရှင်က ခေါင်းတချက် ဆတ်အပြမှာ ဆွေ့ ကနဲ အခန်းထဲကိုရောက် … ၀ရန်တာက အုပ်စုထဲမှာပူးပေါင်းလိုက်ပါတယ် … ။ “ ကြာပြီလား…” လို့ ဘေးကတစ်ယောက်ကို မေးလိုက်တော့.. ခုမှစတာ…” တဲ့ …။ သူတို့ အားလုံး မှန်တချပ်ကို အာရုံ စိုက်နေကြတယ် …။ မှန်ပေါ်မှာ A to Z နဲ့  1 to 10 ရေးထားတယ်… ၀ိုင်းထိပ်မှာ ထိုင်နေတဲ့ ကောင်မလေးဆီက အသံထွက်လာတယ်… ။

“ ရောက်ပြီလား…” လက်ညှိုးသုံးချောင်းတင်ထားတဲ့ ကျားပရုပ်ဆီဘူး အနီဝိုင်းလေးက 'Y' ဆိုတဲ့ နေရာလေးကိုရွေ့သွားတယ် … ။

“ခုရောက်နေတဲ့သူက ယောက်ျားလား…မိန်းမလား…” ' M ' …

အစ်ကိုကြီးပေါ့… ညီမလေးတို့ မေးတာတွေ သေချာဖြေပေးမှာလား… ' Y '

ကဲ…မေးကြပြီ… ။ “ … စာမေးပွဲအောင်မှာလား…” “ ဂုဏ်ထူး ဘယ်နှစ်ခုပါမှာလဲ ….” …။

ရိုးရိုးသားသားမေးခွန်းတွေကုန်တော့ ( မိန်းကလေးတို့ ထုံးစံ အတိုင်း) ဆန်းဆန်းပြားပြား မေးခွန်းတွေ ဆက်ပါလေရော … ။ “ အစ်ကိုကြီး…အခု ….. ကို ကြိုက်နေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ…” “ ဒီဝိုင်းထဲမှာ ဘယ်သူအရင် စွံမှာလဲ … ” “ ….ရဲ့ ဖူးစာရှင်က ဘာလုပ်လဲ …” …အဲသလို..အဲသလိုတွေပေါ့နော်…။

ကိုယ့်အလှည့်ပြီးတော့ သူ့ အလှည့် …။

“အစ်ကိုကြီးက ဘယ်တုန်းက သေတာလဲ …” ….19…

“ ဘာလို့သေတာလဲ …” ......

“နာမည် ဘယ်လိုခေါ်လဲ ” ' Thura '

“ အစ်ကိုကြီးက ဘယ်နားမှာနေတာလဲ ” at your hostel

“ ဟင် … ဘာလို့ မိန်းကလေးဆောင်မှာနေတာလဲ …” want to protect my sisters…

အဆောင်ရဲ့ဘယ်နားမှာနေတာလဲ ” the tree over there , at the corner

“ အဲဒီသစ်ပင်မှာ ဘယ်နှစ်ယောက် နေတာလဲ ဟင်…” “ 11 ” … ဘုရား… ကြက်သီးကဖြန်းကနဲ … ရင်ထဲမှာလှပ်ခနဲ ဖြစ်သွားတယ် … ဘုရား…ဘုရား အဲဒီသစ်ပင်က ငါ့ အခန်းနဲ့  တန်းနေတာပဲ…ဒါကြောင့် လေတိုက်ရင် အရမ်းလှုပ်တာ …။

“ အစ်ကိုကြီးမှာ ရည်းစားရှိလား … ” Y

“ ချောလား…” Y , can you help me ?

“ ဘာကူညီရမှာလဲ …” pls, call her … here's her phone no. ------- အားလုံး ကြက်သေသေသွားတယ်…။

“ အစ်ကိုကြီးရယ် တခြားဟာ ခိုင်းနော်…။” No, you must… you asked me many questions .... so do it for me …. “

“သေလိုက်ပါတော့…ပြသနာတော့စပြီ…ဘယ်လိုလုပ်ကြမလဲ…” “ ရတယ်…သူ့ ကို ပြန်ခိုင်းလိုက်တော့မယ် …. ”

သရဲကို ဘယ်လိုပြန်ထုတ်မှာပါလိမ့်…ခေါ်တုန်းကတော့မမီဘူး… သေချာမှတ်ထားမှ…. ၀ိုင်းထိပ်က ကောင်မလေးက မျက်နှာထားတည်တည် နဲ့ ခပ်တည်တည် ရွတ်လိုက်တယ်….

“ YOU MAY GO…"

ဒါပဲ…။ သရဲနှင် ဂ်ါထာကလည်း လွယ်လိုက်တာ…။

“ရှိသေးလား..” Y ....

အားလုံး မျက်နှာငယ်လေးတွေနဲ့  ဖြစ်သွားတယ်….။ ၃ခါလောက် ပြန် ခိုင်းလဲ မရဘူး… နောက်ဆုံးဖုန်းဆက်ပေးပါမယ်လို့  ကတိပေးမှပဲ ထွက်သွားရော … ။ နောက်တနေ့  ဖုန်းဆက်တော့ သူပြောတဲ့ နာမည်လည်းမရှိဘူး…. ။ နောက်တနေ့ … “ဟဲ့ …ညက ငါ အိပ်မက် မက်တယ်… ဟိုအစ်ကိုကြီးက အမျှလိုချင်တယ်….” တဲ့ …။ ဟုတ်မဟုတ်တော့ မသိ … သင်္ကန်းလေးတစ်ထည် ဘုန်းကြီးကျောင်းသွားလှူပြီး အမျှဝေပေးကြရတယ်…. ။

အစ်ကိုကြီး ကတော့ ကျွတ်လား မကျွတ်လားမသိ…. အဆောင်သူလေးတချို့ က တော့ လပြည့်…လကွယ်… လေတိုက်လို့  လှုပ်နေတဲ့ သစ်ပင်ကြီးကို မြင်ရင် … အစ်ကိုကြီးကို သတိရပြီး ကြက်သီးထတတ်တယ်…။ ခွေးတွေ ပျင်းလို့  အူရင်လည်း… အစ်ကိုကြီး နဲ့  ဘော်ဒါတွေကို မြင်လို့  အူတာ လားလို့  တွေးကြောက်တတ်တယ် ….။ တခါတလေ လကွယ်ညတွေများ ခွေးတစ်အုပ် သစ်ပင်ကြီး ကို ကြည့်ပြီးအူလိုက်လို့ ကတော့ စောင်ခေါင်းမြီးခြုံ ပြီး အိပ် …. ခြေထောက်တောင် မဆန့် ရဲလို့  ကွေးကွေးလေး အိပ်ရတယ် … ။ လေးမ နဲ့  မိ ကတော့ နောက်နောင် ဘယ်တော့မှ Glass spirit မမေးတော့ဘူး… ။ ဖျာလိပ်နတ်ကတော့ အမှတ်မရှိဘူး…ကြုံရင်ကြုံသလို ၀င် မေးလိုက် သေးတယ်….။ ။

ဒီပို့ စ်လေးကို Halloween တုန်းက ကိုရန် က အမှတ်တရ ရေးကြဖို့  တိုက်တွန်းလို့  အစပျိုးထားတာ…။ နောက်တော့ ဘလော့ခ် အားလုံးက ခြောက်လွှတ် ကြတာနဲ့ လေးမ အရမ်းကြောက်သွားလို့  ဆက်မရေးဖြစ်ဘူး…။ အခု အကြောက်ပြေသွားလို့  လက်စသပ်ပြီး… လာလည်တဲ့သူတွေကို ခြောက်လွှတ်လိုက်ပြီ…။ ၀ါး….ဟား….ဟား…..ဟား……။

8 comments:

Monday, November 05, 2007

My words

မှာတမ်း…

မောင်ရေ… မေ … သေသွားရင်လေ
အလွမ်းတွေသီ
မျက်ရည်ကြည်တွေနဲ့ 
မငိုပါနဲ့ နော် …။
မောင်ရေ… မေ … သေသွားရင်လေ
တမ်းတ ရည်မှန်း
သီချင်းတွေနဲ့ 
မလွမ်းပါနဲ့ နော် …။
မောင်ရေ… မေ … သေသွားရင်လေ
မေချစ်တဲ့ နှင်းဆီတွေပျိုး
ခေါင်းရင်းမှာ
မထိုးပါနဲ့ နော် …။
မောင်ရေ… မေ … သေသွားရင်လေ
သဘာဝကို အံတု
အုတ်ဂူနဲ့  ပိတ်လှောင်
ပိန်းပိတ်အောင် မမှောင်စေနဲ့ နော် …။
မောင်ရေ… မေ … သေသွားရင်လေ
အိပ်စက်ရာ မြေပုံထက်
မိုးစက်တွေဆော့ကစား
နှင်းစက်တွေ ပြေးလွှားပါစေ နော် … ။
မောင်ရေ… မေ … သေသွားရင်လေ
ငှက်ကလေးတွေ တေးဆို
ပန်းကလေးတွေ ငိုကြတာကို
ဘယ်သိနိုင်ပါ့မလဲနော် … ။
မောင်ရေ… မေ … သေသွားရင်လေ
မောင်လွမ်းလို့ကျန်ရစ်
အရူးတပိုင်းဖြစ်မယ်ဆိုလည်း
ဘယ်သိနိုင်ပါ့မလဲ နော် … ။
မောင်ရေ… မေ … သေသွားရင်လေ
အရာမထင်တဲ့ အရာတွေနဲ့ 
ကမ္ဘာအပြင်ဘက်က ၀ိညဉ်အတွက်
စက္ကန့် တွေ တန့်  …
ငှက်ကလေးတွေ
လန့်မသွားပါစေနဲ့ နော် …။
မောင်ရေ …
ကမ္ဘာတည်တဲ့ အချစ်ဆိုတာလေ
ဒဏ္ဍာရီမှာပဲ ရှိတာပါ ကွယ် …
မေ့အတွက်
ကမ္ဘာတည်သရွေ့ ဆိုတာ မလိုအပ်ပါဘူး …
နောင်ဘ၀အထိလို့လဲ အပိုမပြောဘူး …
အသက်ရှင်နေသရွေ့ လို့လဲ ပညတ်ချက်မထားဘူး …
မောင် ချစ်နိုင်သရွေ့ ပေါ့နော် …။

မောင်ရေ… မေ … သေသွားရင်လေ
………..။ ။
ဝန်ခံချက် ။ ။ ဖတ်ဖူးသော song ဟုအမည်ရသော ကဗျာတစ်ပုဒ်မှ အစဆွဲထုတ်ပါသည် …။

14 comments:

Sunday, November 04, 2007

What's in Layma's Bag?

မမဂျစ်တူးပေါ့ ... အိတ်ထဲမှာ ဘာတွေပါလဲ တဲ့ ...။ လွယ်နေကျအိတ်ကို ကမန်းကတန်း မှောက်ချလိုက်ပြီး ထွက်လာတာတွေ ကြော်ငြာလိုက်ပြီနော် ...။ ဒီအိတ်က လေးမ အများဆုံးလွယ်ဖြစ်တဲ့ အိတ် ...။ မေမေက အရူးလွယ်အိတ် လို့ခေါ်တယ် ... ။ ပြည်တွင်းဖြစ် ... နှစ်ဖက်လှ ... လျှော်လို့ရ ... ခါးပိုက်နှိုက်ခံရဖို့လွယ်ကူသော အိတ် ...။ အိတ်ထဲမှာ ဘာတွေရှိ တတ်သလဲဆိုတော့ ...

my-bag.jpg

1. tissue ( မြန်မာပြည် ရုံးခန်းများအတွက်မရှိမဖြစ် …၊ စားပြီး ၀ါးပြီးရင် မရှိမဖြစ်… )
2. iPod ( ဒါကြီးက မတော်တဆရောက်နေတာ … သိပ်တော့နားမထောင်ဖြစ်ဘူး …)
3. mobile phone ( အားကုန်နေတာနဲ့  … ဆက်သွယ်မှု ပြင်ပ ရောက်နေတာ … များတယ် … )
4. dental floss ( စားပြီး…၀ါးပြီးရင်..လိုရမယ်ရ )
5. a comb ( ဆံပင်ပွမှာစိုးလို့ … )
6. glasses ( သူပါမှ သဲသဲကွဲကွဲ မြင်ရတာ … သူမပါရင် အမြင်မကြည်ဘူး…)
7. candy ( ဗိုက်ဆာရင် စားဖို့ )
8. keys (ဒါကတော့ သိုက်နန်းကိုခတ်တဲ့ သော့တွေ)
9. ball pen ( မှတ်ဖို့ … မဂျစ်နဲ့ များကွာပါ့ … မြန်မာပြည်မှာ အလုပ်လုပ်တော့လည်း…ဘောပင်နဲ့  … မှတ်စုစာအုပ်နဲ့ … )
10. umbrella for weather protection ( လူရိုက်လို့လဲရတယ် … ကျောင်းတုန်းကတော့ စာလိုက်ပေးရင် ထီးနဲ့ ရိုက်လွှတ်မယ်လို့ တေးထားတာပေါ့…)
11. shine control film ( မျက်နှာလေး…သန့်နေဖို့….အဆီစုပ်ယူဖို့…)
12. a book to read (အားရင်ဖတ်ဖို့ ဆောင်ထားတာ … စာအုပ်ခပ်သေးသေးတစ်အုပ် (မြန်မာလိုပဲဖတ်တာများပါတယ်… ဒီစာအုပ်က ဖတ်နေတာကြာလှပြီ… )
13. notes book ( မှတ်ချင်တာလေးတွေ မှတ်ထားတယ်…)
14. wallet to save money (ဒီထဲမှာ ပိုက်ပိုက်ရှိတယ်… ဒီအိတ်လေးက ချစ်သူက လက်ဆောင်ပေးထားတာ … ဟောင်းနေပေမယ့် သွားလေရာယူသွားတယ် ( ပိုက်ပိုက်ပါလို့… )

Chaos နဲ့  မိုးချစ်သူလေးတို့ရဲ့ အိတ်ထဲမှာရော ဘာတွေပါလဲ သိချင်လိုက်တာ ….။
ကိုနတ်ဆိုးနဲ့  ကိုသန့် အိတ်ထဲမှာရော ဘာတွေရှိပါလိမ့် …။ ။



7 comments:

ငယ်ငယ်တုန်းက...

မမ ချစ်လေပြေ က ငယ်ကျိုးငယ်နာတွေ ဖော်ခိုင်းနေတယ်…။
လေးမ ငယ်ငယ်တုန်းက အရမ်းလိမ္မာတာ …။ လေးမ ကို ရိုက်မယ့် တုတ်တွေက အိမ်ရဲ့ နေရာတိုင်းမှာ ရှိတယ် … ။ လေးမ အပြစ်လုပ်ရင် လုပ်တဲ့ နေရာမှာ ချက်ချင်း ရိုက်နိုင်အောင် အမေက စီစဉ်ထားတာ …။ လေးမ ကလည်း အမေလစ်တိုင်း တုတ်တွေကို ချိုးပြီး လွှင့်ပစ်နေကျ …။ ပထမတော့ ကြိမ်လုံး … နောက်တော့ ၀ါးခြမ်းပြား … ဘာမှ အလွယ်တကူမရှိရင် အမေ့ရဲ့ လက်ဝါးနဲ့  တွေ့ တာပဲ … ။ လေးမ အတွက် ဆိုရိုးစကားရှိတယ် …။ “ လေးမ အရိုက်မခံရသေးရင် နေမ၀င်ဘူးတဲ့ ” … ။ လေးမ အရိုက်မခံရတဲ့နေ့ ဆိုတာ တရက်မှ မရှိဘူး … ။
ပိုအသည်းယားစရာ ကောင်းတာက အမေက ရိုက်ရင်း “ ကြောက်ပြီလား … နောက်လုပ်ဦးမလား …” လို့မေးတိုင်း …“ တုတ်ကြောက်တယ်….တုတ်ကြောက်တယ်….” လို့  အော်ငိုတတ်တယ် …။ မခံချင်တဲ့ အမေက “ ငါ့ကိုကြောက်ပြီလား..လို့..” ထပ်မေးတဲ့ အခါတိုင်း ….“ တုတ်ကြောက်တယ်….” လို့ပဲ ပြောတတ်လို့ ခေါင်းမာတဲ့ ကလေးလို့ မှတ်ချက်ပေး ခံခဲ့ရတယ် ….။ (နာအောင်လုပ်တာ အမေ မဟုတ်ဘူး….တုတ်လို့ လှည့်တွေးတတ်တဲ့ ) ကိုးလိုးကန့်လန့် တွေးတတ်တဲ့ အတွေးတွေက အဲဒီကတည်းက အစပျိုးချင်နေပြီ ထင်ပါရဲ့ …။
လက်တွေ့ ကြုံမှ ယုံတတ်တဲ့ အကျင့်ဆိုးလေး ကလည်းရှိသေးတယ် …။ “မီးပူကိုမထိနဲ့  ပူတယ်နော်” ဆိုရင် လက်ညှိုးလေးနဲ့  အသာလေး တို့ကြည့်ဖြစ်အောင် တို့ကြည့် လိုက်သေးတယ် … ။ ဆော့တာကတော့ ကလေးသဘာဝ ဆော့ခဲ့တာ အစုံပဲ …။ ညီမ နှစ်ယောက်ဆိုတော့ ယောက်ျားလေးတွေ လိုတော့ စွန်လွှတ်…ဂေါ်လီလှိမ့် …မဆော့ခဲ့ရဘူး …။ ပိတောက်ပင်လေး တက်ရုံ … အပေါ်ထပ်ကနေ အောက်ထပ်ကို လက်ရန်းက လျှောဆင်းလာရုံလေး နဲ့ တောင် အဒေါ်တွေက လေးမ ကို မျောက်ရှုံးတယ်တဲ့ …။ မမလေပြေလို တူတူပုန်းတိုင်းတော့ သိပ်မကစားဖြစ်ဘူး …။ လေးမ ကစိတ်မရှည်ဘူး … အကြာကြီး ပုန်းနေရတာ … အကြာကြီး ရှာနေရတာကို စိတ်မရှည်ဘူး … ။ ပြေးတမ်း လိုက်တမ်း ကစားဖြစ်တာ များတယ်….။ ဘယ်တုန်းက စ ကစားလည်း ဆိုတော့ လေးဖက်တွားသွား ကတည်းက စကစားတာ … အစ်မ နောက်ကို လေးဖက်တွား လိုက်တာ … မေးစေ့မှာ ကြမ်းကြားညှပ်ပြီး ဟက်တက်ကွဲသွားတဲ့ သေရာပါ အမာရွတ်လေးနဲ့  … ။
လေးမ ငယ်ငယ်က ခဏခဏ စိတ်ကောက်တယ် … ( ခုလည်းကောက်တာပဲ… တချို့  ဘလော့ခ်ဂါ တွေကိုတောင် လေးမ ကောက်နေတာ…ဟီး…ဟီး ) လေးမရဲ့ ငယ်နာမည်တွေထဲမှာ “ကောက်ချိတ်” ဆိုတဲ့နာမည်လည်း ပါတယ်…။ တော်ပြီ… တော်ပြီ…ငယ်ငယ်တုန်းက အကြောင်းတွေ အကုန်ပြောလို့မဖြစ်ဘူး … ဘော်ဘော်တွေ အော့ကြောလန်ပြီး လေးမကို သူငယ်ချင်း မလုပ်ချင်တော့ရင် ဒုက္ခ ….။ ။

4 comments: