သူ့မယား ငိုခဲ့လျှင် ( အဟမ်း..အဟမ်း..)
ကိုးနတ်ရှင်ကြီးက ပျာယီးပျာယာ….
ဟိုအရေး ဒီအရေး မတွေးမမျှော်…
ဖြတ်ခနဲဆို တက်လိုက် ကျလိုက်…
ဒက်ခနဲဆို ရပ်လိုက် ဖြတ်လိုက်…
Proxy ကို multi ထားပေမယ့်
ဂျာမဏီကို ထော်လာဂျီမောင်းသွားရသလိုပဲ
loading… loading…. ဟင်း…ဟင်း..
အမယ်မင်း…အဟင့်..အဟင့်…
ဘယ်တော့များမှ
မျက်နှာငွေလ ရွှင်ပပနှင့်
လေးမ ၀မ်းမြောက်ရပါအံ့...။ ။
မှတ်ချက်။ ။ ဘကြီး ဦးပုညရေ… စာလုံးတွေ ယူသုံးထားတာ ဆူနဲ့နော်…။
9 comments:
မမ..ငိုချင်း..ကဗျာကိုဖတ်သွားတယ်..မျက်နှာငွေလရွှင်ပပနှင့်ဝမ်းမြောက်ပျော်ရွှင်ပါစေ..... :D
အမကြီးရေ ငိုချင်းဖတ်ပြီးရီသွားတယ်ဆိုရင် ဆူမှာလားဗျ။ မဆူနဲ့နော် :P ဆူရင် လက်ဖက်ခြောက်ခတ်လိုက် :D ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)
ဟား..ဟား.. လေးမရဲ့ ခေတ်သစ် ငိုချင်းက ကောင်းမှကောင်း.. ငါ့ညီမလေးရဲ့ ဒီလို အပြောတွေ မဖတ်ရတာကြာပြီ.. အဲဒါတွေကြောင့် ခိုက်နေတာ.. :)
တက်လိုက် ကျလိုက် ဆိုလို့  စိန်ဈေးလားလို့  ဟားဟားး ကိုးနတ်ရှင်ကြီးကို။
ဂျာမဏီက ထော်လာဂျီမောင်းပါ့မလားးဗျ ကျနော်လည်းလိုက်မယ် ဟိုရောက်ရင် မုန်းဟင်းခါးဝယ်ကျွေးးး။
အမယ်မင်း…အဟင့်..အဟင့်…အဟွတ် အဟွတ် အဟက် အဟက် ၀ိုင်းပြီး ငိုပေးတာ။
မမလေးရေးတာလေးတွေက တအားကောင်းတယ်.. ဟာသလေးလည်းပါတယ် ပြောချင်တာလည်း ပြောဖြစ်တယ် ဘေးကင်းရန်ရှင်းလည်း လွတ်တယ်.. ကောင်းပါတယ် ဗျို့....
ကောင်းပါ့ဗျာ... ၀မ်းတောင်နည်းသွားပြီ။ မန်ကျီးဖျော်ရည်သောက်မှ။
အမလေးမရေ ငိုချင်းလေးကို အိမ်လေးလဲထောက်ခံနေပါတယ်...:)
အမ အမြန်ဆုံးပဲ မျက်နှာငွေလ ရွှင်ပပနိုင်ပါစေနော် ဆုတောင်းပေးပါတယ်...:)
ကောင်းတယ် ဗျို့….
အမယ်မင်း…အဟင့်..အဟင့်…
ထော်လာဂျီ လေးမ
မျက်နှာငွေလ ရွှင်ပါစေ
နိုနဲ့ တစ်တစ် ။ မချိပြုံးကြီးနဲ့ ရီနေလိုက်။ ၂၂ ရာစုမှာ ကောင်းလာမယ်တဲ့။ စောင့်နေလိုက် ။ တကယ် ငိုရမှာက ဦးပုညပါ။ သူ့စာလုံးတွေ ပျက်သွားလို့ :P
Post a Comment