အသစ်မရေးဖြစ်သေးလို့ တစ်ချိန်တုန်းက မပန်ဒိုရာရဲ့ “ ဘာသာပြန်ကြည့်ဦးမလား ” အစီအစဉ်မှာ အာချောင်ခဲ့ဖူးတဲ့ လက်ရာဟောင်းလေးကို ဖုန်သုတ်ပြီး ပြန်တင်လိုက်ပါတယ်…။ သစ် ချင်ယောင်ဆောင်တာပါရှင်…။
Love or lust.
Perhaps a memorable start.
Enjoy your sweet moments.
Just be conscious.
We shall depart.
ပန်ဒိုရာ
-----------------------
သိပါတယ်…ခွဲကြရမှာ ၊
(ဒါပေမယ့်)
ပျော်ခဲ့တယ်.….ချိုလွန်းလို့ ပါ ၊
အမှတ်တရလို့ ဆိုမလား….သတိရဖို့ ဆိုမလား ၊
(အဲဒီပြဇာတ်မှာ)
အချစ်ပါလား….ရမက်ပဲလား….။
လေးမ
အဲဒီကဗျာရေးပေးခဲ့တော့ အရီးပန်က “ နာမည်ကလည်း ပြောင်းပြန်…ကဗျာ ဘာသာပြန်တော့လည်း ပြောင်းပြန်….” ဆိုပြီး အသိအမှတ်ပြုခဲ့တယ်…။ ။
မှတ်ချက်။ ။ တခြားဘလော့ဂ်ဂါတွေလည်း ရေးထားသေးတယ်… ဒီမှာက မူရင်း..။
9 comments:
ကဗျာလေး အားပေးသွား ပါတယ် မလေးမရေ....
အဲဒီပြဇာတ်မှာ
အချစ်ပါလား..ရမက်ပဲလား..။
အစ်မရေ။ အချစ်တွေပဲ ပါပါစေနော..။ :)
မကြီးပန်ဆီမှာလည်း ဖတ်ခဲ့ပြီဗျို့ ။ အားလုံးတစ်ယောက်တစ်မျိုးစီ ကောင်းကြတာပါပဲလား။
တို့ဂိုဏ်းချုပ်ကြီးကတော့ အမိုက်ဆုံး ကဗျာကိုပြောင်းပြန် ပြန်ထားပေးလို့ :P ပျော်ရွှင်ပါစေအမကြီးရေ :) :)
ကဗျာလေးက ဟောင်းပေမယ့် ...
ကောင်းဆဲပါ။
လာရှုပ်တယ် မလေးမရေ။ ဘာသာတော့ ပြန်ရေး မပေးတော့ဘူး။ သေချာတယ် မူရင်းကဗျာပါ ပျက်လိမ့်မယ် :D
အသေချာကြီးကိုသိနေတယ်…ခွဲကြရမှာ ၊
(ဒါပေမယ့်ပေါ့လေ
ပျော်ခဲ့တယ်.….ဆေးသကြားမပါတဲ့ ပျားရည်လိုချိုလွန်းလို့ ပါ ၊
အချစ်ပါလား….ရမက်ပဲလား….။
မသိဘူးလေ ရေးချင်တာရေးလိုက်တာ အဒေါ်ကြီးလည်း ကြွတ်ခုတ်နေတယ်....။
ဂိုဏ်းချုပ်ကအချောင်ခိုနေတော့ ဂိုဏ်းသားတွေလည်းပျင်းတယ်။
တစ်ယောက်တစ်မျိုးစီဘာသာပြန်ရေးထားတာကောင်းတယ်မမရေ...စိုးမိုးလိုက်ဖတ်ပြီးပြီ,,, :P
>နွေကဗျာ... ကျေးဇူးပါ နွေ...။
>လွမ်းစေ ... ဟုတ်ကဲ့ပါ..။
>ညိမ်းညို... ဇောက်ထိုးပြန်ရင် ပိုမိုက်မှာ...။
>ကိုအညတရ ... ဟောင်းပေမယ့် ဖုန်သုတ်ထားတယ်..။
>ကျန်စစ် ... ကျေးဇူးတင်လိုက်တာ..၀င်မဖျက်သွားလို့...။ :P
>မောင်မျိုး... ဂိုဏ်းသားတွေက ဂိုဏ်းချုပ်ကို အတုမခိုးရဘူးလေ..။ ငါပြောသလိုလုပ်..ငါလုပ်သလိုမလုပ်နဲ့..။
>စိုးမိုးရေ..ဟုတ်တယ်..တစ်ယောက်တစ်မျိုး..လက်သံပြောင်ကြတယ်..။
ချစ်တယ် စွဲလန်းမူးယစ်တယ်
အား မေ့ဖို့ခက်လွန်းတယ်
ချိုမြိန်လိုက်တဲ့ အချိန်တွေရယ်
သိလျက်နဲ့လေ
ဝေးကိုဝေးရမှာ
Post a Comment