၁၉၁၅ …ဖေဖော်ဝါရီလ ..၁၃ ရက် မှာ စနေသား မောင်ထိန်လင်း … လူ့လောက ကို စတင် ၀င်ရောက်လို့လာပါတယ်…။
နောင်တစ်ချိန်မှာ ပြည်ထောင်စုဗိသုကာ…လွတ်လပ်ရေးဗိသုကာ ဖြစ်လာမယ့် လေးနှစ်သား မောင်ထိန်လင်းရဲ့ အမှန်တရား မြတ်နိုးမှုကို အမှတ်တရ ကူးပြလိုက်ပါတယ်…။
မောင်ထိန်လင်း၏ မိခင်သည် အိမ်တွင် စပါးများ ၀ယ်လှောင်ထားပြီး ကျေးလက်တောရွာမှ လူများအား တဆင့် ရောင်းသည်..။
တနေ့ ၀ယ်သူများက ဈေးဆစ်ရာ “…ကိုင်း..မင်းတို့ ဒါလောက်လိုချင်နေမှ ငါလျှော့ပေးလိုက်မယ်..။ ဒီစပါးကို ငါဝယ်တုန်းက ခြောက်ဆယ်ဈေးနဲ့  ၀ယ်ထားရတယ်။ ဒါပေမယ့် မင်းတို့ကို ငါးဆယ်ဈေးနဲ့ ပေးလိုက်ပါ့မယ်” ဟုပြောရာ.. မောင်ထိန်လင်းက “ ဟာ ..အစ်မကလဲ..မဟုတ်တာပြောရော့မယ်။ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့  ၀ယ်ထားတာ ကျွန်တော် သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ်၊ လိမ်ပြောတာ မကောင်းဘူး”…ဟု ခပ်တည်တည် ၀င်ပြောလိုက်လေသည်…။
ထိုသို့သော မောင်ထိန်လင်းသည် အရွယ်ရောက်လာချိန်မှ သေဆုံးချိန်အထိ တဖွဖွ ပြောလေ့ရှိသောစကားမှာ
“ လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု..ပဲ ဖြစ်တယ်…”…။ ။
I Pay My Respect to This Architect !!!
5 comments:
ဒီစာကို ဖတ်ပြီး တစ်မိနစ် ငြိမ်သက်၍ အလေးပြုသြွးပါတယ် ။
ကျေးဇူးတင်ပါတယ်။
ရင်ထဲမှာ...အမြဲတမ်း..ကိုးကွယ်သင့်တဲ့စကားပဲ...ကျေးဇူး..တယ်ရင်း...
မှတ်သားစရာတွေမှတ်သားသွားတယ်နော်..မမ...
မှတ်သားသွားပါသည် ..
ကျေးဇူးပါ..
>ကိုမင်းထင်... လေးမလည်း ငြိမ်သက်ရုံ ပါပဲ...။
>ငပေါက် ... သယ်ရင်းလေး.. အပြောလွယ်ပြီး လိုက်နာဖို့ ခက်တဲ့ စကားပါပဲကွယ်...။
>စိုးမိုးလေး.နဲ့ ရွှန်းမီ.. .လိမ်မာတဲ့ ညီမလေးတွေ ချမ်းမြေ့တဲ့ ဘ၀ ပိုင်ဆိုင်နိုင်ပါစေ..။
Post a Comment