Sunday night က ကိုရင်ညိန်း အငြိမ့်ပွဲ သွားကြည့်တာ ပွဲခင်းထဲမှာ နှုတ်ခမ်းနီဗူးပျောက်သွားလို့  အွန်လိုင်းမတက်တော့ပါဘူးဆိုမှ ကြောင်မျိုးက အိမ်ရှေ့  လာအော်တယ်…။ မိတ်ဆွေ ရင်းချာကြီးက အော်တော့လည်း နှုတ်ခမ်းနီ မဆိုးဘဲ အိမ်ရှေ့ ထွက် ရပ်ရတော့မှာပေါ့လေ …။
မောင်မျိုးရေ… လေးမက သူများ အကြောင်းပဲ ပြောချင်တာ… ဒီတစ်ခါ ကိုယ့်အကြောင်းကိုယ်ရေးရမှာပါလားနော်…။ ရေးပြီ … ရေးပြီ …။
ကိုယ့်နာမည်------------- လေးမ
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် -------------- မမလေး.. လေးမ… မလေးမ… ချစ်မ… မမ .. အစ်မ ... ညီမ..
ဒီမှာနေတယ်------------- လူ့ ပြည်
အလုပ်အကိုင် ------- ထင်ချင်သလိုထင်
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- မဆက်နဲ့ 
(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)
အရောင်ဆိုရင် ----------အပြာလို့  ထင်တာပဲ
အ၀တ်အစားဆိုရင် ----------သူ ၀ယ်ပေးတာ
အစားအစာဆိုရင် ----------မုန့် ဟင်းခါး ၊ မြန်မာမုန့် များ ၊ ဘိုမုန့် များ
ပစ္စည်းဆိုရင် ----------ကွန်ပြူတာ
သီချင်းဆိုရင် ----------ခံစားချက် တစ်စုံတစ်ရာပေးနိုင်သော သီချင်းများ
စာရေးစာဆရာ ----------ဂျူး
စာအုပ် ----------- အချစ် ၊ ရာဇ၀င် ၊ ရသ စာပေ
Life style ----------အကြိုက်ဆုံးကတော့ လုပ်ချင်တာ လုပ်လို့ ရတဲ့ဘ၀ ၊ အဖြစ်ချင်ဆုံးဆိုရင်တော့ အေးရာ အေးကြောင်းနေလို့ ရတဲ့ ဘဝ
ကိုယ့်ရဲ့ဝါသနာ ----------အားကစားလုပ်ရတာနဲ့  စကားပြောနေရတာကလွဲရင် တော်တော်များများ ၀ါသနာပါပါတယ်
အလိုချင်ဆုံးလက်ဆောင် ---------- နှင်းဆီပန်း ရောင်စုံ အများကြီး
ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- လေးမ ၊ ကောင်းကင်
ကိုယ့်ရဲ့ အလေးစားဆုံးသူက ----------အဖေ နဲ့  အမေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ----------မိ ၊ ယောင်းမ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ----------အမေ
ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- မိသားစုကို ခွဲတဲ့သူ
ရင်အခုန်ဆုံးအချိန် ---------- ရည်းစားစကား ပြောခံရချိန်
အကြောက်ဆုံးအချိန် ---------- သရဲကားကြည့်တဲ့ အချိန်
အပျော်ဆုံးအချိန် ---------- သူငယ်ချင်းတွေနဲ့  ကစားကွင်းသွားတဲ့ အချိန်
အမှတ်တရနေ့ ---------- မင်္ဂလာဆောင်တုန်းက
အချစ်ဆိုတာ ---------- လျို့ ဝှက်ချက်တစ်ခုပါ
အမုန်းဆိုတာ ---------- နာကျင်မှုကြောင့် ဖြစ်တည်တယ်… (အမုန်း )ဖြစ်တည်မှုကြောင့် နာကျင်ရတယ်
အလွမ်းဆိုတာ---------- ပြီးခဲ့တာတွေကို ပြန်သတိရနေတာမျိုး
သံယောဇဉ်ဆိုတာ---------- တစ်ယောက်နဲ့  တစ်ယောက် မြင်တွေ့  ဆက်ဆံ … အဆက်အသွယ်ရှိနေချင်တာ…
ဘ၀ဆိုတာ ---------- ရုန်းကန်နေရမယ်… ငြိမ်သက်မနေရဘူး
သူငယ်ချင်းဆိုတာ---------- သူငယ်ချင်းပါပဲ
ချစ်သူဆိုတာ ---------- ချစ်ချင်တဲ့သူ
ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ---------- သဘောကောင်း မနောကောင်း
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- မရှိဘူး… ဘာကိုမှ မဆွဲထားဘူး… ခံယူချက်က အချိန်နဲ့  အမျှပြောင်းလဲနေတယ်
အပြောချင်ဆုံးစကားတစ်ခွန်း ---------- ဘလော့ဂ်မှာ ပို့ စ်အတင်ကျဲပါမယ်… အမြဲ လာလည်ကြတဲ့ မိတ်ဆွေတွေ အားလုံးကို သိပ်ကျေးဇူးတင်တယ်… ဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ကွန်ပြူတာရှေ့ မှာ ငုတ်တုတ်ထိုင်ရင်း ပိုင်ဆိုင်ရအောင် သူငယ်ချင်းတို့ က ကူညီပေးခဲ့တယ်…။ ကျဲမယ်… နည်းမယ်… ဒါပေမယ့် ရှိနေမယ်…။
သတိတရ ရေးခိုင်းတဲ့ မောင်မျိုး နဲ့  မွန်လေး ကို ကျေးဇူးတင်ပါတယ်..။
မှော်ဆရာ ... အပန်းမကြီးဘူးဆိုရင် မှော်ဆရာအကြောင်း ပြောပြစေချင်ပါတယ်..။
14 comments:
ကျဲမယ် နဲမယ်လား တို့အစ်မကတော့ပြတ်တယ် ၊ အော်ဒါနဲ့ပျောက်သွားတဲ့ နှုတ်ခမ်းနီဗူးက ကိုကောင်းကင်ကြီး ပြန်ဝယ်ပေးပြီးပြီဆို :)
ကောင်ကြီးကို ချစ်ကြောင်း ခဏခဏ ကြွားတယ်နော် :P သဘောကောင်း မနောကောင်းတဲ့ အစ်မလေးမ ရေးပေးတာကျေးဇူးပါ ။
အယ်...မှားတွားလို့  ကောင်ကင်ကြီးလို့ ရိုက်တာ :D
ဘိုတင့် လာပြောလို့ မလေးမ က Tag ထားတယ် ဆိုတဲ့ အကြောင်းနဲ့ မလေးမ အကြောင်း လာဖတ်သွားခဲ့ပါတယ်ဗျာ။
ဘာကိုမှ စွဲကိုင်မထား တဲ့ ဆောင်ပုဒ်ကိုတော့ သဘောအကျဆုံးပဲ။ လွတ်လွတ်လပ်လပ် ရှိတာပေါ့။
ချစ်သော ကောင်းကင်ကြီးနဲ့ မလေးမတို့ ရိုးမြေကျသည်အထိ ပျော်ရွှင်နိုင်ကြပါစေဗျာ. :)
မလေးမ အကြောင်း လာဖတ်သွားပါတယ်..။
နှုတ်ခမ်းနီအသစ် အမြန်ဝယ်ဖြစ်ပါစေ..။ =)
ကျဲပေမယ့် နည်းပေမယ့် ဖျော်တိုက်ရင် သောက်မှာ .. အဲလေ..
ရှိနေရင် လာလည်မှာပါ။
မမ..မမအကြောင်းကိုတစေ့တစောင်းလာဖတ်သွားတယ်..မမတင်သမျှပိုစ့်တွေလာဖတ်နေမှာ
ပါအားပေးလျှက်ပါချစ်မမ.. ။ :)
အစ်မရဲ့ ဘ၀နဲ့ သံယောဇဉ် ကို အဓိပ္ပါယ်ဖွင့်တဲ့ပုံကို အရမ်းကြိုက်တယ်။ ပို့စ်အတင်ကျဲပေမယ့် အမြဲ အားပေးနေပါတယ်။ =)
မမလေး လို့ ခေါ်တတ်တဲ့ နာမည်တစ်ခုကို မေ့သွားပြီထင်တယ်နော်။ ရင်ထဲမကောင်းဘူး။ တကယ်တော့ လျှပ်စီးကြောင်း မိထားလို့... :)
မမလေးမ အကြောင်း လာရောက်ချောင်းမြောင်းဖတ်ရှုသွားပါတယ်
သဘောကောင်းတဲ့ ချစ်မရေ.. :D
ပို့စ်တင်ကျဲလည်း လာနေမှာပဲ အိုကေတယ်ဟုတ် .. :P
ချစ်မရေ
ချစ်ချင်တဲ့သူထဲပါချင်တယ်
ပို့စ်တင်ကျဲလဲ လွမ်းရင်လာမှာပဲ
နည်းပေ ကျဲပေမယ့်လည်း ရေးနော် မလေးမ
လေးမအကြောင်းဖတ်သွားပြီ။ ပို့်အတင် ကျဲပေမယ့် နည်းပေမယ့် လေးမရေးတာကို အမြဲအားပေးနေမှာ.. :)
မမ..အကြောင်းကိုလာဖတ်သွားတယ်..အားပေးနေမှာပါ.. :) :)
မမလေး.... မမလေး.... မမလေး.....
သြော်.... ဒီလို မခေါ်ဖြစ်တာတောင် တော်တော်ကို ကြာသွားပြီနော်....
ကျွန်တော့်ကို မှတ်မိသေးလား။
နေရာတွေ ပြောင်းလို့ google ပြီး မနည်းရှာလာတာ.... :D
အစစ အရာရာ အဆင်ပြေပါစေ။
tzm
Post a Comment