ဒီနေ၀င်တာ နောက်ထပ် ကြုံဦးမယ်
နေဟာထွက် ပြီးရင် ၀င်မယ်…
လူတွေဟာ ဆုံပြီးရင် ခွဲကြရမယ်… မွေးဖွားလာပြီးရင် သေဆုံးကြရမယ်…
ချိန်တန်လာရင် နုတ်ဆက်ရမယ် ဒီအတိုင်းပဲ
တစ်ချိန်ချိန်မှာ ကျွန်မတို့  ခွဲကြရမယ် … တစ်ချိန်မှာတော့ နုတ်ဆက်စကားပြောရလိမ့်မယ်…
ကျွန်မ ဘ၀ရဲ့ နေ၀င်ချိန်… ကျွန်မသေဆုံးသွားတဲ့ အချိန်မှာ “ ကို” အပါအ၀င် ကျွန်မ ချစ်တဲ့ သူအားလုံးကို ကျွန်မနုတ်ဆက်ခဲ့ရမယ်… ထားခဲ့ရမယ်ဆိုတာကို ခိုင်ခိုင်မာမာ လက်ခံထားနိုင်ခဲ့ပေမယ့် တကယ်တမ်း ရင်ဆိုင်ရတော့မယ်ဆိုတော့ ထင်သလောက် သတ္တိမရှိတော့ဘူး…။
သယ်ဆောင်ရာ ခြေလှမ်းတို့  နောက်ကွယ်
ထင်ကျန်နေတဲ့ တို့ ရဲ့ စိတ်တွေ ကြေကွဲ..
ကျွန်မရဲ့ ရုပ်ခန္ဓာကြီးက တကျိကျိတွန်းသွားတဲ့ ကုတင်လေးပေါ်မှာ ငြိမ်ငြိမ်လေးလိုက်ပါသွားပေမယ့် ကျွန်မရဲ့ စိတ်တွေက မိသားစုဆီမှာ… ကို့  ဆီမှာ… “ဒီအချိန်လွန်သွားရင် ပြန်တွေ့ ရပါဦးမလား..” “ ထားခဲ့ရပြီလား.” “ သွားရတော့မှာလား”…လို့  ကြေကွဲစွာတွေးနေမိတယ်… ။
အမှောင်ဝင်လာတဲ့ လမ်းထဲ
ကျွန်မ သွေးမကြောင်ပါဘူး… ကျွန်မ မကြောက်တတ်ပါဘူး.. … ဒါပေမယ့် မှောင်လိုက်တာ “ ကို” ရယ် … ကျွန်မကို သူတို့  ခေါ်သွားတဲ့ လမ်းလေးက မှောင်လိုက်တာ….။ ပြီးတော့.. အေးလိုက်တာ.. …။ ကျွန်မ မရင်းနှီးတဲ့ နေရာမှာ ကျွန်မ မနှစ်သက်တဲ့ ၀တ်စုံကြီးနဲ့  ကျွန်မ ဘယ်လောက်များ ကသိကအောက် ဖြစ်လိုက်မလဲ … “ကို ” တွေးကြည့်လေ …။
ယုံကြည်နေတဲ့ အသိတို့ေ၀၀ါးဆဲ
ကျွန်မ ဒီ အခန်းထဲက အောင်အောင်မြင်မြင် ပြန်ထွက်လာနိုင်မယ်… ကျွန်မ ဘာမှ မဖြစ်နိုင်ဘူး… အချိန်တစ်ခု လွန်မြောက်ပြီးသွားရင် “ကို”့ ကို ပြန်တွေ့ ရမယ်… ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာသထက်ခိုင်မာအောင် ကျွန်မ တည်ဆောက်နေတဲ့ အချိန်မှာ“ မတော်တဆများ”… ဆိုတဲ့ သံသယတွေက ကျွန်မရဲ့ ယုံကြည်ချက်တွေကို ယိုင်နဲ့  စေခဲ့တယ်…။
ကြုံတာကို ဆုံလိုက်ဖို့  အသင့်ပြင်လို့ ထားလဲ
ဝင်လာပါ ခေါ်လိုက်ဖို့  ခက်တယ်..
အရာရာ အဆင်သင့် မဖြစ်သေးခင် အချိန်လေး
တကယ်တမ်းကျတော့ ကျွန်မ အဆင်သင့် မဖြစ်သေးဘူး … ကို့ ကို ခွဲသွားဖို့  ..မိသားစုကို ခွဲသွားဖို့ … အဆင်သင့် မဖြစ်သေးပါဘူး…။ သေခြင်းတရားကို ၀င်လာပါလို့  ပြုံးပြုံးလေး ခေါ်လိုက်ဖို့  အဆင့်သင့် မဖြစ်သေးပါဘူး…။ ခဏနေပါဦး… သေခြင်းတရားရယ်… ကျွန်မကို ရှင်သန်ခွင့်ပေးပါဦး…။
မျက်ဝန်းတွေ နုတ်ဆက်လိုက်ဖို့  အားယူနေဆဲ
ကျွန်မ မျက်လုံးတွေ မမှိတ်ချင်သေးဘူး…။ ကျွန်မ နေပါရစေဦး..။ မမှိတ်ဘူး.. မပိတ်ဘူး… ကျွန်မ မျက်လုံးတွေ ပိတ်မသွားအောင် ကျွန်မ အားတင်းထားမယ်….။
နောက်ဆုံးတော့ ကျွန်မ အနိုင်ရခဲ့ပါတယ်…။ ကျွန်မ လွတ်မြောက်ခွင့်ရခဲ့တယ်…။ ကျွန်မ ရှင်သန်နိုင်ခဲ့တယ်…။ ကျွန်မချစ်တဲ့ သူတွေ ဆီကို ကျွန်မ ပြန်လာနိုင်ခဲ့တယ်…။ ကျွန်မ အိမ်ပြန်နိုင်ခဲ့ပါတယ်…။
ဒါပေမယ့်လေ…
ဒီနေ၀င်တာ နောက်ထပ် ကြုံဦးမယ်…
ဒီနေ၀င်တာ နောက်ထပ် ကြုံဦးမယ်… ။ ။
မှတ်ချက် ။ ။ ဒီနေ့  ကိုငှက်သီချင်း အိမ်ပြန်ချိန်များ နားထောင်ရင်း မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ heart touching songs အတွက် ပို့ စ်တစ်ပုဒ် ရေးဖြစ်သွားပါတယ်…။ ကိုငှက်က တစ်နေ့ တာ အတွက် ချစ်သူနှစ်ဦး လမ်းခွဲချိန်ကို ရည်ရွယ်ထားပုံရပါတယ်..။ လေးမကတော့ ၂၀၀၄ ခုနှစ်က ခွဲစိတ်ခန်း ၀င်တုန်းက ခံစားချက်ကလေးကို အခြေခံထားပြီး ရေးထားပါတယ်… သူ ခရီးထွက်နေတဲ့ အချိန်မှာ ရုတ်တရက် ခွဲစိတ်မှု ကြုံရတာ ဖြစ်တဲ့ အတွက် အရမ်းပဲ ၀မ်းနည်း စိုးရိမ်ခဲ့ရတဲ့ သောက လေးကို အခြေခံထားပါတယ်..။အဲဒီ အကြောင်း အရင် က I’m still ALIVE ဆိုပြီး မတောက်တခေါက် ရေးခဲ့ဖူးပါတယ်…။
17 comments:
•
သားကြွက် Aug 1st, 2008 at 11:51 am [Edit]
heart ထိတယ် ဒီအရေးသားက တစ်မျိုးလေး နုနုလေးနဲ့  တစ်ခါခါတော့ အိမ်ပြန်ချိန်ကိုပဲ တောင့်တနေမိတယ် အမေ့ အိမ်မဟုတ်ဘူးးး ဟိုအပြီးခေါ်သွားမယ့် သေမင်းရဲ့ အိမ်ကို
•
ဝေလေး Aug 1st, 2008 at 12:00 pm [Edit]
မမရေ..
ဒီလိုအချိန်တွေကြုံရအုံးမယ်နော်..
တွေးရင်းတောင်ကြောက်လာပြီ..
•
mmthinker Aug 1st, 2008 at 12:04 pm [Edit]
လေးမရေ၊ open source က ကူးတာပဲ ရပါတယ်။ ဗိသုကာ blogger တွေ ရှိရက်နဲ့ စွယ်စုံကျမ်းမှာ ဗိသုကာပို့စ်မတွေ့တာ ကျုပ်ဘဝင်မကျဘူးဖြစ်နေတယ်။ ဟန်သစ်ငြိမ်က ဘာသာပြန်မယ့် ကျမ်းကြီးကိုင်ပြီး လျှောက်သွားနေတာ ခုထိ မရေးသေးဘူး။
သင်ကာ
•
လင်း Aug 1st, 2008 at 1:33 pm [Edit]
မျှော်လင့်ချက်တွေဆုံရှုံးလိုက်ရတဲ့အချိန်မှာ နောက်ထပ်မျှော်လင့်မိတာက ကိုယ့်ဘ၀ရဲ့ နေ၀င်ချိန်။ အရှုံးပေးပြီး လောကထဲက ထွက်သွားလိုက်ချင်ပြီ
အိပ်ပြန်ချိန်များတဲ့ ဒီလိုခေါင်းစဉ်ဖတ်ရတိုင်း ဘာဖြစ်သွားမှန်း မသိဘူး။
နောက်နှစ်နှစ်ဆိုတဲ့ အချိန်ကို ဘယ်လိုများ ကျော်ဖြတ်ရပမလဲ အမရယ်...
အိမ်ပြန်ချိန်တိုင်းမှာ အမြဲနွေးထွေးချိုမြိန်နိုင်ပါစေခင်ဗျာ။
တကယ်တမ်းကျတော့ ကျွန်မ အဆင်သင့် မဖြစ်သေးဘူး … ကို့ ကို ခွဲသွားဖို့ 
အဟိ တို့အမကြီးကတော့ ကိုကောင်းကင်ကြီးကို ဒါလေးတွေနဲ့အမြဲချည်ထားတယ်
စိတ်မဆိုးနဲ့နော် အစ်မကြီး
စိတ်ဆိုးလဲ မကြောက်ဝူးးး
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
အင်း.. ဟုတ်တယ်ဗျာ. ကျွန်တော်လည်း အဲဒီကို သွားဖို့ အသင့် မဖြစ်သေးဘူး အစ်မရေ.. ခက်တာက ဘယ်အချိန် သွားရမလဲ ဆိုတာလည်း မသိဘူး. အကောင်းဆုံးကတော့ ဘယ်အချိန် သွားရသွားရ အသင့်ဖြစ်နေအောင် ပြင်ထားသင့်တာပါပဲဗျာ.
အားလုံး အားလုံး .. အချိန်တန်လာရင် နှုတ်ဆက်ရမယ်.. ဒီအတိုင်းပဲ။
နေကြပါဦးဗျာ သွားရမယ့် အကြောင်းမယ့်အကြောင်းတွေသိပ်မကြားပါရစေနဲ့.. ကိုယ်ပါတဖြေးဖြေးကပ်မှန်းသိရင် ဘာဆွဲလိုဘာကိုင်ရမှန်းမသိအောင် ဘာကိုမှ အဆင်သင့်မဖြစ်သေးဘူး...
တောထွက်မိတော့မယ်နော် ဟင်း.... :P
သီချင်းစာသား အလိုက်ပဲ တစ်ပိုဒ်ချင်းစိမှာ ကပ်ညှိပါလာအောင် ရေးသွားတဲ့ အရေးလေး ကြိုက်တယ် အစ်မရေ ၊ တစ်နေ့နေ့မှာတော့ မလွဲမသွေကြုံ ရတော့မယ် ၊ ကျွန်တော့်အတွက်တော့ ဒီပို့စ်လေးက ရင်ထဲကို တစ်ခုခု ထည့်ပေးလိုက်သလိုပဲ ၊ အားလုံးအဆင်ပြေပါစေ အစ်မရေ :)
မလေးမ..ရေးထားတာ ဖတ်ရင်းနဲ့ စိုးရိမ်လာတယ်။ ဒါပေမယ့် အဲဒီလောက် အခြေအနေဆို ဘလောက် ဘယ်ရေးနိုင် ပါ့မလဲ လို့စဉ်းစားမိတယ်။ ဟီး။ ပြီးတော့မှ သြော် သီချင်းခံစားတာနဲ့ ၂၀၀၄ ခုနှစ်က အဖြစ်အပျက်ကိုး လို့။
ဖတ်သွားတယ်ဗျ...ဒါမျိုး ရသများများလေးတွေ လုပ်ပါလေးမရ....ပြီးတော့ နည်း၂လေး ထပ်ရှည်ပေးပါဦးဗျ.....မဝတဝ မလုပ်နဲ့ဗျနော်...နောက်တာပါ....ကျန်းမာပါစေ
ခွဲသွားတဲ့သူကတော့...တခြားဘ၀မှာပျော်နေလောက်ပါပြီ....
ငါကတော့...တွေးမိတိုင်း..အကြောင်းအရာတိုက်ဆိုင်တိုင်း..
ငိုချင်တယ်....အော်..ဒီအချိန်မှာ...---------....ရှိနေမယ်ဆိုရင်...
ငါတို့မိသားစုတော်တော်ပျော်ရမှာနော်လို့........
ငါ.......................................................................မိ
တချိန်ကျနုတ်ဆက်ရမယ်ဆိုတာသိပေမဲ့ ...အခုတော့မနုတ်ဆက်ချင်သေးဘူး...
နော်မမ ..အဆင်ပြေပါစေ..။
တချိန်ချိန်မှာ ခွဲရမယ်ဆိုပေမဲ့ အဆုံးသတ်တွေကို ကြိုမတွေးချင်ဘူး။ ကျန်ရစ်ခဲ့ရတဲ့ သူက အမြဲတမ်း ပိုခံစားရတယ်။ ဘယ်လိုခွဲခွာခြင်းမျိုးနဲ့ ဖြစ်ဖြစ်လေ။
မလေးမရေ ..
မီ ဖတ်ပြီး ငိုချင်သွားလို့ ကော်မန့်တောင် မရေးဖြစ်ခဲ့ဘူး။
ချစ်မမရေ. . မီ သံဝေဂ မရချင်သေးဘူး။
လေးမရေ.. အဲဒါ. အဲဒါ ဘ၀သံသရာလို့ ဆိုရမလားပဲနော်.. ဘယ်အချိန်မှာ အားလုံးကို ခွဲခွာသွားရမယ်၊ လောကကြီးထဲက ထွက်သွားရမယ်ဆိုတာ ဘယ်သူမှ ကြိုမသိဘူးနိုင်ဘူး.. ဒါကြောင့် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်လို့ဆိုတာပေါ့။ အင်း.. တတ်နိုင်သလောက်တော့ ဘယ်သူ့ကိုမှလည်း မထားရစ်ချင်ဘူး.. ကိုယ့်ကိုလည်း ခွဲသွားမှာ မလိုချင်ဘူး လေးမရယ်.. :(
အင်းးးးးး
ခွဲခွာရမယ်ဆိုတဲ့ တစ်နေ့ကို မရောက်ချင်ဘူး
ဘယ်သူနဲ့ပဲဖြစ်ဖြစ် ........
ကိုယ်ချစ်တဲ့လူတွေကို မခွဲချင်သေးဘူး
အတ္တဆိုရင်လဲ မလွှတ်တမ်းဆုပ်ကိုင်ထားချင်သေးတယ်
>သားကြွက် .. သေမင်းဆိုတာ မသေချင်တဲ့ အချိန်ကျမှလာတတ်တာ...။
>ဝေလေး... မကြောက်ပါနဲ့ ကွယ်... အားလုံး ကြုံရမှာပဲ...။
>ကိုသင့် .. ဟုတ်ပ... ဘ၀င်မကျစရာပဲ...။
>လင်း... အယ်... နေ၀င်ချိန်ကို မျှော်ပါနဲ့  ... နေထွက်ချိန်ကို မျှော်ပါ..။
>ကျန်စစ် ... ဒီလိုပဲ ဂျောက်ဂျက်.. ဂျောက်ဂျက်နဲ့  ... တောင့်ခံထားပါ...။
>ညိမ်းညို ... ကဗျာဆရာ... ကေ့ကို ချည်ထားတဲ့ ကြိုးလောက် မတင်းပါဘူး.. ဟဲ..ဟဲ..။
>မှော်ဆရာ ... မှန်တာပေါ့... လေးမလည်း အသင့်မပြင်နိုင်သေးဘူး..။
>အညာသား .. ချိန်တန်လာရင် ဘိုင့်.. ဘိုင်...။
>ကိုပြခန်း ... ဟဲ...မကြောက်ပါနဲ့ ... ပုတီးဆွဲလို့  .. တရားခွေ ကိုင်ပေါ့လို့ ...။
>ကိုအတာ ... တောထဲက ကောင်တွေကို ဒုက္ခပေးမလို့လား...။
>ဘိုတင့် ... ရင်ထဲကို ဆင်ခြင်တုံတရားထည့်ပေးလိုက်တာ...။
>ပုံရိပ် .. သိနေတယ်လေ.. စိတ်ပူမယ်ဆိုတာ သိလို့  မှတ်ချက်ထည့်ပေးထားတာ...။
>ကိုညိုထက် ... ကို အမြဲမ၀တ၀ ဖြစ်အောင် လုပ်မိတယ်နော်...။ အဟီး.. မိုင်ကုန် ဆွဲဆန့်လိုက်မယ်... နောက်မှ...။
>မိ... အင်း.. ခုနေများ နင့်ကို .. ကိုကို မြင်ရင် ၀မ်းသာမှာနော်.. ငါတို့  ကိုကို ကျွေးတဲ့ မုန့် တွေစားပြီး ဘာမှ ပြန်မပေးနိုင်ခဲ့ဘူး..။
>စိုးမိုးလေး... ဟုတ်... နုတ်မဆက်သေးဘူး...။
>လင်း.. ဟုတ်တယ်... ကျန်ရစ်သူက ပို ခံစားရတယ်..။
>မီ.. မငိုပါနဲ့ ... မီ...။
>မနုစံ... အမှန်ပါပဲ ...မ ရေ..။
>ခေးရော့စ် .. ကြေးအိုးလေး ဆုပ်ကိုင်ထားချင်တယ်ဆိုတာ သဘောပေါက်ပါတယ်...။ :P
Post a Comment